images
UN
UN
အိပ်မက်တွေဝေပါရစေ
ချစ်နိုင်(စိတ်ပညာ) Thursday, 11 October 2018
နိုင်ငံအနှံ့
**********
အနယ်နယ်အရပ်ရပ်မှာစာပေဟောပြော ပွဲတွေသွားရောက်ခဲ့ဖူးတာ အရှေ့ဆို တာချီ လိတ်၊ အနောက်ဆို စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ဖျားဆို ရေး၊ မြိတ်၊ ထားဝယ်နဲ့ ကော့သောင်း၊ မြောက် ဖျားဆို မိုးညှင်း၊ မြစ်ကြီးနား၊ ဖားကန့်၊ မူဆယ်နမ့်ခမ်း၊ လားရှိုးဆို သုံးလေးခေါက်။
ကိုယ့်ဇာတိကျေးရွာကိုတော့ တမြန်နှစ် ၂ဝ၁၆ ခုနှစ်ကျမှ ပထမအကြိမ် ရောက်ဖူး တယ်။ ရွာမှာ ဟောပြောတဲ့အခါ နောက် ၁ဝ ရက်လောက်ကြာရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါကာကို ၁ဝ ရက်ကြာ လေ့လာရေးနဲ့ ချစ်ကြည်ရေးခရီးသွားရ မယ်လို့ ဆွေမျိုးတွေမို့ ထည့်ပြောဖြစ်ခဲ့ တယ်။ အသိပေးတာ။
ဘင်္ဂလား
*********
ကြိုတင်လေ့လာဖတ်ရှုထားမိတာမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အကျယ်အဝန်း အားဖြင့် မြန်မာပြည်ရဲ့ ငါးပုံတစ်ပုံလေး သာ ဧရိယာရှိပေမယ့် လူဦးရေကတော့ ၁၆၆ သန်းကျော်ရှိတာဗျို့။ ဒါကာမက်ထရို ပိုလီတန်တစ်မြို့တည်းတွင် လူဦးရေ ၂၄ သန်းနေထိုင်ပါသတဲ့။ ကမ္ဘာပေါ်မှာလူဦးရေ အထူထပ်ဆုံးနဲ့ လူဦးရေအကြီးအကျယ် ပေါက်ကွဲနေတဲ့ တိုင်းပြည်တစ်ပြည်ဖြစ် တယ်။ မြန်မာရဲ့ အနောက်ဘက်ပိုင်း ရခိုင် ပြည်နယ်မှာ အန္တရာယ်များတယ်လို့ ပြောခဲ့ မိတယ်။ လာမယ့် ၂ဝ၁၈ ခုနှစ် အောက်တို ဘာ ၂၃ ရက် အင်္ဂါနေ့ ညမှာရွာရဲ့ တတိယ အကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပ မယ်။ အစ်ကိုကြီးလည်း ပါဝင်ပြီး လာပြော ပါဦးလို့ ဆွေမျိုးသားချင်းတွေက ဖိတ်ကြား တယ်။ လာစေချင်ရင် လာမှာပေါ့။ Óဏ် ပူဇော်ခပေးပေး မပေးပေး။
၂ဝ၁၆ ပထမအကြိမ် စာပေဟောပြော ပွဲတုန်းက ချစ်ဦးညို၊ မောင်သာချို၊ နိုင်ငံ ကျော်စာရေးဆရာကြီး နှစ်ဦးနဲ့အတူ မိမိ ဟောပြောခဲ့ရပါတယ်။ မနှစ်က ဒုတိယ အကြိမ်မှာတော့ ဦးဘုန်း (ဓာတု) နဲ့ ညီမင်း ညိုတို့ကို ဖိတ်တယ်လို့ကြားတယ်။ ဒီနှစ် သီတင်းကျွတ်မှာ မန္တလေးက ဆရာ ဆရာမ များအလှည့်လို့ သိရတယ်။ ဆရာနေဝင်းမြင့် နဲ့ဆရာမချောအိမန်တဲ့။ မိမိကိုလည်းခေါ်နေ တော့ ရွာခံအိမ်ရှင်အနေနဲ့ ပါဝင်ရမှာပေါ့။
တရုတ်ပြည်
**************
အောက်တိုဘာလ ရွာကိုပြန်ရပြီးရင် တော့ နိုဝင်ဘာမှာ ငါးရက်ခရီးက တရုတ် ပြည် ကွမ်တုန်ပြည်နယ်သို့ စာတမ်းတစ် စောင်ဖတ်ဖို့ အခုတည်းက လေ့လာစု ဆောင်း ပြင်ဆင်နေရတယ်။ အင်္ဂလိပ်လို ဖတ်ရမှာပါ။ ဟိုက ဖိတ်စာပို့တာ လက်ခံ ကြောင်းလည်း ပြန်ကြားထားပါပြီ။
သွား စရိတ်၊ နေစရိတ် အစစအရာရာ သူတို့က ကျခံမှာပါ။ တရုတ်နိုင်ငံကို ယခင်က လေး ခေါက်လောက်ရောက်ဖူးပါတယ်။ တစ်ကြိမ် လျှင် ၁၅ ရက်ခရီး၊ ၁ဝ ရက်ခရီး ပီကင်း၊ ရှန်ဟဲစတဲ့မြို့ကြီးတွေရော၊ ကူမင်း၊ နန် ကျင်း၊ စန်ကျားကန်၊ တာ့လျှမ် အစရှိတဲ့ မြို့အချို့ရော ရောက်ဖူးပေမယ့် ကွမ်တုံ ဘက်ကိုတော့ ဒါဟာ ပထမအကြိမ်ပါပဲ။ အင်္ဂလိပ်လိုရေးရင် ဂွမ်ဒေါင်းပေါ့။
တရုတ်ပြည်ဟာ လူဦးရေသန်း ၁၄ဝဝ ရှိနေပြီ။ လူဦးရေသန်း ၄ဝဝ ဟာ အဆင့် အတန်းမြင့်မြင့်နဲ့ ကောင်းကောင်းမွန်မွန် နေနိုင် စားနိုင်နေပါပြီ။ နောင်လာမယ့် ၂ဝ၅ဝ ပြည့်နှစ်မတိုင်မီမှာ သန်း ၁၄ဝဝ ကျော် တရုတ်နိုင်ငံသားအားလုံး ပြည့်ပြည့် စုံစုံချမ်းသြာ<ွကယ်ဝတဲ့ ဘဝကိုရောက်အောင် ထက်ထက်သန်သန် တက်တက်ြ<ွကြ<ွကကြိုး စားနေကြပါတယ်။ ၁၉၅ဝ-၁၉၆ဝ ကာလ များမှာ တရုတ်ပြည်သူတွေဟာ အစားဆင်း ရဲ၊ အနေဆင်းရဲ အင်မတန်နိမ့်ကျတဲ့ဘဝပါ ပဲ။ ထမင်းမစားနိုင်ကြပါဘူး။ ဆန်ပြုတ်ကို ပဲ ခွဲတမ်းချပြီး မဝတဝ ဝေမျှသောက်ခဲ့ကြရ တယ်။ ငတ်ပြတ်ပြီးသေကြတာလည်း အများကြီးပဲ။ ဆောင်းရာသီမှာ အနွေးထည် မရှိလို့ အအေးပတ်သေကြတာလည်း အများ ကြီးပဲ။ လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၇ဝ လောက် ပြင်းပြင်းထန်ထန် အလုပ်လုပ်ပြီး ကြိုးစားရုန်းကန်ခဲ့ကြရတယ်။
ဝင်ငွေကွာခြင်း
***************
ယခု တရုတ်နိုင်ငံသားတစ်ယောက်ရဲ့ တစ်နှစ်စာဝင်ငွေလစာဟာ မြန်မာနိုင်ငံသား တစ်ယောက်ချင်းစီရဲ့ဆယ်ဆရရှိတယ်။ ဂျီဒီ ပီပေါ့။ မြန်မာတစ်ဦးဟာ တစ်နှစ်ဝင်ငွေ တစ်သိန်းရနေစဉ် တရုတ်တစ်ဦးက ဆယ် သိန်းရတယ်ပေါ့။ပျမ်းမျှသဘောယှဉ်ပြတာ။
အလိုလေး၊ ဆယ်ဆတောင်များလှချေ လား။ မအံ့သြပါနဲ့။ စင်ကာပူနိုင်ငံသား တစ်ယောက် တစ်နှစ်စာရနေတဲ့ဝင်ငွေဟာ မြန်မာတစ်ယောက်ထက် ၁၂၄ ဆရှိပါ တယ်။ သူက ၁၂၄ သိန်းရနေကြတယ်။ စင်ကာပူကိုကျော်ချင်ရင် စာရေးသူ လက်ရှိ တစ်နှစ်စာဝင်ငွေကို(အနည်းဆုံး) ၁၂၅ ဆ တိုးပြီး ဝင်အောင် စီးပွားရေးခုန်ပျံကျော်လွှား တိုးတက်ရမှာဖြစ်ပါတယ်။ ကဲ-တကယ် လုပ်ကြမှာလား။
လောကမှာ မဖြစ်သေးတာပဲရှိတယ်။
မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။
ကြိုးစားရမှာ
*************
လူတွေရဲ့ ကြံစည်ကြိုးပမ်းနိုင်စွမ်းခွန် အား ဆိုတာ ကန့်သတ်ပိတ်ပင်ထားလို့မရ ပါဘူး။ (စင်ကာပူနိုင်ငံကို ဆရာနေဝင်းမြင့် လည်း စာပေဟောပြောပွဲတွေ သွားရောက် ဟောပြောခဲ့ဖူးပါတယ်)။ သူတို့လို စည်း ကမ်းရှိကြမယ်။ တရားဥပဒေကိုလေးစား လိုက်နာကြမယ်။ အချိန်ကိုတိတိကျကျ ရို သေကြမယ်။ အလုပ်ကိုအလုပ်နဲ့တူအောင် ပြည့်ပြည့်ဝဝ၊ တာဝန်ရှိရှိ အကောင်းဆုံး ထုတ်လုပ်ဖို့ရာ စေတနာထားပြီးလုပ်ဆောင် ကြမယ်။
သန့်ရှင်းသပ်ရပ်စွာနေထိုင်သွား လာကြမယ်။ ပညာလိုလား ကြိုးစားမယ်။ စာကြည့်တိုက်တွေကို အသုံးချပြီး လူကြီး ရော၊ ကလေးတွေရော စာပေလေ့လာဖတ် ရှုကြမယ်။
စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံဆိုတာက အကြောင်းတိုက်ဆိုင်လို့သာ နမူနာပြောရ တာပါ။ နိုင်ငံခြားသား၊ ခရီးသွားဧည့်သည် နှစ်စဉ်သန်း ၂ဝ-၂၄သန်းလာလည်တဲ့ ထိုင်း တို့၊ မလေးရှားတို့လိုဖြစ်လာအောင်(နှစ်စဉ် သုံးသန်း၊ လေးသန်းလာလည်တဲ့ မိမိတို့ နိုင်ငံက)ပိုပြီး လေးဆငါးဆကြိုးပမ်းကြရ မှာမဟုတ်လား။
ဂျပန်
*******
ဂျပန်နိုင်ငံကို ကျွန်တော်သုံးခေါက် ရောက်ဖူးပါတယ်။ တစ်ကြိမ်လျှင် ငါးရက် လောက်ကြာတာပေါ့။ ၂ဝဝ၆၊၂ဝဝ၇၊၂ဝဝ၈ ဆယ်နှစ်ကျော် ကြာခဲ့ပါပြီ။ ဂျပန်နိုင်ငံဟာ ငလျင်ဘေးဒဏ်၊ မုန်တိုင်းဘေးဒဏ်တွေ ကြားက ရှင်သန်တိုးတက်အောင် ကြိုးစား ခဲ့ရတာ။ ၁၉၄၅ ခုနှစ်မှာ စစ်ရှုံးပြီး အနင်းခံ အချေခံ နိမ့်ကျခဲ့ရတာ နှစ်ပေါင်း၇ဝအတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ အာရှထိပ်သီးနိုင်ငံ ဘဝရောက်အောင် ဂျပန်နိုင်ငံသားတွေ ကြိုး စားရုန်းကန်ခဲ့ကြတယ်နော်။
- ဇွဲသိပ်ရှိတယ်။
- အချိန်တိကျတယ်။
- အလုပ်ကြိုးစားတယ်။
- စည်းကမ်းအထူးကောင်းတယ်။
- မျိုးချစ်စိတ်ထက်သန်တယ်။
- အမျိုးဘာသာစာပေကို အလွန်ချစ် တယ်။
- မခံချင်စိတ်ရှိတယ်။
- အမျိုးသားချင်း စည်းလုံးတယ်။
- စက်မှုထွန်းကားလို့ စက်ရုပ်တွေကို အများဆုံးအသုံးပြုနေတဲ့ နိုင်ငံတစ်ခု ဖြစ်နေပြီ။
- အရာရာမှာ စနစ်ကျတယ်။ အရည် အသွေး ဦးစားပေးတယ်။
ဂျပန်နိုင်ငံရောက်ဖူးတယ်ဆိုပေမယ့် တို ကျိုမြို့ ရှင်ဂျုကုမြို့နယ် ခေးအိအိုပလာဇာ အထပ် ၄ဝ ဟိုတယ်မှာပဲ အစည်းအဝေး တက်၊ သုံးရက်လုံးလုံး စာတမ်းတွေဆွေး နွေး၊ အချိန်ကုန်တာပါ။ ပြင်ပ ယိုကိုဟား မားမြို့နဲ့ ကမာကုရာဘုရားကြီးပဲ သွားဖူး ဖူးခဲ့ပါတယ်။ သုံးကြိမ်ရောက်ပေမယ့် အခြားမြို့တွေ၊ အခြားကျွန်းတွေကိုမရောက် ခဲ့ မမြင်ခဲ့ရပါဘူး။ ဒါပေမဲ့ ခရီးမသွားခင် ကြိုတင်လေ့လာ ပြင်ဆင်ရတာမို့ ဂျပန်နိုင်ငံ ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပထဝီ၊ သမိုင်း၊ အနုပညာ၊ စာပေ၊ ယဉ်ကျေးမှုများ ကို စာတွေ့အနေနဲ့ အများကြီးဖတ်ရှုဖြစ်ခဲ့ တာပေါ့လေ။ သူတို့အကြောင်း ကောင်း ကောင်းသိထားမှ သူတို့နဲ့ဆက်ဆံရတဲ့အခါ အဆင်ပြေချောမွေ့မှာ မဟုတ်လား။ ပြင် ဆင်မှုကောင်းမှ အဆင်ပြေတာလေ။
မကွာလှပါ
***********
ကျွန်တော့်တူမလေးတစ်ယောက် (ကြီး နီရွာမှာ မွေးဖွားတဲ့ ကြီးနီရွာသူပဲ) ယခု ဂျပန်နိုင်ငံမှာ စိုက်ပျိုးရေးပညာ ပိုးမွှားဗေဒ ဘာသာရပ်တစ်ခု သင်ယူနေဆဲ Ph.D ဒေါက်တာဘွဲ့အတွက်စာတမ်းရေးနေတယ်။ ဂျပန်တက္ကသိုလ်မှာ သူသင်ယူရတာ အခြား ဂျပန်တွေ၊ အခြားနိုင်ငံများမှ ပညာသင် ကျောင်းနေဖော်တွေထက် ဘာမှမညံ့ဖျင်းပါ ဘူး။ (အသားညိုတာ၊ အရပ်ပုတာတစ်ခုပဲ ပြောစရာရှိမှာပေါ့)။ Óဏ်ရည်လည်းမကွာ ဘူး။ စွမ်းဆောင်ရည်လည်း မကွာဘူး။ စိတ်နေသဘောထား၊ ကိုယ်ကျင့်တရား၊ ကျင့်ဝတ် လူ့တန်ဖိုးတွေလည်း ဘာမှမကွာ ခြားပါဘူး။ မြန်မာလူမျိုး သာမန်တစ်ဦး ချင်းဟာ လူရာဝင်ပါတယ်။ လူတန်းစေ့ပါ တယ်။ ဘာမဆို ယှဉ်နိုင်တာပဲ။
ဘာကြောင့် ဆင်းရဲနိမ့်ကျ အခြားနိုင်ငံ တွေထက် အောက်တန်းနောက်တန်း ရောက် နေရတာလဲ။ အားမနာတမ်းပြောမယ်နော်။ ဘယ်လိုမှတော့ မအောက်မေ့ကြနဲ့။ ချစ်လို့ ပြောတာမှတ်ပါ။
ကိုယ့်တစ်ရွာလုံးဟာ ကိုယ့်ဆွေမျိုးသား ချင်းတွေချည်းပဲ။ ပွင့်ပွင့်လင်းလင်း ပြော ရမှာပဲ။ ဆင်းရဲနေတာ ဆင်းရဲနေခြင်းမှာ ကျေနပ်ရောင့်ရဲနေကြလို့ပါ။ ဒီလိုပဲနေကြ တာပေါ့။ ဟုတ်လား။
အဓိပတိတရားလေးပါးမှာအားနည်း နေလို့ပါဗျာ။ (တိတိကျကျသိချင်ရင် ရွာဦး ကျောင်းက ဆရာတော်ဘုရားထံမေးပါ) ဒါကြောင့် ဒီဘဝဒီအခြေရောက်နေတာ။ ဘဝဆိုတာ ကံပစ်ချရာနေထိုင်ကျင်လည်ကြ ရတယ်မှန်ပေမယ့် ဘဝကိုတန်ဖိုးရှိအောင်၊ တိုးတက်အောင်၊ မြင့်မားအောင်၊ ပျိုးထောင် ပြုပြင်တည်ဆောက်ပြီး ပြောင်းလဲလို့ရ တယ်။ ယုံကြည်ရမယ်။
သဘောထား
*************
ပြောင်းလဲရင်ရတယ်လို့ နားလည်ရ မယ်။ ပြောင်းလဲမှ၊ ငါကိုယ်တိုင် ပြောင်းလဲ မှ။ ''ငါကစပြီးပြောင်းလဲရမှာပါကလား'' သိရမယ်။ သိရုံနဲ့တော့မရသေးဘူး။ ကနေ့ ကစလို့ ငါ့ဘဝအသစ်တစ်ဖန်ပြန်လည်မွေး ဖွားပြီ။ ဒီလို မှတ်ယူ။
''အရှင်လတ်လတ်ငုတ်တုတ်ဘဝပြောင်း လို့ရသလား ဘကြီးဦးချစ်နိုင်ရဲ့''မေးလေ။
''ရသပေါ့ ငါ့မြေးလေးရယ်။ ဆန္ဒာ ဓိပတိနဲ့စတင်ရမယ်။ မွေးဖွားခြင်းနဲ့ သေ ခြင်းအကြားရှိ ဒီဘဝတစ်ခုမှာ ဘကြီးဟာ မြေးတို့လိုပဲ ဒီရွာမှာမွေး၊ ဒီရွာမှာကြီးလာ ခဲ့တာလေ။ တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား ဒီနိုင်ငံသွား ဒီနိုင်ငံခြားသားတွေနဲ့ပြောဆိုပေါင်းသင်း ဆက်ဆံလာခဲ့မှ ငါတို့လည်းသူတို့လိုပဲ တိုးတက်ကြီးပွားအောင်၊ ချမ်းသာကြွယ်ဝ အောင် တန်းတူရည်တူလုပ်ဆောင်နိုင်စွမ်း ရှိတာပဲဆိုတဲ့အချက်ဟာ ခိုင်မာသည်ထက် ပိုမိုခိုင်မာလာပါတယ်။ (မလေးရှားမှာ တစ် နှစ်ကြာနေခဲ့ဖူးပါတယ်)
ပြောင်းပါ
*********
စိတ်သာရှင်စော ဘုရားဟောပဲကွ။ စိတ်ကိုပထမဦးဆုံးပြင်လိုက်စမ်းပါ။''ငါတို့ ကခပ်ညံ့ညံ့တွေပါ။ အကြွေးဗရပျစ်နဲ့ ကျွန် ဖြစ်နွံနစ်နေတာနဲ့သေသွားကြမှာပဲ''ဆိုတဲ့ အားလျှော့အရှုံးပေးတဲ့ ''သဘောထား အ