images
UN
UN
မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီJMCမှ သင်တန်းဖွင့်လှစ်ပို့ချ
နိုင်နိုင်(မွန်) Friday, 12 October 2018
မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဖက်ခင်းလမ်းရှိ ရာမညဟိုတယ်ခန်းမ၌ ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီJMC မှ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဦး၊ တပ်မတော်မှအရာရှိ ၁၆ ဦး၊ စုစုပေါင်း ၃၂ ဦးတို့အား သင်တန်း ပို့ချခဲ့ကြောင်း သိရသည်။
ယင်းသင်တန်းကို JMC-S (Mon)မှ ဒုတိယဥက္ကဋ္ဌ(၁)ဗိုလ်မှူး ကြီး စောပလေ့၊JMC-S (Mon) မှ ဒုတိယဥက္ကဋ္ဌ (၂) စောဟိုရှေး၊JMC-S (Mon) မှ အဖွဲ့ဝင်၊ မွန် ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးနှင့်အဖွဲ့ဝင်များ စုစုပေါင်း ၅ဝ ခန့် တက်ရောက်ကြသည်။
ရှေးဦးစွာJMC-S(Mon) ဒုတိယဥက္ကဋ္ဌ(၁) ဗိုလ်မှူးကြီး စောပလေ့က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊JMC-S(Mon) ဒုတိယဥက္ကဋ္ဌ စောဟိုရှေးက နှုတ် ခွန်းဆက်အမှာစကားပြောကြားခြင်း၊ JMC-S(Mon) မှ အဖွဲ့ဝင်၊ မွန် ပြည်နယ်အစိုးရအဖွဲ့မှလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက အမှာစကားပြောကြား ရာတွင် ယခုလိုတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့နှင့်တပ်မတော်သားများ အား သင်တန်းပေးရခြင်းမှာ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ ရင်းနှီးစွာဖြင့် ငြိမ်းချမ်း ရေးကို အတူတကွလက်တွဲဖော် ဆောင်ရန်၊ ငြိမ်းချမ်းရေးမှ ထာဝရ ငြိမ်းချမ်းရေးရရှိရန်ဖော်ဆောင်သွား မည်ကို နားလည်စေရန်အတွက် သင်တန်းပို့ချခြင်းဖြစ်သည်။
ထို့နောက် တက်ရောက်လာ သည့် တိုင်းရင်းသားလက်နက်ကိုင် များနှင့် တပ်မတော်သားများ စုပေါင်းပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့သည်။ သင်တန်းကာလမှာ ယခုလ ၁၂ ရက်မှ ၁၃ ရက်အထိ နှစ်ရက်ကြာသင်တန်းဖွင့်လှစ်သွား မည်ဖြစ်သည်။