images
UN
UN
ရွှေပြည်သာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ တပ်မတော်ကိုထောက်ခံဆန္ဒထုတ်ဖော်
ထိန်ဝင်း(YGN) Thursday, 11 October 2018
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တပ်မတော်ကိုထောက်ခံသည့် ပြည်သူများစုပေါင်း၍ ယနေ့ မွန်းတည့် ၁၂ နာရီက ရွှေပြည်သာမြို့နယ် စစ်မှုထမ်းဟောင်းများအဖွဲ့ရုံးရှေ့တွင် အင်အား ၃ဝဝ ခန့်ဖြင့် တပ်မတော်ကိုထောက်ခံခြင်းနှင့်ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ရန်ကုန်တိုင်း ဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီး(ငြိမ်း)ဦးကျော်စိုးနှင့်ကော်မတီ ဝင်များ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး(ငြိမ်း)ဦးသန်းထိုက်နှင့် ကော် မတီဝင်များ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တပ်မတော်ကိုထောက်ခံသည့် ပြည်သူများ တက်ရောက်ကြသည်။ တပ်မတော်ကို ထောက်ခံဆန္ဒထုတ်ဖော်သူများသည် APHR ၏ အောက်လုံးအစီရင်ခံစာ အလို မရှိအလိုမရှိ။ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှ မတ တစ်ဖက်သတ်အစီရင်ခံစာတို့ လုံးဝ လက်မခံ။ မဆီမဆိုင် နိုင်ငံရေးစွက်ဖက် သော Facebook ကို လုံးဝဆန့်ကျင်ရှုတ် ချသည်ဆိုသည့် စာတန်းပါဆိုင်းဘုတ်များ အားကိုင်ဆောင်၍ အသံတိတ်ဆန္ဒထုတ် ဖော်ခဲ့ကြပြီး မွန်းလွဲ ၁ နာရီတွင် အေးချမ်း စွာလူစုခွဲခဲ့ကြကြောင်း သိရသည်။