images
UN
UN
မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်ရန် ဗီယက်နမ်အွန်လိုင်းအငှားယာဉ် ဝန်ဆောင်မှုကုမ္ပဏီပြင်ဆင်
NG Friday, 12 October 2018
ဗီယက်နမ်နိုင်ငံအတွင်း၌ ကြီး မားသည့်ဈေးကွက်ဝေစုတစ်ခုအား အချိန်တိုအတွင်း ရရှိခဲ့သည့် အွန် လိုင်းအငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီ တစ်ခုဖြစ်သောFastGo သည် မြန်မာဈေးကွက်သို့ ဝင်ရောက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းထုတ် ပြန်ခဲ့သည်။
အဆိုပါကုမ္ပဏီသည် လာမည့် ဒီဇင်ဘာလအတွင်း၌ မြန်မာဈေး ကွက်သို့ စတင်ဝင်ရောက်မည်ဖြစ် သည်။ လက်ရှိအချိန်၌ အဆိုပါ ကုမ္ပဏီသည် ဗီယက်နမ်အတွင်းရှိ မြို့ကြီးများဖြစ်သော ဟနွိုင်း၊ ဟိုချီမင်းနှင့် ဒါနန်းတို့တွင် အွန် လိုင်းမှတစ်ဆင့် အငှားယာဉ်များ ခေါ်ယူနိုင်သော ဝန်ဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်လျက် ရှိသည်။ ထို့အပြင် ကိုယ်တိုင် မောင်းနှင်အသုံးပြုနိုင်သော အဆင့် မြင့်ကားများ ငှားရမ်းအသုံးပြုနိုင် မည့် ဝန်ဆောင်မှုကိုလည်း ပေး အပ်လျက်ရှိသောကြောင့် လက်ရှိ အချိန်၌ ဗီယက်နမ်တွင်FastGo နှင့် ပူးပေါင်းဆောင်ရွက်နေသော ယာဉ်မောင်း ၃ဝဝဝဝ ကျော်ရှိနေ သည်။ အချိန်တိုအတွင်း ဗီယက်နမ် နိုင်ငံ၌ ဈေးကွက်ဝေစုကြီးမားစွာ ရရှိခဲ့ခြင်းကြောင့်FastGo သည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။ အာဆီယံ နိုင်ငံများတွင် အွန်လိုင်းမှတစ်ဆင့် အငှားယာဉ်ခေါ်ယူနိုင်သော ဝန် ဆောင်မှုများ ပေးအပ်နေသည့် ကုမ္ပဏီများထဲ၌ ဈေးကွက်ဝေစု အများဆုံးရရှိထားသည့်Grab အား ယှဉ်ပြိုင်ရန်FastGo က ပြင်ဆင်နေခြင်းဖြစ်သည်။