images
UN
UN
ရွေးကောက်ပွဲကော်မရှင်ဆိုတာအဂတိတရားကင်းရှင်းပြီး သမာသမတ်ကျတဲ့ဒိုင်လူကြီးအနေနဲ့ရပ်တည်ရမှာ ပြည်သူကပေးအပ်တဲ့တာဝန်လို့ပီပီပြင်ပြင်မခံယူတဲ့အတွက် ပြတ်ပြတ်သားသားမလုပ်ရဲတဲ့အနေအထားလို့အကဲခတ်လို့ရတယ် အာဏာရတဲ့ပါတီဘက်မျက်နှာသာပေး ဘက်လိုက်တဲ့သဘောရှိတယ်လို့ပြောလို့ရတယ်
Friday, 12 October 2018
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လည်းကောင်း၊ ဆောင်ရွက်ခဲ့သည့်ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးထွန်းရီနှင့် တွေ့ဆုံမေးမြန်း ပြောကြားမှုများကို ဖော်ပြအပ်ပါသည်။

မေး။ ။ နေပြည်တော် MICC 2 မှာလုပ်သွားတဲ့NLDပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ တွေ့ဆုံပွဲပေါ့။ အဲဒါနဲ့ပတ်သက်ပြီး ပြည် ထောင်စုဝန်ကြီးတို့၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့ကနေပြီးတော့ တက်ရောက်အမှာ စကားပြောကြားခဲ့တယ်။ အန်ကယ်တို့ နိုင်ငံ ရေးပါတီတွေအနေနဲ့လည်း စုပေါင်းပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားစာ ပေး ပို့ခဲ့တယ်။ အဲဒီမှာ ပထမဦးဆုံးရွေးကောက် ပွဲကော်မရှင်က ဘယ်လိုဥပဒေနဲ့ငြိစွန်းသလဲ ဆိုပြီးတော့ အန်ကယ်တို့နိုင်ငံရေးပါတီတွေကို အကြောင်းကြားစာပြန်ပို့ပေးတယ်။ နောက် တစ်ခါ အန်ကယ်တို့နိုင်ငံရေးပါတီတွေ ပြန် လည်စုပေါင်းပြီးတော့ တိုင်ကြားစာထပ်တင် တယ်။ အဲဒီထဲကဆိုရင်ခုဆို တစ်လကျော် ကြာသွားပြီပေါ့။ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို ပြန်လည်အကြောင်းကြားခြင်းမရှိသေးဘူး ပေါ့နော်။ နိုင်ငံရေးပါတီတွေအပေါ် ဆက်ဆံ တာ နည်းနည်းအားနည်းတယ်ပေါ့။ အဲဒီ အပေါ် အန်ကယ့်အမြင်လေး ပြောပြပေးပါ။
ဖြေ။ ဆက်ဆံမှုအားနည်းတဲ့အပိုင်းနဲ့ စောစောက ပြောတဲ့ NLDကို စုပေါင်းဆွေးနွေးပြီးတော့ ကန့်ကွက်ခဲ့တာတစ်ပိုင်းအပြင် အန်ကယ်တို့ပါတီက သီးခြားကိုတိုက်ရိုက်ကော်မရှင်ကို နှစ်ကြိမ်စာရေး ဖူးတယ်။ စာရေးတဲ့ပုံစံချင်းကတော့ စုပေါင်းပြီး တော့ တင်တဲ့အပိုင်းနဲ့ အန်ကယ်တို့ရေးတဲ့ ဦးတည် တာလေးတွေကွဲတယ်။ အထူးသဖြင့် စုပေါင်းပြီး လုပ်တာကတော့ ၂ဝ၁၇ရွေးကောက်ပွဲအကြိုမှာ ဒေါ်စုပြောချက်ကို နိုင်ငံပိုင်မီဒီယာတွေမှာထည့် တာ။ နောက်တစ်ပိုင်းကNLD နာယကနဲ့ဦးဝင်းထိန် တို့နဲ့ အင်တာဗျူးလုပ်သလိုလုပ်ပြီးတော့ နိုင်ငံပိုင် မီဒီယာတွေမှာ သုံးတာနဲ့ပတ်သက်ပြီးတော့ စုပေါင်း ပြီးလုပ်တဲ့ ဆွေးနွေးပွဲကတော့ရွေးကောက်ပွဲဥပဒေကို ဖောက်ဖျက်တယ်ဆိုတဲ့Trend နဲ့ပြောခဲ့တာပေါ့လေ။
အန်ကယ်တို့က အဲဒီကိစ္စပဲသီးခြားရေးခဲ့တာက ပထမတစ်ချက်က နိုင်ငံရေးပါတီတွေက နိုင်ငံပိုင် ပစ္စည်းပစ္စယ ဘာညာပေါ့လေ။ ဥပဒေပုဒ်မတွေ ညွှန်းပြီးတော့ အသုံးမပြုရဘူးလို့ပြောထားတယ်။ ဒီကိစ္စဟာအဲဒီဥပဒေနဲ့ငြိလားမငြိလား။ ဒါတစ်ချက် မေးခွန်းထုတ်တဲ့သဘောပေါ့။ တကယ်လို့ ငြိရင် လည်းငြိတဲ့ပါတီကို စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူဖို့၊မငြိဘူးဆိုရင်လည်းဒီRight ကို ပါတီ တစ်ခုတည်းက ယူတယ်ဆိုတာမမျှတဘူး။ ကျန်တဲ့ ပါတီတွေကိုလည်း အလားတူဒီအခွင့်အရေးမျိုး နိုင်ငံ ပိုင်မီဒီယာတွေကိုသုံးဖို့ ပေးသင့်တယ်ဆိုတဲ့အပိုင်းကို နှစ်ကြိမ်စာရေးဖူးတယ်။ စာရေးတော့ သူက နောက်ဆုံးပြန်လိုက်တာကအန်ကယ်တို့ဆီကပေးတဲ့ စာပေါ်မှာ မူတည်ပြီးပြန်ကြားရေးကို စာရေးလိုက် ပုံရပါတယ်။ ပြန်ကြားရေးကကော်မရှင်ကိုပြန်တဲ့ ဟာကိုကောက်နုတ်ပြီးတော့ အန်ကယ်ဆီကို စာပြန် လာတယ်။ စာပြန်လာတာက ဒါက ပြန်ကြားရေးရဲ့ မူအရ တိုတိုပြောမယ်ဆိုရင်။ ကော်မရှင်က အန်ကယ်တို့ဆီစာပြန်တာက သူနဲ့မဆိုင်ဘူးပြန်ကြား ရေးဝန်ကြီးဌာနဆိုတဲ့သဘော ပြန်လာတော့အန် ကယ်တို့က တစ်ခါသူ့ကိုစာထပ်ရေးတယ်။ပြန်ကြား ရေးဝန်ကြီးဌာနက သူ့လုပ်ပိုင်ခွင့်အရ သူလုပ်တာ လားတစ်ပိုင်းပေါ့။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ သူ့ရဲ့ကြီးကြပ်မှုအောက်ထဲမှာ ရှိတဲ့ပါတီတွေဟာ စည်းကမ်းဖောက်ရင်အရေးယူ တာတို့ထောက်ပြတာတို့လုပ်ရမယ့် တာဝန်ရှိတယ် ဆိုပြီးတော့ အန်ကယ်တို့အဲဒီအပိုင်းကိုလုပ်တယ်။ စောစောကမေးခွန်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ အဲဒီကော်မရှင်ကိုရေးထားတဲ့အတိုင်းပဲ ပထမ တစ်ချက်က ဒီလုပ်တာတွေဟာ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ၊ ပါတီတွေမှတ်ပုံတင်ဆိုင်ရာ ဥပဒေနဲ့ငြိတယ်လို့တော့ သဘောထားရရှိတယ်။ ရှင်းရှင်းပြောရင် ငြိလားမငြိလားခင်ဗျားတို့သုံးသပ် ပြီးလုပ်ပါ။ မငြိဘူးဆိုရင်လည်းပဲ ဒီအခွင့်အရေးကို အာဏာရတဲ့ပါတီတစ်ခုတည်းကယူတာမမျှတဘူး။ မမှန်ကန်ဘူး။ ဒါကြောင့်မို့လို့ ကျန်တဲ့မှတ်ပုံတင် ထားတဲ့ပါတီအားလုံးကို မျှမျှတတပေးသင့်တယ်ဆို တဲ့အပိုင်းက
ရပ်တည်ထားတဲ့အခါကျတော့ ယေဘု ယျအားဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ပြောကြမယ်ဆိုရင် သူတို့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်ဟာပြည်သူက ပေးတဲ့လုပ်ပိုင်ခွင့်လို့ သိပ် သဘောပေါက်ပုံမရဘူး။ သူမရတဲ့ အခါကျတော့ မသိမသာရှင်းရှင်းပြောရရင်တော့ အာဏာရတဲ့ ပါတီဘက်မျက်နှာသာပေးတာတို့ ဘက်လိုက်တဲ့ သဘောမျိုးရှိတယ်လို့တော့ ပြောလို့ရတဲ့ အနေ အထားရှိတယ်။
မေး။ အန်ကယ်တို့နိုင်ငံရေးပါတီတွေတင်ပြတိုင် ကြားတာပေါ့နော်။ ရွေးကောက်ပွဲကော်မရှင် ဘက်ကနိုင်ငံရေးပါတီတွေရဲ့ တိုင်ကြားမှု အပိုင်းမှာပေါ့။ ကွေ့ကာဝိုက်ကာနဲ့ရှောင်ထွက် ပြီး ဖြေကြားသွားတဲ့ အဲဒီအပေါ်မှာလည်း နည်းနည်းလောက်ပြောပေးပါဦး။
ဖြေ။ အဲဒါကတော့ တကယ်တမ်းပြောရရင်စောစော က ကောက်ချက်ချရမှာပဲလေ။ အခုကော်မရှင် ရဲ့ အားနည်းချက်တွေကို တင်ပြတဲ့ကန့်ကွက်တဲ့ အကြောင်းအရာတွေကလည်း အာဏာရပါတီနဲ့ နွယ် နေတာကိုး။ တခြားပါတီဆိုရင်တော့သူတို့ဘယ်လို ရပ်တည်မလဲမသိဘူး။ အဲဒါမို့စောစောက အန်ကယ် ပြောသလိုပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆိုတာအဂတိတရားကင်းရှင်းပြီး သမာသမတ်ကျရာ လုပ်ရမှာ။ သူဒိုင်လူကြီးအနေနဲ့ရပ်တည်ရမှာ။ ဒါပေ မဲ့တချို့အပိုင်းလေးတွေဟာ စောစောကပြောသ လိုပေါ့။ သူသဘောပေါက်တာဟာသူတို့ကို ပေး ထားတဲ့ အဖွဲ့အစည်းလို့ သဘောပေါက်ထားတဲ့ အခါကျတော့ပြတ်သား သင့်သလောက်မပြတ်သား တော့ဘူး။ တကယ့်တကယ်ကျတော့ ဒီကထောက်ပြ လာရင်ကိုက အန်ကယ်တို့လည်းခေါ်ပါတယ်။ပြန် ပြီးတော့ဘယ်ပုဒ်မနဲ့ငြိတာလဲတို့။ ဘာတို့။ ဒါသူတို့ လူကြီးလုပ်နေတာပဲမေးစရာဘာအကြောင်းမှမရှိ ဘူး။ ဒီကတစ်ချက်ထောက်ပြလိုက်ရင် သူတို့ကိုယ် တိုင်ကဘယ်ပုဒ်မနဲ့ငြိလား မငြိလားသိရမယ်။ မငြိ ရင်လည်းပြတ်ပြတ်သားသားမငြိဘူး အဲဒီလိုရှိရ မယ်လေ။ အဲဒါကတော့သူတို့ကပြည်သူက ပေးအပ် ထားတဲ့တာဝန်လို့ သိပ်ပီပီပြင်ပြင်မခံယူတဲ့အတွက် ပြတ်ပြတ် သားသားမလုပ်ရဲတဲ့အနေအထားလို့ အကဲ ခတ်လို့ရတာပေါ့လေ။