images
UN
UN
စတာလင်အား ခေါ်ရန် ရီးရဲလ်မက်ဒရစ်စောင့်ကြည့်
Thursday, 11 October 2018
ရီးရဲလ်မက်ဒရစ်အသင်းသည် မန်စီးတီးအသင်းနှင့်စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးမှုများပြုလုပ်ရာ၌ အဆင်မပြေမှုများနှင့်ကြုံ တွေ့နေသော ကွင်းလယ်ကစားသမား စတာလင်အား ခေါ်ယူရန် စောင့်ကြည့်လျက်ရှိကြောင်းဂါးဒီးယန်းသတင်းဌာနကဖော်ပြသည်။
မန်စီးတီးနှင့်စတာလင်ချုပ်ဆိုထားသော လက်ရှိစာချုပ်သည် သက်တမ်းနှစ်နှစ်သာ ကျန်ရှိနေကာ မန်စီးတီးအသင်းတာဝန်ရှိသူ များက စတာလင်အား စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားပြီး ဖြစ်သည်။ သို့သော် စတာလင်၏အေးဂျင့်ဖြစ်သူက အသက် ၂၃ နှစ်အရွယ်သာ ရှိသေးသောစတာလင်အတွက် စာချုပ်သစ်တွင် တစ်ပတ်လုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည့်အပြင် တောင်းဆိုခဲ့သည့်ပမာဏမှာလည်း မြင့်မားနေခြင်းကြောင့် စာချုပ် သစ်ချုပ်ရန်အတွက် အဆင်မပြေမှုများနှင့်ကြုံတွေ့နေခြင်းဖြစ်သည်။ စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိခဲ့ပါက မန်စီးတီးသည် စတာလင် အား ¤င်း၏အမှန်တကယ်တန်ဖိုးထက် ဈေးနှုန်းများစွာလျှော့၍ ရောင်းချရဖွယ်ရှိနေသည်။
Ref ;Guandian