images
UN
UN
ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ
မင်းဇော်(မကွေး) Friday, 12 October 2018
မကွေးတိုင်းဒေသကြီးမင်းတုန်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အစီအစဉ်သုံး ခုခွဲ၍ ကျင်းပကြပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌဦးစိုးနိုင်ကအဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အစုအဖွဲ့များခွဲ၍ နှီးနှောဖလှယ်ပွဲ တွင်တင်သွင်းမည့် စာတမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း၊ မှတ် တမ်းတင်ခြင်း၊ ဆွေးနွေးဖတ်ကြား ခြင်း၊ ဆွေးနွေးတင်သွင်းသော စာ တမ်းများအပေါ် သဘာပတိက မှတ်တမ်းတင်ခြင်း၊အတည်ပြုခြင်း နှင့်ရှေ့လုပ်ငန်းများချမှတ်ခြင်းတို့ ကိုဆောင်ရွက်ကြသည်။
ထို့နောက် မြို့နယ်ပါတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြော ကြားကာ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ခိုင်ဖြိုးဟေ့ သီချင်းသံပြိုင် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။ အခမ်းအနားသို့ သရက် ခရိုင်ပါတီဥက္ကဋ္ဌဦးဝင်းကျော်၊တိုင်း အမျိုးသမီးရေးရာတာဝန်ခံဒေါ်ယဉ် ယဉ်လှ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုး နိုင်နှင့်မြို့နယ်ပါတီကော်မတီဝင် များ၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံဒေါ်သီတာခိုင်နှင့် အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ ပါတီဝင် များစုစုပေါင်းအင်အား ၃ဝဝခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။