images
UN
UN
၂၅ ရုံမြောက်အဖြစ် မြောက်ဥက္ကလာ Mingalar Cinemas ဖွင့်လှစ်
အလင်း Friday, 12 October 2018
Mingalar Cinemas North Okkalapa ဖွင့်ပွဲကို အောက်တို ဘာ ၁၁ ရက် ညနေ ၆ နာရီခွဲက အမှတ်(15/B)၊ သုဓမ္မာလမ်း (ဃ)ရပ်ကွက် မြောက်ဥက္ကလာပမြို့နယ်တွင် ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲတွင် ''ကျွန်တော် တို့ရန်ကုန်မှာ အခုရုံနဲ့ဆို ၁၂ ရုံရှိ ပြီပေါ့။ကျန်တဲ့ ၁၃ရုံကတော့ မုံရွာ၊ မကွေး၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့တွေမှာရှိပါတယ်။
အခုရန်ကုန်ရယ် နယ်ကရုံတွေ ရယ်အားလုံးပေါင်း၂၅ရုံပါ၊မြောက် ဥက္ကလာဘက်(ဆင်ခြေဖုံး)ဘက်မှာ က ရုပ်ရှင်ရုံကမရှိဘူးဆိုတော့ မြို့ ထဲကို တကူးတကလာကြည့်ရတဲ့ အနေအထားရှိတယ်။ နဝဒေးရုပ် ရှင်ရုံဒီဘက်မှာရှိနေပေမယ့်လည်း ဒီဘက်အခြမ်းမှာလည်း ရုပ်ရှင်ရုံ ချပြချင်တာကြောင့် ဖွင့်ဖြစ်တာပါ။
အခုဒီမှာ (2D,3D)ရုံဆိုပြီး လုပ်ထားပါတယ်။ Cinema 1 ဆိုခုံ ၂၆ဝ ရှိတယ်၊ Cinema 2 ဆိုရင် ၂၈၅ခုံ ရှိပါတယ်။2Dလည်းပြမယ်၊ 3Dလည်းပြမယ်၊ ရုံဝင်ခကိုတော့ 2D မှာ ကျပ် ၁၅ဝဝ ကစပါမယ်၊၁၅ဝဝ၊၂၅ဝဝ၊ ၄၅ဝဝ ပေါ့ ဈေးခွဲထားပါတယ်။ 3D မှာတော့ ကျပ်၂ဝဝဝက စတာ ပေါ့၊ ၂ဝဝဝ၊၃၅ဝဝ၊ ၄ဝဝဝပေါ့ အဲလိုခွဲထားပါတယ်။ နိုင်ငံခြား ရုပ်ရှင်တွေဆို 3D နဲ့ပြဖို့ လုပ်ထား ပါတယ်။ ပွဲချိန်တွေကတော့ ကျွန် တော်တို့ တစ်နေ့ကို ငါးကြိမ်ပြသ မှာပါ။ ကျွန်တော်တို့ရုံတွေတိုးချဲ့နေ တာကလည်းဇာတ်ကားတွေလည်း များလာလို့ တိုးချဲ့တာလည်းဖြစ်ပါ တယ်။ တစ်ပတ်မှာကျွန်တော်တို့ ကတစ်ကားပဲ တင်နိုင်တဲ့အနေ အထားဆိုတော့ကားအရေအတွက် များများပြသပေးနိုင်ဖို့ ရည်ရွယ်တဲ့ အကြောင်းလေးလည်းပါပါတယ်။
အခုမြောက်ဥက္ကလာပပြီးရင် တာမွေမှာဖွင့်ဖို့ လုပ်ထားပါတယ်။ တာမွေမှာ ၂၆ ရုံမြောက်ဖွင့်လှစ် မှာဖြစ်ပါတယ်။နောက်ထပ်လည်း တောင်ဒဂုံ၊ မြောက်ဒဂုံဘက်တွေ မှာဆက်လက်ဖွင့်လှစ်သွားဖို့ ရှိပါ တယ်''ဟု မန်နေဂျာဦးစောလွင်က ပြောသည်။