images
UN
UN
မအူပင်တွင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး
ဖြိုးမောင်ဇော်(မအူပင်) Friday, 12 October 2018
ဧရာဝတီတိုင်းဒေသကြီးမအူပင် ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီး မှူးကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီခွဲက မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေး၌ ဗဟို အမျိုးသမီးညီလာခံအကြိုနှီးနှောဖ လှယ်ပွဲအောင်မြင်စွာကျင်းပပြီးစီး ခဲ့မှုအခြေအနေများ၊ ပါတီမှဆက် လက်ဆောင်ရွက်မည့်လုပ်ငန်းရပ် များ၊ ကြိုတင်ပြင်ဆင်ထားရမည့် လုပ်ငန်းကိစ္စရပ်များကို တက် ရောက်လာသူများက ဆွေးနွေးညှိ နှိုင်းခဲ့ကြသည်။
အစည်းအဝေးသို့ ဧရာဝတီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစောသောင်း ဒန်နှင့်မြို့နယ်ပါတီကော်မတီဝင် များ၊ မြို့နယ်အရန်ပါတီကော်မတီ ဝင်များနှင့် လေးအိမ်စုတိုက်နယ် အမှတ်(၁)အတွင်းရှိ ကျေးရွာပါတီ ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြကြောင်း သိရသည်။