images
UN
UN
နိုင်ငံတော်နှင့်မြန်မာ့တပ်မတော်အပေါ်ဖိအားပေးစွက်ဖက်နေသော ပြည်ပနိုင်ငံများနှင့်အဖွဲ့အစည်းများအားပြည်သူငါးသောင်းကျော်က ဆန့်ကျင်ရှုတ်ချ
မေနဒီမြနွယ် Sunday, 14 October 2018
နိုင်ငံတော်နှင့်မြန်မာ့တပ်မတော်အပေါ် ဖိအားပေးဝင်ရောက် စွက်ဖက်နေသော ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချပွဲကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မြို့နယ် ဆူးလေမြို့တော်ခန်းမရှေ့တွင် ယနေ့မွန်းလွဲ ၁ နာရီ ခန့်က ကျင်းပခဲ့ရာ ပြည်သူ ငါးသောင်းကျော် တက်ရောက် ပါဝင်ဆန့်ကျင်ရှုတ်ချခဲ့သည်။
အခမ်းအနားကို ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြု ခြင်း၊ နိုင်ငံတော်သီချင်းအား သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီး၊ ရန်ကုန်နှင့်မန္တလေး မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂအဖွဲ့တို့က ယခုပြုလုပ်သည့်ပွဲအားထောက်ခံကြောင်း
ပေးပို့သည့် သဝဏ်လွှာများအား တောင် သာလေးဆရာတော်နှင့် ဆရာတော်တစ်ပါး က ဖတ်ကြားခဲ့သည်။ ထို့နောက် မြန်မာ့ တပ်မတော်ကို ထောက်ခံရခြင်းနှင့် နိုင်ငံ တော်နှင့်မြန်မာ့တပ်မတော်အပေါ် ဖိအား ပေးဝင်ရောက်စွက်ဖက်နေသော ပြည်ပ နိုင်ငံများနှင့်အဖွဲ့အစည်းများအား ဆန့်ကျင် ရှုတ်ချရသည့် အကြောင်းအရာများကို ဆရာတော်ဦးဝီရသူ၊ အမျိုးသားရေး တပ်ပေါင်းစုမှ ဦးဝင်းကိုကိုလတ် တို့က ဟောပြောခဲ့ကြသည်။ ''ကျွန်တော်တို့ အမျိုးသားရေးတပ်ပေါင်းစုတွေအနေနဲ့ တိုင်းပြည်နဲ့နိုင်ငံကို ကာကွယ်စောင့်ရှောက် ပေးနေတဲ့သူတွေကို အမြဲတမ်းထောက်ခံ နေတယ်။ ပူးပေါင်းဆောင်ရွက်တယ်။ တပ်မတော်က ကျွန်တော်တို့တိုင်းရင်းသား တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့် အဝကာကွယ်နေတဲ့အတွက် ကျွန်တော်တို့ က ထောက်ခံတာဖြစ်တယ်။ICCကို ဘာလို့ဆန့်ကျင်ရသလဲဆိုရင်ICC ဆိုတာ ရာဇဝတ်ခုံရုံးဖြစ်တယ်။ အဲဒီICC က တရားသူကြီးတွေကနေ ကျွန်တော်တို့ နိုင်ငံရဲ့ တပ်မတော်ခေါင်းဆောင်ကြီးတွေ ကိုဖမ်းဆီးပြီး အရေးယူရအောင် ကျွန်တော် တို့နိုင်ငံက ကျွန်နိုင်ငံမဟုတ်ဘူး။ အချုပ် အခြာအာဏာပိုင်ဆိုင်တဲ့ သခင်နိုင်ငံဖြစ် တယ်။ ကျွန်တော်တို့နိုင်ငံထဲမှာ အစိုးရရှိ တယ်။ လွှတ်တော်ရှိတယ်။ တပ်မတော် ရှိတယ်။ ဒါကို သူတို့က ဂရုမစိုက်ဘဲ ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်တွေကို ကြက်ကလေး ငှက်ကလေးဖမ်းသလို လာ ဖမ်းပြီးအရေးယူမယ်ဆိုတာကို လုံးဝ လက်မခံနိုင်တဲ့အတွက် အခုလိုဆန့်ကျင်ရ ခြင်းဖြစ်ပါတယ်''ဟု ပြောကြားသည်။
အဆိုပါပွဲသို့ မန္တလေးတိုင်းဒေသကြီး မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ဦးဝီရ သူနှင့် ရန်ကုန်နှင့်မန္တလေးမြို့တို့မှ မျိုး ချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့မှ ရဟန်းသံဃာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတပ်မတော်ကို ချစ်ခင်လေး စားသူများ၊ ထောက်ခံအားပေးသူများ တက်ရောက်ခဲ့ကြရာ စုရပ်အဖြစ် ဗဟန်း မြို့နယ် ရေခဲဆိုင်မှတ်တိုင်မှ စတင်ကာ ကမ္ဘာအေးဘုရားလမ်း၊ အလံပြဘုရားလမ်း မှတစ်ဆင့်ဆူးလေဘုရားလမ်းတစ်လျှောက် ချီတက်ကာ ဗီနိုင်းများကို လက်ကကိုင် ဆောင်၍ ဗီနိုင်းပါစာသားများဖြစ်သော မြန်မာ့တပ်မတော်အပေါ် ဖိအားပေးစွက် ဖက်နေသောပြည်ပ နိုင်ငံများအားအလို မရှိ...အလိုမရှိ၊ မြန်မာ့တပ်မတော်အပေါ် ဖိအားပေး ပုတ်ခတ်မှိုင်းတိုက်နေသော ပြည်ပမီဒီယာများအားအလိုမရှိ... အလို မရှိ၊မြန်မာ့တပ်မတော်အပေါ် ဖိအားပေး စွက်ဖက်နေသော အဖွဲ့အစည်းများ အလို မရှိ...အလိုမရှိ၊ နိုင်ငံတော်၏အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်အား အစဉ်ဝန်းရံရေး ဒို့အရေး ...ဒို့အရေး၊ ပြည်သူများ၏အသက်အိုး အိမ်များကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်အား အစဉ်ဝန်းရံပေးရေး ဒို့ အရေး... ဒို့အရေး၊ အမျိုးဘာသာ သာသ နာကို ကာကွယ်စောင့်ရှောက်ပေးနေသော တပ်မတော်အား အစဉ်ဝန်းရံပေးရေး ဒို့ အရေး ...ဒို့အရေး၊ နိုင်ငံအကျိုး သယ်ပိုး ဆောင်ရွက်နေသည့် တပ်မတော်သားများ ကျန်းမာပါစေ... ကျန်းမာပါစေဟူသော စာသားများကို ဟစ်ကြွေး၍ ဆူးလေမြို့ တော်ခန်းမရှေ့အထိ ချီတက်ပြီးငြိမ်းချမ်းစွာ ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။