images
UN
UN
ညောင်ဦးမြို့ သရပါဟိုတယ်ရှေ့ သရပါဝန်ထမ်းများဆန္ဒဖော်ထုတ်
ကိုထိန်(ငါ့သရောက်) Friday, 12 October 2018
မန္တလေးတိုင်းဒေသကြီး ညောင်ဦး ခရိုင် ညောင်ဦးမြို့ သရပါဟိုတယ်ရှေ့၌ ယနေ့နံနက် ၈နာရီခွဲတွင် မတရားအလုပ် ထုတ်ခံရသောဝန်ထမ်းများက ဆန္ဒဖော် ထုတ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ခွင့်ပြုချက်တင်ကာဆန္ဒဖော် ထုတ်ခြင်းဖြစ်ပြီး ဟိုတယ်ချစ် မြို့နယ် အလုပ်သမားအဖွဲ့အစည်းHLOB မှ ဦးနေ မျိုးဇင်၊ ဦးသိန်းရွှေ၊ ဦးမြင့်ဦး၊ ဦးအောင် မိုးခိုင်၊ဦးကျော်ဌေးတို့ ဦးဆောင်၍ အလုပ် သမားအင်အား၃ဝကျော်ခန့်မှ သရပါ ဟိုတယ်မှ အလုပ်ထုတ်ခံရသော အလုပ် သမားခေါင်းဆောင်များပြန်ခန့်ရေး၊ သရပါ ဟိုတယ်မှ အလုပ်သမားသမဂ္ဂဖြိုခွဲသူများ အလိုမရှိ၊ သရပါဟိုတယ်မှ အလုပ်ရှင်နှင့် မန်နေဂျာများ၏မတရားအလုပ်ထုတ်ခြင်း များရပ်တန့်ရေး၊ Reinstate Unfairly Terminated Union Leaders and Workers at the Tharaber Gate Hotel ၊ Stop Unfair Termination at Tharaber Gate Hotel၊ No Demolishing on Union at Tharaber Gate Hotel စသည့်ဆောင်ပုဒ် ပါဗီနိုင်းစများစိုက်ထူကာ ငြိမ်းချမ်းစွာ တောင်းဆိုချက်များရရှိသည်အထိ ဆန္ဒဖော် ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။