images
UN
UN
ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲကျင်းပ
Saturday, 13 October 2018
စစ်ကိုင်းတိုင်းဒေသကြီး စစ် ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်း ရင်းသားလူမျိုးများ၊ ဖွံ့ဖြိုးရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်၉နာရီကမဟာပညာ ရေးဘွဲ့ နှစ်နှစ်သင်တန်းအမှတ် စဉ်(၁၆)နှင့် ပညာရေးဘွဲ့ငါးနှစ် သင်တန်း အမှတ်စဉ်(၂)တို့၏ သင် တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပ ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ် ချုပ်ကြီးရဲအောင်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဆက်လက်၍ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ် နှင့်တိုင်းဒေသကြီးတို့မှ ကိုယ်စား လှယ်များက ပညာရေးဘွဲ့ငါး နှစ်သင်တန်းအမှတ်စဉ်(၂)တွင် တက်ရောက်အောင်မြင်ခဲ့သူ ၁၆၅ ဦးတို့အား အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။ ထို့နောက် နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် မိဘများကို ခင်မင်ရင်းနှီးစွာ နှုတ် ဆက်ပြီး ဘွဲ့နှင်းသဘင် ဧည့်ခန်း၌ စံပြထူးချွန်ဆုနှင့် ထူးချွန်ဆုရရှိ သူအား အားပေးစကားပြောကြား သည်။ ထို့နောက် နယ်စပ်ရေးရာ ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး နှင့်ဧည့်သည်တော်များသည် သင် တန်းဆင်းကျောင်းသား ကျောင်း သူများနှင့်အတူစုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးရဲအောင်နှင့်ဇနီးတို့က သင် တန်းဆင်း သင်တန်းသား၊ သင် တန်းသူများအား ဂုဏ်ပြုညနေ စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။
ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် တွင် ယနေ့ကျင်းပသော မဟာ ပညာရေးဘွဲ့ နှစ်နှစ်သင်တန်း အမှတ်စဉ်(၁၆)နှင့် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ၌ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများမှ တိုင်းရင်းသားလူ ငယ် ၁၇၆ ဦးတက်ရောက် အောင် မြင်ခဲ့ကြောင်း သိရသည်။