images
UN
UN
တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်မှုများကိုဆန့်ကျင်
ပေါက်စ(မင်းလှ) Saturday, 20 October 2018
ပဲခူးတိုင်းဒေသကြီးသာယာဝတီ ခရိုင် မင်းလှမြို့နယ်တွင် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုစုပေါင်းဦးရေ ၃ဝဝ ခန့်တို့သည် ယနေ့နံနက် ၈ နာရီက မြန်မာ့ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများ ဆန့်ကျင်သော ဆန္ဒဖော်ထုတ်ပွဲကို ကျင်းပခဲ့သည်။
ဆန္ဒဖော်ထုတ်ပွဲကို မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌဗိုလ်မှူး စန်းလှိုင်(ငြိမ်း)က ဦးဆောင်ကာ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ် အောင်ဆန်းပန်းခြံရှေ့ စုရပ်နေရာ မှ
စတင်ချီတက်၍ ဈေးချိုတန်းလမ်းအတိုင်း ဆက်လက်ချီတက်ပြီး မင်းတန်းလမ်းတွင် ဝစီပိတ်တန်းစီ မတ်တတ်ရပ်လျက် ဆန္ဒ ဖော်ထုတ်သည်။
အဆိုပါဆန္ဒဖော်ထုတ်ရာတွင်''ပြည်သူ ကိုချစ်သော တပ်မတော် အောင်မြင်ပါ စေ''၊ ''တပ်မတော်စွမ်းမှတိုင်းပြည်အေး ချမ်းမည်''၊ ''မဆီမဆိုင်နိုင်ငံရေးစွက်ဖက် သောFacebook (လုံးဝ)ဆန့်ကျင်ရှုတ်ချ သည်''၊ ''ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတတစ်ဖက်သတ်အစီရင်ခံစာ(လုံးဝ) လက်မခံ''၊ ''APHR ၏ အောက်လုံး အစီရင်ခံစာအလိုမရှိ''၊ ''မြန်မာ့တပ်မ တော်ကို အပြည့်အဝထောက်ခံသည်''၊ ''တပ်မတော်အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ'' ဆိုင်းဘုတ်များ၊ စစ်မှု ထမ်းဟောင်းအလံနှင့် နိုင်ငံတော်အလံများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
''ကျွန်တော်တို့ဟာ တပ်မတော်ရဲ့ အရန်အင်အားစစ်မှုထမ်းဟောင်းအဖွဲ့ တစ်ခုဖြစ်တယ်။ တပ်မတော်ကိုချစ်တဲ့ စိတ်၊ အမျိုးချစ်တဲ့စိတ်နဲ့ ကျစ်လျစ်ခိုင်မာ စွာဖွဲ့စည်းထားတာဖြစ်တယ်၊ တပ်မတော် ရဲ့ အမာခံအင်အားဖြစ်တဲ့အတွက် တပ်မ တော်ပြိုကွဲအောင်၊ အင်အားချည့်နဲ့အောင်၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေက သွေး ထိုးနှိုးဆော်တာတွေကို ရှုတ်ချတယ် လုံးဝ လက်မခံပါ၊ ယခုလို ထောက်ခံပွဲပြုလုပ် တာဟာဘယ်အဖွဲ့အစည်းဘယ်သူတစ်ဦး တစ်ယောက်မှတွန်းအားပေးခြင်းမရှိပါ ဘူး။ ကိုယ့်သဘောဆန္ဒနဲ့ ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်တာပါ။ တပ်မတော်ကို ခုလည်း ထောက်ခံမယ်၊ နောင်လည်း ထောက်ခံ မယ်။ အမျိုးသားအင်အားတစ်ရပ်အနေနဲ့ ကျွန်တော်တို့ဟာ တပ်မတော်ကိုအမြဲ ကူညီမှာပါ''ဟု ဗိုလ်မှူးစန်းလှိုင်(ငြိမ်း)က ပြောသည်။