images
UN
UN
တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ရပ်ကွက်ပြည်သူများနှင့်တွေ့ဆုံ
TT Friday, 12 October 2018
တာမွေမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်နှင့်အဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းက တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ ပုသိမ်ညွန့်ရပ်ကွက်နှင့်တာမွေလေးရပ်ကွက် တို့ကိုလှည့်လည်၍ ရပ်ကွက်ပြည်သူများနှင့်တွေ့ဆုံပြီး တာမွေမြို့နယ် အနာဂတ်လင်းလက်တောက်ပရေး ပြောကြားနှုတ်ဆက်ခဲ့သည်။
''ပိုမိုတောက်ပသောအနာဂတ်ကို အရောက်သွားနိုင်ရေး တာမွေ မြို့နယ် အနာဂတ်လင်းလက်တောက်ပရေး နိုင်ငံ့အနာဂတ်မှုန်မှိုင်းမှိုင်း ဘဝမှကင်းဝေးစေရေးအတွက် မဲတစ်ပြားအရွေးမမှားစေရေး ''စဉ်းစား ချိန်တန်ပြီ''ဖြစ်ကြောင်း တင်ပြခဲ့ပြီး ပြည်သူတွေရဲ့ စစ်မှန်တဲ့မေတ္တာ ပန်းကုံးနဲ့အောင်သပြေဟာ ကျွန်တော့်အတွက် ''အား'' ဖြစ်ခဲ့ပါပြီ''ဟု ဦးမျိုးဝင်းကျော်ကပြောသည်
ယင်းအပြင် ယမန်နေ့နံနက်ပိုင်းက မေတ္တာညွန့်နှင့် တာမွေလေး ရပ်ကွက် မွန်မြတ်မေတ္တာအိမ်ရာဝင်းအတွင်း မိဘပြည်သူများနှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီး ညနေပိုင်းတွင် ရပ်ကွက်သုံးခု သွားရောက်ခဲ့ကြောင်း သိရသည်။