images
UN
UN
ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုထောက်ခံ ကျောင်းသုံးစာရေးကိရိယာများလှူဒါန်း
အောင်လှဖြူ(ရမ်းဗြဲ) Saturday, 13 October 2018
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ကျောက်တော်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျောက်တော်မြို့နယ်ရှိ မြို့သစ် ရပ်ကွက်၊ပြင်ပိုင်းအမှတ်(၂)အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်း သားကျောင်းသူ ၁၆၂ဦးတို့အတွက် ကျောင်းသုံးစာရေးကိရိယာများလှူ ဒါန်းခဲ့ကြောင်းယမန်နေ့ကကျောက် တော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။
ဗဟိုအမျိုးသမီးညီလာခံ(၂ဝ၁၈) အား ကြိုဆိုထောက်ခံသည့် အနေ ဖြင့်ပြည်ခိုင်ဖြိုးပါတီမှမြို့နယ်ပါတီ ကော်မတီဝင်ဦးဦးထွန်းဝင်း၊ဘဏ္ဍာ ရေးမှူးဦးရွှေကျော်နှင့်မြို့နယ်ကော် မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေး ရာတာဝန်ခံဒေါ်သန်းတင်အေးတို့က ဦးဆောင်ပြီးအမျိုးသမီးရေးရာကော် မတီဝင်များ၊ ရုံးဝန်ထမ်းများ၊ ရပ် ကျေးပါတီဝင်များ အင်အား၂၃ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မြို့နယ်ကော်မတီဝင် ဦးဦးထွန်း ဝင်းကအဖွင့်အမှာစကားပြောကြား ခဲ့၍ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သန်းတင်အေးက ယခုလို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကျောင်း သုံးစာရေးကိရိယာလှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူတို့က ကျောင်းသားကျောင်းသူ ၁၆၂ ဦး တို့အတွက် ကျောင်းသုံးဗလာစာ အုပ်၊ ခဲတံများ လှူဒါန်းခဲ့ကြကာ ကျောင်းအုပ်ကြီးကယခုကဲ့သို့ လာ ရောက်လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်း သိရသည်။