images
UN
UN
ကြည့်မြင်တိုင် ဓမ္မပါလဖောင်ဒေးရှင်း မျက်စိဝေဒနာရှင် ၅ဝဝ ခန့်ကို အခမဲ့စမ်းသပ်ခွဲစိတ်ပေးမည်
နေဂျူလိုင်ဝင်း Friday, 12 October 2018
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်း သာဓုကျောင်းတိုက်ဝင်းရှိ ဓမ္မပါလကျောင်းတိုက်၌ ယခုလ ၇ ရက်မှစတင်၍ မျက်စိဝေဒနာရှင် ၅ဝဝ ခန့်ကို ဓမ္မပါလဖောင် ဒေးရှင်းက မျက်စိဝေဒနာရှင်များကို အခမဲ့ခွဲစိတ်ကုသပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဖောင်ဒေးရှင်ထံမှ သိရ သည်။
ထိုကဲ့သို့ အခမဲ့မျက်စိ စမ်းသပ်ပေးမှုရလဒ်များအရ မျက်စိခွဲ စိတ်မှုကို လိုအပ်သည့်ဝေဒနာရှင်များကို လအလိုက် ခွဲစိတ်မှုများ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဓမ္မပါလဖောင်ဒေး ရှင်း၏ အကျိုးတော်ဆောင်ချုပ်ဆရာတော်အရှင်ပါကဠာလင်္ကာရ က မိန့်ကြားခဲ့ကြောင်း သိရသည်။
''အဓိကမြို့နယ်ငါးခုကို ရည်ရွယ်ပြီး ခွဲစိတ်ပေးဖို့ လုပ်တာ ပါ။ လူပေါင်း ၂ဝဝဝလောက်ကို လည်း ခွဲစိတ်ပေးခဲ့ပြီးပါပြီ။ အခုဒီတစ်ခေါက်တော့ လူ ၅ဝဝ လောက်ကိုတော့ ခွဲစိတ်ပေးဖို့ရည် မှန်းထားပါတယ်''ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။
ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင်မြို့နယ် တို့မှ မျက်စိဝေဒနာရှင်များကိုရည်ရွယ်၍ အခမဲ့စမ်းသပ်၊ ခွဲစိတ် ပေးမည်ဖြစ်သော်လည်း အခြားဒေသအသီးသီးမှ မျက်စိဝေဒနာရှင် များလည်း စာရင်းပေးသွင်း၍ လာရောက်စမ်းသပ်ခွဲစိတ်နိုင် ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။ အဆိုပါမျက်စိခွဲစိတ်မှုကို မျက်စိအထူးကုဆရာဝန်ကြီးများက ဆောင်ရွက်ပေးမည်ဖြစ်ပြီး ခွဲစိတ်ရန်လိုအပ်သူများကို ယခုလ ၁ဝ ရက်တွင် စတင်ခွဲစိတ်ပေးခဲ့ ပြီး မျက်စိရောဂါရှင်များ စမ်းသပ်မှုခံယူလိုလျှင် ဖုန်း ဝ၉-၅၄ဝ၆၂၁၂၊ ဝ၉-၄၅၅၅၅၉၅၆၇၊ ဝ၉-၄၃ဝ၈ဝ၈၆၉၊ ဝ၉-၂၅၄၂ဝ၈၄၇၂ သို့ဆက်သွယ်နိုင်ပြီး ယခုလ ၂၆ ရက်အထိ ဖုန်း သို့မဟုတ် ဠငဘနမ ဖြင့် စာရင်းပေး၍ ကုသမှုကို ခံယူနိုင်ကြောင်း သိရသည်။