images
UN
UN
မိုးရွာသွန်းခဲ့မှုကြောင့် လမ်းပျက်စီး၍ ကျောင်းသားကျောင်းသူများ ကျောင်းတက်သွားလာရန် အခက်အခဲကြုံတွေ့နေရ
Wednesday, 17 October 2018
စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်မြို့တွင် ယခုလ ၈ရက်မှစ၍ မုန်တိုင်းဒဏ်ကြောင့် မိုးများ အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် နန်းသီကျေးရွာအထွက်လမ်းသည် ရွှံ့ညွန်များ၊ ရေအိုင်များဖြစ်ပေါ် ပျက်စီးခဲ့ပြီး ကျောင်းသားကျောင်း သူများနှင့် ကျေးရွာနေပြည်သူများ အနေဖြင့် ကျောင်းတက်သွားရာနှင့် လူမှုရေး၊ ကျန်းမာရေးကိစ္စများ သွားလာရေးအခက်တွေ့နေရကြောင်း သိရသည်။
အဆိုပါနန်းသီကျေးရွာအထွက် လမ်းသည် အရှည်ပေ ၁၃၂ဝ နီး ပါးခန့်ရှိပြီး မိုးများ အဆက်မပြတ် ရွာသွန်းခြင်း၊ ကားများဖြတ်သန်း သွားလာမှုများကြောင့် ရွှံ့ညွန်များ ရေအိုင်များ ဖြစ်ပေါ်ပျက်စီးခဲ့ရာ ကျေးရွာပြည်သူများ၏ လုပ်အား ကားများဖြင့် ပြုပြင်လျက်ရှိသော် လည်း မိုးများအဆက်မပြတ်ရွာ သွန်းခြင်း၊ လမ်းအသုံးပြုမှုများခြင်း တို့ကြောင့် ယခုအချိန်ထိသွားရေး လာရေးခက်ခဲလျက် ရှိကြောင်း နန်းသီကျေးရွာ ရာအိမ်မှူးထံမှ သိရသည်။
ဒီလမ်းမကောင်းတာတွေကို အနီးအနားကျေးရွာများမှ ကျောင်း သားကျောင်းသူများနှင့် ကျေးရွာ နေပြည်သူများသွားရေးလာရေး အဆင်ပြေနိုင်ဖို့ ကျွန်တော်တို့နန်း သီကျေးရွာပြည်သူလူထုအား၊ စက် အားများဖြင့် အမြဲတမ်းပြုပြင်ပြီး သွားလာနေရတာကြာပြီဖြစ်ကြောင်း ယခုလမှာတော့ မိုးကအဆက် မပြတ်ရွာသွန်းနေတော့ ပြုပြင်ပေး လို့လဲမရနဲ့ဆိုတော့ လမ်းက ဘယ် လိုမှကိုမကောင်းကြောင်း။ ဆိုင် ကယ်ဆိုခဏခဏလဲကြပြီး မလို လားအပ်တဲ့ ထိခိုက်ဒဏ်ရာများ လည်းရကြကြောင်း၊ ဘယ်လိုမှ သွားလို့မရတဲ့အခါ ကျေးရွာပြည် သူများအနေဖြင့် လူမှုရေး၊ ကျန်းမာ ရေးကိစ္စများအတွက် ချောင်းကို ဝါးဖောင်ဖြင့်ဖြတ်ကူး၍ သွားလာရ ခြင်းများရှိနေသည့်အတွက် ယင်း လမ်းကိုအားထားသွားလာနေကြရ သည့်ကျောင်းသားကျောင်းသူများ နှင့်ကျေးရွာပြည်သူများ ရာသီမရွေး အချိန်မရွေးအသုံးပြုသွားလာနိုင်ရေး အတွက် နန်းသီကျေးရွာအထွက် လမ်းအားပြုပြင်ပေးစေလိုကြောင်း နန်းသီကျေးရွာဒေသခံ တစ်ဦးထံမှ သိရသည်။
မော်လိုက်သား