images
UN
UN
လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ဖို့ရာမှာ အဆင့်ဆင့်သောကော်မရှင်အဖွဲ့ခွဲတွေက သမာသမတ်ကျပြီး ဥပဒေနဲ့အညီရပ်တည်ဖို့လို
ထက်မြတ်(မန္တလေး) Thursday, 11 October 2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်များအကြောင်းနှင့် လက်ရှိပြည်တွင်းတွင်ဖြစ်ပေါ်နေသော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ အောက်တိုဘာ ၁၁ ရက်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းတွင် မဇ္ဈိမ၊ RFA ၊ DVB ၊ The Voice ၊ 7 Days ၊ Myanmar Times စသည့်သတင်းမီဒီယာများနှင့်တွေ့ဆုံမေးမြန်းမှု ဖြေဆိုသည့်အစီအစဉ်ကို ပြုလုပ်ခဲ့သည်။
============================================
မေး။ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဘယ် နှနေရာကို ဝင်ရောက်ယှဉ်ပြိုင် မလဲ။
ဖြေ။ နိုင်ငံတော်က လုပ်လိုက်တာ တော့ ၁၃နေရာပေါ့။ ကျွန်တော် တို့ပါတီအနေနဲ့ကတော့ ၁ဝ နေရာကို ဝင်ပြိုင်ပါမယ်။ ကျန်တဲ့သုံးနေရာမှာ တော့ ပြည်နယ်တွေမှာတော့ ဖက်ဒရယ် စနစ်နဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ပြည် ထောင်စုကိုသွားနေတဲ့အတွက် ကျွန်တော် တို့ပါတီအနေနဲ့ လက်တွေ့ပြလိုက်တာ ပါပဲ။ ဆိုလိုတာကတော့ ပါတီကြီးတွေ ဖြစ်တယ်ဆိုပြီးတော့ နတ်နေကိုင်းတောင် မကျန်အောင် ဝင်အရွေးခံတာမျိုးမဟုတ် ဘဲနဲ့ ဒီ ၁၃ နေရာရှိတဲ့နေရာမှာ ပြည်နယ် လွှတ်တော်တွေမှာ တိုင်းရင်းသားပါတီ တွေအနေနဲ့ရွေးချယ်အောင်နိုင်ဖို့ရာ ရည် ရွယ်ပြီးတော့ ၁ဝ နေရာကိုပဲ ဝင်ပြိုင် တာဖြစ်ပါတယ်။
မေး။ ဘယ်နေရာတွေက အတိုက်အခံ တွေဖြစ်မလဲ။ အားအကောင်း ဆုံးနေရာတွေ ဖြစ်မလဲ။
ဖြေ။ အပြိုင်အဆိုင်လုပ်ရမယ့်နေရာ တွေက မြင်းခြံပေါ့နော်။ အဲဒီမှာ ဆိုရင် တစ်ဖက်ပါတီကလည်း Strong ဖြစ်တဲ့နယ်မြေလိုဟာမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီကလည်း အင်တိုက် အားတိုက်ဆောင်ရွက်နေတဲ့နေရာဖြစ်ပါ တယ်။ ဒီလိုအင်တိုက်အားတိုက်ဖြစ်တဲ့ နေရာမှာလည်း သက်ဆိုင်ရာတာဝန်ရှိသူ တွေနဲ့ တရားဥပဒေစိုးမိုးရေးကို ကြပ် ကြပ်မတ်မတ်ဆောင်ရွက်ပေးဖို့ ကျွန် တော်တို့အနေနဲ့ ပြောကြားလိုပါတယ်။

မေး။ မဲဆွယ်ကာလမှ မဲဆွယ်ဟော ပြောပြီးတဲ့အခြေအနေမှာ ဘယ် လိုအနေအထားတွေရှိလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ကျွန်တော်တို့အနေနဲ့တော့ အား ရစရာကောင်းတဲ့ အရာကတော့ ကျွန်တော်တို့ပါတီဥက္ကဋ္ဌ ဦးသန်းဌေး မဲဆန္ဒနယ်တွေကိုသွားရောက်တဲ့အခါမှာ ပြည်သူလူထုထိတွေ့မှုတွေ ဟောပြောမှု တွေကိုပြုလုပ်နေပါတယ်။ ဆောင်ရွက် တဲ့နေရာတိုင်းမှာ အောင်မြင်မှုရရှိနေ ပါတယ်။ အောင်မြင်မှုရရှိနေတဲ့အပေါ်မှာ ကျွန်တော်တို့ကတော့ နေရာတိုင်းမှာ အောင်နိုင်မယ်လို့ ယုံကြည်ချက်နဲ့ဆောင် ရွက်နေခြင်းဖြစ်ပါတယ်။ အောင်မြင်မယ် လို့ ယုံကြည်မှုရဲ့ ပန်းတိုင်က ပြည်သူ လူထုရဲ့အဆုံးအဖြတ်ပေါ်မှာ မူတည်ပါ တယ်။
မေး။ ၁ဝ နေရာမှာ ဘယ်နှနေရာ လောက်နိုင်မယ်လို့ ခန့်မှန်းထား လဲ။
ဖြေ။ အနည်းဆုံးတော့ ကျွန်တော်တို့
ထက်ဝက်ကျော်လောက်မယ် လို့ ယုံကြည်ထားပါတယ်။
မေး။ မြင်းခြံမှာပါတီဆိုင်းဘုတ် ဖျက် ဆီးခံရတာနဲ့ပတ်သက်ပြီးနောက် ဆုံးဘာတွေလုပ်နေပါသလဲ။
ဖြေ။ မြင်းခြံမှာဖြစ်တဲ့ကိစ္စက အောက် တိုဘာ ၇ ရက်နေ့မှာဖြစ်ပါ တယ်။ စဖြစ်တဲ့အပေါ်မှာ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ၊ သက်ဆိုင်ရာမြို့နယ်ရဲ တပ်ဖွဲ့မှူး၊ ခရိုင်ကော်မရှင်အဆင့်ဆင့် သောတာဝန်ရှိပုဂ္ဂိုလ်များထံကို ဒီကိစ္စကို စုံစမ်းဖော်ထုတ်ပေးဖို့ ကျွန်တော်တို့ အကြောင်းကြားထားပါတယ်။အကြောင်း ကြားထားမှုအပေါ် သက်ဆိုင်ရာက ကြိုး စားပမ်းစားဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ အမှုက တရားခံမိမှ ဖွင့်လို့ ရမှာဖြစ်ပါတယ်။ တရားခံကို ကျွန်တော် တို့ အမြန်ဆုံး စုံစမ်းဖော်ထုတ်နေပါ တယ်။ တကယ်လို့ တရားခံမိလာရင် ဥပဒေနဲ့အညီ ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလို ဘာလို့ဆောင်ရွက်ရလဲဆိုရင် အခုလို ဒီမို ကရေစီစနစ်မှာ ဂုဏ်သိက္ခာရှိရှိ ယှဉ် ပြိုင်မှုကို ကြိုးစားဆောင်ရွက်နေတဲ့ နိုင်ငံ ရေးပါတီတွေကို အခုလိုဖျက်လိုဖျက်ဆီး အကျိုးပျက်စီးအောင် လုပ်ဆောင်နေတဲ့ မည်သူ့ကိုမဆို ကျွန်တော်တို့ပါတီက ရှုတ်ချ ကန့်ကွက်ပါတယ်။
မေး။ ဖျက်ဆီးခံခဲ့ရတာ ဘယ်နေရာ တွေမှာရှိသေးလဲ။
ဖြေ။ မနေ့(အောက်တိုဘာ ၁ဝရက်)
တုန်းကပဲ သပိတ်ကျင်းမှာ တစ်ခု ဖြစ်ပါတယ်။ ညနေ ၆ နာရီခွဲမှာ မူးနေတဲ့ တစ်ယောက်ကဖျက်ဆီးတာပါ။ ကျေးရွာကနေ ဝိုင်းဖမ်းပေးတဲ့အတွက် တရားခံမိပါတယ်။ ရဲကတော့ သူ့လုပ် ထုံးလုပ်နည်းနဲ့အညီ ဒီတရားခံကို အရေး ယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။

မေး။ တပ်မတော်အပေါ် အမြင် မကြည်တာတွေရှိခဲ့တယ်။ ပြည် ခိုင်ဖြိုးပါတီမှာလည်း ထိပ်ပိုင်း ခေါင်းဆောင်တွေမှာ တပ် မတော်က ခေါင်းဆောင်တွေ ဖြစ်နေတယ်။ ဒီလိုရောထွေးနေ တာကို ဘယ်လိုရှင်းထုတ်မလဲ။ ပြည်သူအမြင်ကြည်အောင် ဘယ်လိုလုပ်မလဲ။
ဖြေ။ ကျွန်တော်တို့ ပြည်သူအမြင် ကြည်အောင် ၁။ စစ်တပ်နဲ့
ပြည်ခိုင်ဖြိုးဆိုတဲ့ကိစ္စပေါ့နော်။ ကျွန်တော် တို့ဟာ ၂ဝဝ၈ အခြေခံဥပဒေနဲ့အညီ နိုင်ငံရေးပါတီများအနေနဲ့ရပ်တည်ရမယ် ဆိုတဲ့အချိန်ကစပြီးတော့ စစ်တပ်သည် လည်း စစ်တပ်ရဲ့ တည်ဆဲဥပဒေနဲ့ရပ် တည်သလို၊ ကျွန်တော်တို့ပါတီအနေနဲ့ လည်း ပါတီရဲ့ရပ်တည်မှုနဲ့ ရပ်တည် လျက်ရှိပါတယ်။ ဒါကို ပြည်သူတွေသိဖို့ လိုပါတယ်။ ၂။ ပြည်သူတွေအမြင်ရှင်း အောင်လို့ ကျွန်တော်တို့ပါတီမှာ ပြည်သူ အမြင်မရှင်းစေသော ကိစ္စတွေဖြစ်ပေါ် နေတယ်ဆိုရင် အမြင်ရှင်းသွားတဲ့အထိ ပြုပြင်ပြောင်းလဲမှုတွေကိုဥက္ကဋ္ဌဦးသန်းဌေး ကနေပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒါက လက်ရှိအခြေအနေပါ။ ၂ဝ၂ဝ ရောက်လို့နိုင်လို့ရှိရင်ရော ပြည်သူလူထု စိတ်ကျေနပ်မှုရှိသော ပြုပြင်ပြောင်းလဲမှု တွေကိုလုပ်ဆောင်ပြီး ယခုထက်ပိုမို ကောင်းမွန်တဲ့ ကြိုးစားဆောင်ရွက်ရင်းနဲ့ တပ်မတော်က တပ်မတော်တစ်ကဏ္ဍ၊ ပြည်ခိုင်ဖြိုးပါတီသည် ပါတီတစ်ကဏ္ဍ ဆိုတာကို ပြည်သူလူထုဟာ ကွဲကွဲပြား ပြားသိမြင်သွားပါလိမ့်မယ်။ သိမြင် အောင်လို့လည်း ကျွန်တော်တို့ ပြုပြင် ပြောင်းလဲမှုကို ၂ဝ၁ဝ ပါတီ ရပ်တည်တဲ့ အချိန်ကစပြီးတော့ ကျွန်တော်တို့ဆောင် ရွက်နေပါတယ်။ ပါတီထိပ်ပိုင်းခေါင်း ဆောင်တွေ၊ တပ်မတော်အရာရှိကြီးတွေ မေးခွန်းကိုပြောရမယ်ဆိုရင် ကျွန်တော် တို့ဆိုရင်လည်း လုံးဝအရပ်သားကနေ ပြီးတော့ ပါတီပိုင်းဆိုင်ရာမှာ လှုပ်ရှားနေ ပါတယ်။ ဒီလိုလူမျိုးတွေ ပါတီမှာ လှုပ် ရှားနေကြပါတယ်။ အခု လက်ရှိဆောင် ရွက်တဲ့ တပ်ကလူတွေဆိုတာကလည်း သူတို့တွေသည် တပ်ကထွက်လိုက်တယ် ဆိုကတည်းက အရပ်သားဖြစ်သွားပါပြီ။ အရပ်သားဖြစ်တဲ့အတွက် အရပ်သား စိတ်ဓာတ်နဲ့ တိုင်းပြည်ကို ဘယ်လို ကောင်းအောင်လုပ်ရမလဲ။ နိုင်ငံရေးအရ ဘယ်လိုလျှောက်လှမ်းရမလဲဆိုတာကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဒါ ကြောင့်မို့ ပြည်သူလူထု ကွဲကွဲပြားပြား မြင်ဖို့က တစ်ချိန်တုန်းက တပ်မတော်ပါ ဆိုတဲ့ဟာကို ဖျောက်ပေးကြပါတယ်။ ကျွန်တော်တို့လူကြီးများသည် တကယ်ကို ဒီမိုကရေစီကို အပြည့်အဝပေးနိုင်သော ပေးနေသောသူကြီးများဖြစ်ပါတယ်။ ဒီလို ကျင့်ကြံဆောင်ရွက်နေတယ်ဆိုတာ ကျွန် တော်တို့ရဲ့ ပထမအကြိမ် ပြည်ခိုင်ဖြိုး ပါတီဦးဆောင်ခဲ့သော အစိုးရသက်တမ်း က ဒီမိုကရေစီအခွင့်အရေးတွေပေး ဆောင်မှု၊ အခွင့်အရေးနဲ့အတူ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် မှုတွေအပေါ်မှာ မူတည်တဲ့ဟာကို လက် ရှိအခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်နိုင် ပါတယ်။ ဒါဆိုလို့ရှိရင် တစ်ဖက်ကရော တပ်မတော်အရာရှိတွေမပါဘူးလားဆိုတဲ့ မေးခွန်းထုတ်မယ်ဆိုလို့ရှိရင် သူတို့လည်း ပါသင့်ပါဝင်ပြီး ဆောင်ရွက်တာဖြစ်တာ ကိုတွေ့တဲ့အတွက် ဒါဟာ ပြည်သူလူထု ကပြောတာမဟုတ်တော့ဘဲ တစ်ဖက်က ကျွန်တော်တို့ကို ထိုးနှက်လိုသောအဖွဲ့ အစည်းကပြောတယ်လို့ပဲ ခံယူပါတယ်။
မေး။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂ဝ၂ဝ မှာ အနိုင်ရရှိခဲ့လို့ရှိရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင် ဆင်ဖို့ရှိလား။ ဆောင်ရွက်မယ် ဆိုရင် ဘယ်အချက်တွေကို ဆောင်ရွက်ဖို့ရှိလဲ။
ဖြေ။ ကျွန်တော်တို့အနေနဲ့က ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကို ပထမအကြိမ် လွှတ်တော်မှာကြိုးစား ခဲ့ပါတယ်။ မူအားဖြင့် သဘောတူထား ပြီဖြစ်ပါတယ်။ အဲဒီမူဟာ ဘာလဲဆိုတော့ ကျွန်တော်တို့အမျိုးသားရေးကို မထိ ခိုက်ဘူး။ အထူးသဖြင့်ကတော့ အချုပ် အခြာအာဏာထိပါးမယ့်ကိစ္စ၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုပြိုကွဲမယ့်ကိစ္စ ဒီလိုကိစ္စမျိုးတွေမထိဘူးဆိုရင် ကျွန်တော် တို့ပြင်ဆင်ဖို့အသင့်ပါပဲ။ ပြင်ဆင်ဖို့လည်း သဘောတူထားပြီးဖြစ်ပါတယ်။ အခုလုပ် နေတဲ့ ငြိမ်းချမ်းရေးညီလာခံမှာကို ကျွန်တော်တို့ကိုယ်စားလှယ်တွေက ဒီ သဘောထားအတိုင်းပဲ ပူးပေါင်းဆောင် ရွက်နေတာတွေရှိပါတယ်။ တကယ်လို့ ကျွန်တော်တို့တာဝန်ယူရမယ်ဆိုရင် ဒီ အကောင်အထည်ဖော်မှုတွေက ပြည်သူ လူထုစိတ်တိုင်းကျ ပြည်သူလူထု လိုချင်သော ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်တော်တို့ပါတီအနေနဲ့ ဆောင်ရွက်ဖို့ ရာ ဝန်မလေးပါဘူး။ ပြည်သူကောင်းဖို့ ရာဆိုလို့ရှိရင် ကျွန်တော်တို့ဟာ အမြဲ တမ်းပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။
မေး။ ရွေးကောက်ပွဲကော်မရှင်ကို သဘောမကျတဲ့အပိုင်းတွေ ရှိ တယ်ဆိုတယ်လို့ သိရတယ်။ အဲဒီအပိုင်းလေးတွေကို သိချင် ပါတယ်။
ဖြေ။ ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပတ်သက်လို့ လွတ် လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ် ဖို့ဆိုတာက ဒိုင်နေရာကဆောင်ရွက်တဲ့ ရွေးကောက်ပွဲကော်မရှင်က အရေးကြီးပါ တယ်။ ရွေးကောက်ပွဲကော်မရှင်ဆိုတဲ့ဟာ က အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲများ လည်းပါဝင်ပါတယ်။ လွတ်လပ်ပြီး တရား မျှတသောရွေးကောက်ပွဲဖြစ်ဖို့ရာမှာ အဆင့် ဆင့်သောကော်မရှင်အဖွဲ့ခွဲတွေက သမာ သမတ်ကျပြီး ဥပဒေနဲ့အညီရပ်တည်ဖို့လို သလို မဲရုံမှူးလုပ်တဲ့သူတွေကလည်း ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျဖို့လို ပါတယ်။ ကော်မရှင်အဖွဲ့ခွဲတွေ၊ မဲရုံ မှူးတွေကနေ ဒိုင်နေရာကဆောင်ရွက် ရတယ်။ UEC အနေန