images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး တမူးမြို့နယ်မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားတက်ရောက် ပြည်ခိုင်ဖြိုးပါတီသည် တိုင်းရင်းသားပေါင်းစုံဖြင့်ဖွဲ့စည်းထားပြီး မျိုးချစ်စိတ်ဓာတ်အပြည့်ရှိသည်ကိုအာမခံ
သုတ(မန္တလေး) Thursday, 11 October 2018
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့နယ် ခမ်းပါတ်မြို့တွင် တမူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးမဲဆန္ဒရှင်ပြည်သူလူထုနှင့်တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး တက်ရောက်အားပေးခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် တမူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရိုထန်းပွီးယာအား မဲဆန္ဒရှင်ပြည်သူ များထံမိတ်ဆက်အပ်နှံ၍ ကိုယ်စားလှယ်လောင်း၏ကိုယ်ရေးအကျဉ်းကို တမူးမြို့နယ်ပါတီဥက္ကဋ္ဌက ဖတ်ကြားပေးခဲ့သည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ရာတွင် မိမိတို့ပါတီသည်လည်း တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး
မျိုးချစ်စိတ်အပြည့်ရှိသည်ကို အာမခံကြောင်း၊ မိမိတို့ပါတီသည် ပြည်ထောင်စု ပါတီဖြစ်ကြောင်း၊ အခြေခံဥပဒေတွင်လည်း တိုင်းရင်းသားအားလုံးကို တန်းတူအခွင့် အရေးပေးထားကြောင်း၊ ဒီနေ့ခေတ်ကာလမှာ မိမိတိုင်းပြည် စီးပွားရေးကောင်း မကောင်း ဒီဒေသမှာရှိသည့်တိုင်းရင်းသားအားလုံး သိရှိနားလည်ပြီးဖြစ်ကြောင်း၊ မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပြည်သူတွေအနေဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်ကြောင်း၊ မိမိတို့ ရွေးချယ်မှုကြောင့် ဖြစ်လာမည့်ရလဒ်ကို မိမိတို့ကိုယ်တိုင်ခံစားရမည်ဖြစ်၍ ရွေးချယ်မှုမှန်ကန်စေချင်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းအား ပါတီဥက္ကဋ္ဌတစ်ယောက်အနေဖြင့် တာဝန်ယူတာဝန်ခံကြောင်း၊ မိမိတို့ပါတီအနေဖြင့် ဒေသအပေါ်တာဝန်ယူနိုင်သော စေတနာထားသော အလုပ်လုပ်ပေးနိုင်သောသူကိုသာ ရွေးချယ်ထားပြီး တိုင်းရင်းသား ပြည်သူများအနဖြင့် ယုံကြည်စွာဖြင့် တာဝန်ပေးအပ်နိုင်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။ ပြီးနောက် မဲဆန္ဒရှင်ပြည်သူတစ်ဦးက ကိုယ်စားလှယ်လောင်းအား ကြိုဆိုထောက်ခံစကားပြောကြားခဲ့သည်။
ဆက်လက်၍ တမူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းဦးရိုထန်းပွီးယာက မဲဆန္ဒရှင်ပြည်သူအား နှုတ်ခွန်းဆက်စကား ပြောကြား၍ အခမ်းအနားကိုြေ<ွကးကြော်သံများဖြင့် ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော စစ်ကိုင်းတိုင်း ဒေသကြီးတာဝန်ခံဦးမြင့်စိုး၊ ဦးဝဏ္ဏမောင်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တမူးခရိုင်မှ ပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေနှင့် ခရိုင်ပါတီကော် မတီဝင်များ၊ တမူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်ပါတီဥက္ကဋ္ဌဦးမြင့်အောင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ မဲဆန္ဒရှင်ပြည်သူများအပါအဝင်စုစုပေါင်းအင်အား ၂ဝဝဝ တက်ရောက်ခဲ့ကြောင်း သိရသည်။