images
UN
UN
ဘွဲ့လွန်အသုံးချရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်းသားများခေါ်ယူ
ခိုင်မာ Friday, 12 October 2018
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုး သားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်း ၍ပြည်မြို့ရှိရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်) ၌ ဘွဲ့လွန်အသုံးချ ရှေးဟောင်း သုတေသနပညာဒီပလိုမာသင်တန်း ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်ကို နိုဝင်ဘာ ၁၄ ရက်တွင် ဖွင့်လှစ် သွားမည်ဖြစ်သည်။
သင်တန်းကာလမှာ တစ်နှစ် ဖြစ်ပြီး လျှောက်ထားလိုသူ၏ ပညာအရည်အချင်းမှာ ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။ ပေးအပ်မည့် ဒီပလိုမာမှာ ဘွဲ့လွန်အသုံးချ ရှေး ဟောင်းသုတေသနပညာဒီပလိုမာ (Post Graduate Diploma in Applied Archaeology (P.G.D.A.A))ဖြစ်ကာရှေးဟောင်း သုတေသနနည်းပညာသင်တန်း ကျောင်း(ပြည်)၊ မှော်ဇာပြည်မြို့ ပဲခူးတိုင်းဒေသကြီးတွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားကြရ မည်ဖြစ်သည်။ ဝင်ခွင့်လျှောက်လွာ ပုံစံများကို အောက်တိုဘာ ၁ ရက် မှစ၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ နေ ပြည်တော်၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ၃၂-ဒီ၊ ၆ မိုင်ခွဲ၊ ပြည်လမ်း လှိုင်မြို့နယ် ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီး ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ ၂၈ လမ်း၊၇ဝ-၇၁ ကြား မန္တလေး မြို့၊ မန္တလေးတိုင်းဒေသကြီး အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)ရန်ကုန်မြို့၊ရန်ကုန်တိုင်း ဒေသကြီး၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစု(ပြည်)၊ မှော် ဇာ၊ ပြည်မြို့၊ ပဲခူးတိုင်းဒေသ ကြီးနှင့် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)၊ မှော်ဇာ၊ပြည်မြို့၊ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားပြတိုက် (ရန်ကုန်)တို့၌ ဝယ်ယူလျှောက်ထားနိုင်သည်။ လျှောက်လွှာများကို အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားကြရမည်။
အသေးစိတ်အချက်အလက်များ ကိုသိရှိလိုပါက ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၊ နေပြည် တော် ဖုန်းဝ၆၇-၃၄ဝ၈ဝ၃၉၊ ၃၄ဝ ၈ဝ၄ဝ၊အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဖုန်း ဝ၁-၅၉ဝ၂၅၂၊ရှေးဟောင်းသုတေ သနနည်းပညာသင်တန်းကျောင်း (ပြည်)ဖုန်းဝ၉-၄၃ဝဝ၆၇၈၆၊ ဝ၉-၄၅၂၃၃၆၄၈၄၊ ဝ၅၃-၂၈၆၁၂၊ မန္တလေးဌာနခွဲ ဖုန်း ဝ၂-၄ဝ၆ဝဝ၅၉၊ ရန်ကုန်ဌာနခွဲ ဖုန်း ဝ၁-၅၁၂၁၃၆၊ ၅၁၂၁၃၇ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရ သည်။