images
UN
UN
ကြားနာခွင့် အခွင့်အရေး
မောင်မောက်(ဝတ်လုံ) Friday, 12 October 2018
သဘာဝတရားမျှတမှုနည်းဥပဒေများ (Rules of Natural Justice)နှင့်ပတ် သက်၍ ပထမအချက်ဖြစ်သော ဘက် လိုက်ခြင်းကို ဆန့်ကျင်သည့်နည်းဥပဒေ (The Rule Against Bias)အကြောင်း ကို ၅-၁ဝ-၂ဝ၁၈ နေ့ သတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
သဘာဝတရားမျှတမှုနည်းဥပဒေ၏ ဒုတိယအချက်မှာ ကြားနာခွင့်အခွင့်အရေး(The Right to a Hearing) ဖြစ်သည်။ ကြားနာစစ်ဆေးမေးမြန်းခြင်းမပြုဘဲ မည် သူ့ကိုမျှ အပြစ်မပေးရန် (Hear the other side of noman shall be condemned Unheard)ဟူ၍ဖြစ်သည်။ ယင်းနည်း ဥပဒေသည် တရားစီရင်ရေးတွင် မှန်ကန် မျှတစေရန် အလွန်ရှေးကျသော အချိန် ကာလကတည်းက ထာဝရလိုက်နာကျင့် သုံးလာသော မူသဘောဖြစ်၏။ အမှု တစ်ခုလုံးကို မှန်ကန်မျှတစွာ စစ်ဆေးဆုံး ဖြတ်နိုင်ရန် နှစ်ဖက်စလုံးကို စစ်ဆေး ကြားနာရမည်ဖြစ်သည်။ နှစ်ဖက်စလုံးကို ကြားနာခွင့် အခွင့်အရေး ပေးရမည်ဖြစ် သည်။
ကြားနာခွင့်ပေးရာတွင် နှုတ်အားဖြင့် ကြားနာခွင့်ပေးနိုင်သကဲ့သို့ စာအရေး အသားဖြင့်လည်း ကြားနာခွင့်ပေးရမည် ဖြစ်သည်။ စာရွက်စာတမ်း အထောက် အထားများတင်ပြခွင့်၊ မိမိအပေါ်စွပ်စွဲ ချက်များကို ထုချေခွင့်၊ ပြန်လည်ချေပ ခွင့်၊ မိမိရင်ဆိုင်ရမည့် အမှုပြဿနာကို ကြိုတင်သိရှိခွင့် စသည့်အခွင့်အရေးများ ပါ အကျုံးဝင်ပါသည်။
၁၇၂၃ခုနှစ်က ဖြစ်ပွားသော ဘုရင် နှင့်ကင်းဘရစ်(ခ်ျ)တက္ကသိုလ်(The King V University of Cambridge 1723, I, Str 557) အမှုတွင် ကင်းဘရစ် တက္ကသိုလ်က Bentley ဆိုသူပညာရှင် အား ပေးအပ်ထားသည့် ဘွဲ့ဒီဂရီကို ခုခံ ချေပခွင့်၊ ကြားနာခွင့်မပေးဘဲ ပြန်လည် ရုပ်သိမ်းခဲ့ခြင်းသည် တရားမျှတမှန်ကန်မှု မရှိသဖြင့် ပျက်ပြယ်သည်ဟု တရားရုံး က ဆုံးဖြတ်ရုံတင်မက ''ဘုရားသခင် သည်ပင်လျှင် တားမြစ်ထားသောအပင်မှ အသီးခူးစားခဲ့သည့်အတွက် အေဒင်အား အပြစ်မပေးမီ ကြားနာခွင့်ပေးခဲ့ပါသည်'' ဟု အမှုတွင် ဖော်ပြထားသည်ကို တွေ့ရ ၏။ ယင်းဖော်ပြချက်အရ လူတစ်ဦးအား ကြားနာခွင့်မပေးဘဲ အပြစ်မပေးရဟူ သော နည်းဥပဒေမှာ ထာဝရအမှန်တရား (Eternal Truth) ဖြစ်ကြောင်း ထင်ရှား စေပါသည်။ထို့ကြောင့်လည်း ထိုသဘော တရားကို ကမ္ဘာတစ်ဝန်းလုံးရှိ တရားရုံး အားလုံးက ယနေ့တိုင် တလေးတစား လိုက်နာခဲ့ကြပေသည်။
ထို့ပြင် နှစ်ဖက် စလုံးကို ကြားနာခွင့်မပေးဘဲ ဆုံးဖြတ်ခဲ့ သော ဆုံးဖြတ်ချက်များကို အထက်ရုံးသို့ ရောက်သောအခါ ပယ်ဖျက်ပေးလေ့ရှိပါ သည်။
Cooper V Wandsworth Board of Works (14.C.BCNS.1801863) အမှုတွင်Board of Works ဥပဒေအရ အဆောက် အအုံဆောက်လိုလျှင်England သို့ ခုနစ်ရက်ကြိုတင်အကြောင်းကြားရ မည်ဖြစ်သည်။ အကြောင်းမကြားဘဲ မည်သူမျှ မဆောက်ရ။ အကယ်၍ ဆောက်ခဲ့လျှင်Board of Works က အဆောက်အအုံကို ဖြိုဖျက်ရန်ဖြစ်သည်။Cooper ဆိုသူသည် ကြိုတင် အကြောင်း ကြားခြင်းမရှိဘဲ အိမ်တစ်လုံးကို ဆောက်သည်။ ထိုအိမ် ဒုတိယထပ် အရောက်တွင် Board of Worksက အိမ်ကိုလာဖျက်သည်။ အိမ်ရှင်Cooper က ၄င်းက ကြားနာခွင့်၊ ခုခံချေပခွင့် မပေးဘဲ ဆောင်ရွက်ခြင်းဖြစ်သဖြင့် တရားရုံးတက်ကာ နစ်နာကြေးတောင်း ဆိုသည်။ တောင်းဆိုသည့် နစ်နာကြေး ပေးရန် တရားရုံးက ဆုံးဖြတ်သည်။ အိမ်ရှင်အား ကြားနာခွင့်မပေးဘဲ အိမ် ကို ဖြိုဖျက်ခြင်းသည် သဘာဝတရား မျှတမှုနည်းဥပဒေကို ဆန့်ကျင်ကြောင်း တရားသူကြီးအားလုံးက ဆုံးဖြတ်ခဲ့ခြင်း ကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ဦးပစ်နှင့်သဲ ကုန်းကျေးရွာ လယ်ယာကော်မတီနှင့်နှစ် ဦး(1948 BLR Sct 759)အမှုတွင် မြေ ယာကော်မတီသည် အချင်းဖြစ်လယ်အား ယခင်နှစ်များက လုပ်ကိုင်ခဲ့သူ ဦးပစ်အား ယခုနှစ်တွင် ဆက်လက်လုပ်ပိုင်ခွင့်ပေး ရမည့်အစား ဦးပစ်အား အသိလည်းမပေး၊ ကြားနာခွင့်လည်းမပေးဘဲ မြေယာကော် မတီဝင်၏ သားဖြစ်သူကို သီးစားလုပ် ပိုင်ခွင့်ပေးလိုက်သည်။ ထိုကိစ္စကို ဦးပစ် က မကျေနပ်၍ တရားရုံးတက်သည်။ သဘာဝတရားမျှတမှုနည်းဥပဒေနှစ်ရပ် စလုံးနှင့်ဆန့်ကျင်၍ ဆုံးဖြတ်ထားခြင်းဖြစ် ကြောင်း ထင်ရှားသဖြင့် တရားရုံးက မြေယာကော်မတီ၏ ဆုံးဖြတ်ချက်အမိန့် ကို ပယ်ဖျက်ပေးလိုက်သည်။
တစ်ဖန် ဦးဖူးညွန့်ပါ ခုနစ်ဦးနှင့်ပဲခူး ခရိုင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ကော်မတီပါ လေးဦး(1956 BLR Sct 48)အမှုတွင် ဦးဖူးညွန့်ပါ ခုနစ်ဦးက ၄င်း တို့၏ သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ပြု ရန် ကျေးရွာလယ်ယာကော်မတီသို့ လျှောက်ထားသည်။
ကျေးရွာကော်မတီ ကလည်း ကင်းလွတ်ခွင့်ပြုကြောင်း အမိန့် ချမှတ်သည်။ သို့သော် ခရိုင်ကော်မတီမှ သမ္မတ၏အမည်ဖြင့် ကျေးရွာကော်မတီ ၏ ကင်းလွတ်ခွင့်ပြုသည့် အမိန့်ကို ပယ် ဖျက်လိုက်သည်။ ယင်းပယ်ဖျက်မိန့်ကို မကျေနပ်၍ ဦးဖူးညွန့်ပါ ခုနစ်ဦးက တရား လွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့် လျှောက်ထားခဲ့သည်။
တရားလွှတ်တော်ချုပ်က အောက်ပါ အတိုင်းဆုံးဖြတ်သည်။ ''ခရိုင်လယ်ယာ ကော်မတီသည် ဦးဖူးညွန့်ပါခုနစ်ဦးအား သက်သေများတင်ပြခွင့်၊ ပြန်လည်ချေပ ခွင့်များ မပေးခဲ့ခြင်းသည် သဘာဝတရား မျှတမှု နည်းဥပဒေကို ဆန့်ကျင်ရာရောက် သဖြင့် သမ္မတအမည်ဖြင့် ချမှတ်သော အမိန့်ကို ပယ်ဖျက်လိုက်သည်''ဟု ဆုံး ဖြတ်ခဲ့သည်ကို အထင်အရှားတွေ့ရပါ သည်။
သို့သော် ကြားနာအခွင့်အရေး(The Right to a Hearing)တွင်ြ>ွခင်းချက်များ ရှိသည်။ ထိုနည်းဥပဒေကိုလိုက်နာရန် မလိုသောကိစ္စရပ်များပင်ဖြစ်သည်။ အား လုံးခြောက်မျိုးရှိ၏။
(၁) ဆုံးဖြတ်ချက်(သို့) အမိန့်ချရန် မဟုတ်ဘဲ စုံစမ်းရုံသက်သက်သာ ဆိုလျှင်-
(၂) ဆုံးဖြတ်ချက် (သို့) အမိန့်သည် အများပြည်သူနှင့်ပတ်သက်နေပြီး ယေဘုယျသဘောဆောင်နေလျှင်-
(၃) ဌာနဆိုင်ရာစည်းကမ်း(သို့)အမိန့် (သို့) ဆုံးဖြတ်ချက်များ ချမှတ် လျှင်-
(၄) ဆုံးဖြတ်ချက်(သို့)အမိန့်သည် နိုင်ငံ ခြားရေးမူဝါဒ(Foreign Policy) နှင့်အညီ စီးပွားရေးဆိုင်ရာ ကုန် သွယ်မှုများနှင့်ပတ်သက်နေလျှင်-
(၅) ဆုံးဖြတ်ချက်(သို့)အမိန့်သည် နိုင်ငံ တော်၏ အရေးပေါ်ကိစ္စ၊ လျှို့ဝှက် ချက်ကိစ္စများဆောင်ရွက်မှုနှင့် ပတ် သက်နေလျှင်-
(၆) ဆုံးဖြတ်ချက်(သို့)အမိန့်သည် နိုင်ငံ တော်၏ အထူးအာဏာ (Prerogative Power) အရ ကျင့်သုံးဆောင် ရွက်ခြင်းဖြစ်လျှင် သက်ဆိုင်သူများ အား ကြားနာခွင့် အခွင့်ရေး (The Rigth to Hearing) ပေးရန်မလိုပေ။
ကျွန်တော်တို့နိုင်ငံ၏ နာမည်ကျော် လူသတ်မှုတစ်ခုတွင် တရားလိုသက်သေ များ ကုန်စင်အောင်၊ မကြားနာရသေး သည့်အပြင် တရားခံများ၏ ကြားနာခွင့်၊ ထုချေခွင့်၊ သက်သေခံတင်ပြခွင့်၊ ခုခံ ချေပခွင့်၊ လျှောက်လဲချက်ပေးခွင့်၊ မပြု သေးဘဲ အမှုမှ တရားရှင်လွှတ်ပေးခြင်း သည် သဘာဝတရားမျှတမှု နည်းဥပဒေ နှင့် ငြိစွန်းနေပြီဖြစ်၍ ထိုအမှုအား ခရိုင် တရားရုံးမှ ချမှတ်ထားသော တရားရှင် လွှတ်မိန့်ကို ပယ်ဖျက်ကာ အစမှပြန်လည် စစ်ဆေးနေပြီဖြစ်ကြောင်း သိရပါ၏။