images
UN
UN
ဘိုကလေးမြို့နယ်တွင် အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရ၍ ခြေထောက်တစ်ဖက်ပြတ်
ကျော်စိုးမိုး(ဖျာပုံ) Friday, 12 October 2018
ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု လမုအုပ် ကျေးရွာ ချောင်းဝတွင် ဦးထွန်းဝင်း(၃၉နှစ်) ရေလုပ်ငန်း လုပ်ကိုင်သူ သည် ယမန်နေ့ ည ၉ နာရီခန့်တွင် မိကျောင်းအကိုက်ခံရ၍ ခြေထောက် တစ်ဖက်ပြတ်သွားကြောင်း သိရသည်၊။
ဦးထွန်းဝင်းသည် ထိုညက ဆတ်ကျွန်းကျေးရွာအုပ်စု လမုအုပ်ကျေးရွာ ချောင်းဝတွင် ဘဝန်းပိုက်ပိတ်ပြီး လှေနံဘေး၌ရေချိုး၍ လှေပေါ် ပြန်တက် စဉ် မိကျောင်းဆွဲခံရသဖြင့် ဝဲဘက်ခြေထောက် ဒူးဆစ်အောက်ပိုင်းမှ ပြတ်ပါသွားခဲ့ပြီးမှ ပတ်ဝန်းကျင်သို့အော်ဟစ်၍ အကူတောင်းခဲ့ရာ ကျေးရွာ က ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများက ဝိုင်းဝန်းကူညီကယ် ဆယ်ခဲ့ပြီး ရဲဆေးစာဖြင့် ဘိုကလေးမြို့ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့သောကြောင့် ဖျာပုံမြို့ခုတင် (၂ဝဝ) ဆေးရုံကြီးသို့လွှဲပြောင်းပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။