images
UN
UN
ကိုရီးယားကျွန်းဆွယ်တွင် စစ်မှန်သောငြိမ်းချမ်းရေးတည်ဆောက်နိုင်မည်ဟု တောင်ကိုရီးယားသမ္မတယုံကြည်
Friday, 12 October 2018
တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က ကိုရီးယားကျွန်းဆွယ်တွင် စစ်မှန်သောငြိမ်း ချမ်းရေးတည်ဆောက်နိုင်မည်ဟု ယုံကြည် ကြောင်း ပြောသည်။
ကိုရီးယားကျွန်းဆွယ်သည် ၁၉၅၃ ခုနှစ် ကတည်းက စစ်ပွဲဖြစ်ပွားခြင်းမရှိခဲ့သော်လည်း ငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ် ချုပ်ဆို နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ လက်ရှိအချိန်၌ တောင် ကိုရီးယားနှင့် မြောက်ကိုရီးယားကြားတွင် ဆက်ဆံရေးကောင်းများ ဖြစ်ပေါ်နေသည့်အပြင် မြောက်ကိုရီးယားကလည်း ပိုင်ဆိုင်ထားသည့် နျူကလီးယားလက်နက်များကို ဖျက်သိမ်းရန် မူအားဖြင့် သဘောတူညီမှုပေးထားပြီးဖြစ် သည်။ တောင်ကိုရီးယားနိုင်ငံအတွင်းသို့ ဝင် ရောက်ခိုလှုံခဲ့သော မြောက်ကိုရီးယားဒုက္ခသည် တစ်ဦး၏ ရင်သွေးဖြစ်သောမွန်ဂျေးအင်သည် တောင်ကိုရီးယားသမ္မတရာထူးအား ရယူခဲ့ပြီး နောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် မွန်ဂျေးအင်သည် အမေ ရိကန်နှင့်မြောက်ကိုရီးယားကြားတွင် ညှိနှိုင်း ဆွေးနွေးပေးမှုများလည်း ပြုလုပ်နိုင်ခဲ့သည်။ မွန်ဂျေးအင်က ''ကိုရီးယားကျွန်းဆွယ်ကို နျူ ကလီးယားလက်နက်ကင်းစင်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်တဲ့ ဒေသဖြစ် လာအောင် ကြိုးစားသွားမှာဖြစ်ပါတယ်။ စစ် မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်မယ်လို့ လည်း ယုံကြည်ပါတယ်''ဟု ပြောသည်။
NG(Ref; BBC)