images
UN
UN
သပိတ်ကျင်းမဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်စိုးနှင့် ပါတီဝင်များ လိပ်ကျကျေးရွာနှင့်ဆင်မွှေးကျေးရွာတို့မှ မဲဆန္ဒရှင်ပြည်သူများနှင့် Door to Door တွေ့ဆုံ
သုတ(မန္တလေး) Friday, 12 October 2018
မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင်ခရိုင် သပိတ်ကျင်းမဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်လောင်းဦးမြင့်စိုး သည် ယနေ့ နံနက်ပိုင်းက ၂ဝ၁၈ မြို့နယ်အတွင်းရှိ လိပ်ကျကျေးရွာ နှင့် ဆင်မွှေးကျေးရွာတို့သို့ သွား ရောက်ပြီး မဲဆန္ဒရှင်ပြည်သူများ အားDoor to Door တွေ့ဆုံခဲ့ ပါသည်။
သပိတ်ကျင်းမဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်းဦးမြင့်စိုးသည် အဆိုပါကျေးရွာများရှိ မဲဆန္ဒရှင် ပြည်သူများ၏ နေအိမ်များသို့ တစ် အိမ်တက်တစ်အိမ်ဆင်းသွားရောက် ကာ မဲဆန္ဒရှင်ပြည်သူ့အကျိုး ဆောင်ရွက်ပေးမည့်ကိစ္စများ၊ ရွေး ကောက်ပွဲတွင် မဲပေးရာ၌ မဲပေး မမှားစေရန်နှင့် ရွေးကောက်ပွဲမဲပေး ခြင်းဆိုင်ရာကိစ္စများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
သပိတ်ကျင်းမဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လောင်းဦးမြင့်စိုးနှင့်အတူ သပိတ်ကျင်းမြို့နယ်ပါတီမှ ပါတီ ဝင်များလိုက်ပါကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။