images
UN
UN
ရခိုင်ပြည်နယ် ပေါက်တောမြို့ မြို့မရဲစခန်းတွင် ရဲတပ်သားတစ်ဦး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်သေဆုံး
TT Thursday, 11 October 2018
ရခိုင်ပြည်နယ် ပေါက်တောမြို့ မြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦး ယနေ့နံနက် ၈နာရီက မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ် သေဆုံးသွားကြောင်း သိရသည်။
ကိုယ့်ဟာကိုယ်ပစ်ခတ်သေဆုံးသွားသူမှာ ရဲတပ်သား အောင်မြင့် သိန်း အသက်(၂ဝ)ကျော်ခန့်ဖြစ်ပြီး ၄င်းအားဆေးရုံသို့ပို့ပြီး ရင်ခွဲစမ်း သပ်မှုပြု လုပ်ခဲ့ပြီး ယင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
''ကိုယ့်ဟာကိုယ် ပစ်ခတ်သေဆုံးသွားတယ်ဆိုတာ ဟုတ်ပါ တယ်။ ရဲစခန်းထဲ အရင်တုန်းကအချုပ်ခန်းပေါ့။ နှစ်ထပ်ဆောင်၊ အဲဒီမှာ လူပျိုဆောင်ရှိတယ်။ အပေါ်ထပ်မှာ လူပျိုတွေနေကြတယ်။ အဲဒီမှာဖြစ်တာလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်က ခရီးလွန်နေ တော့ အသေးစိတ်ကိုတော့ ပြောပြလို့မရနိုင်ပါဘူး''ဟု ပေါက်တော မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိရဉ္စရာသတင်းဌာန၏ မေးမြန်း ချက်အား ယင်းကဲ့သို့ဖြေကြားခဲ့ကြောင်း သိရသည်။