images
UN
UN
အစ်မတွေရွေးချယ်ထားတဲ့ မင်းသမီးနာမည်နဲ့ ပိုးထည်တိုက်ဖွင့်လှစ်မယ့် အဆိုတော်စန္ဒီမြင့်လွင်
အဖြူရောင် Friday, 12 October 2018
အစ်မတွေရွေးချယ်ထားတဲ့ နာ မည်ဖြစ်သော''မင်းသမီး''ပိုးထည် တိုက်ဆိုင်ကိုညီအစ်မများစုပေါင်း ၍ အောက်တိုဘာ ၂ဝရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆို တော်စန္ဒီမြင့်လွင်က ပြောသည်။
''ဆိုင်နာမည်ကို မင်းသမီးလို့ ပေးဖြစ်တာက အစ်မတွေရွေးချယ် တာပါ။ မင်းသမီးပိုးထည်တိုက်ကို အောက်တိုဘာ ၂ဝမှာဖွင့်ဖြစ်မယ်။ ဆိုင်မှာ ပိတ်စတွေကကျပ် ငါး ထောင်၊တစ်သောင်းကနေပြီးတော့ ဈေးအမြင့်ဆုံးအထိ ရှိပါတယ်။ အားလုံးအတွက်လည်း ဝယ်ယူနိုင် တဲ့ဈေးနှုန်းတွေကို စီစဉ်ထားပါ တယ်။ ကိုယ်ပိုင်ဒီဇိုင်းဝတ်စုံမျိုး တွေ၊ မြန်မာဝတ်စုံတွေကို အဓိက ထားပြီးတော့ရောင်းချပေးမှာဖြစ်ပါ တယ်''ဟု၎င်းကပြောသည်။
အဆိုပါမင်းသမီးပိုးထည် တိုက်ကို ရန်ကုန်နှင့်မန္တလေးတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကိုယ်ပိုင် ပိတ်စ ဝယ်ယူချုပ်မည်ဆိုပါက ၁၄ရက်အတွင်း ပြီးစီးရန် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း လတ်တ လော အနုပညာလှုပ်ရှားမှုများ အနေဖြင့်သီချင်းအသစ်များ ထုတ် ရန်ရှိကြောင်း သိရသည်။
ဆိုင်အတွင်းရောင်းချမည့် ကုန် ပစ္စည်းများရွေးချယ်ပုံနှင့်ပတ်သက် ၍လည်း ''ပိုးထည်တိုက်အတွက် သွားရောက်ဝယ်ယူတဲ့အခါမှာ အကြိုက်မတူတာတွေကညှိလို့ရပါ တယ်။ ညီမတွေဆိုတော့ တစ် ယောက်က ဒါလိုချင်တယ်။ တစ် ယောက်က ဟိုဟာလိုချင်တယ်ဆို ပေမယ့်အဲဒီအထဲကမှ အကောင်း ဆုံးဖြစ်မယ့်အရာတွေဆိုင်အတွက် အရေးကြီးတဲ့အရာတွေကို အသုံး ဝင်တဲ့ အရာကို ရွေးချယ်ပြီးတော့ ဝယ်ယူပါတယ်။ ဒီဒီကတော့ ဆိုင် ကထွက်သွားရင် မင်းသမီးလးလို လှစေချင်လို့ပါ''ဟု ၄င်းက ပြော သည်။