images
UN
UN
သုံးခွတွင် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအစည်းအဝေးကျင်းပ
ကျော်ဆန်း(သုံးခွ) Friday, 12 October 2018
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့(၁)ရပ်ကွက်ရှိ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့နံနက် ၁၁ နာရီတွင် ရပ်ကွက်ကျေးရွာလပတ်အစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ပါတီအတွင်းရေးမှူးဦးမောင်မောင်သင်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပါတီကော်မတီဝင် ဦးကျင်ဝင်းနှင့် ဦးသောင်း အေးတို့က နယ်မြေအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆောင်ရွက်နေမှု များကို တင်ပြဆွေးနွေးကြပြီး ရပ်/ကျေးပါတီကော်မတီဝင်များကလည်း လိုအပ်ချက် များကိုတင်ပြ၍ ညှိနှိုင်းကာ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်၊ရပ်ကွက်၊ ကျေးရွာများမှ ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား ၄ဝ တက်ရောက်ကြကြောင်း သိရသည်။