images
UN
UN
တိုက်ကြီးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ မူလတန်း အလယ်တန်း အထက်တန်းပညာသင် ထောက်ပံ့ငွေပေးအပ်
ထွန်းလှိုင်(မြိုင်) Sunday, 21 October 2018
ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ မူလတန်း၊ အလယ်တန်း၊ အထက် တန်း ၂ဝ၁၈-၂ဝ၁၉ပညာ သင်နှစ် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီ က ဗောဓိကုန်းရပ်ကွက် စစ်မှုထမ်း ဟောင်းအဖွဲ့ရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုက်ကြီး မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကအဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ၂ဝ၁၈-၂ဝ၁၉ပညာသင် နှစ်တွင် မူလတန်းအဆင့်၂၅ဦး၊ အလယ် တန်းအဆင့်၂၈ဦး၊ အထက်တန်း အဆင့်၃ဝ၊တက္ကသိုလ်အဆင့်တစ်ဦး စုစုပေါင်း ၈၄ဦးတို့ကို ဥက္ကဋ္ဌ ဦးအောင်မြင့်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပေးအပ်ကြသည်။
ထောက်ပံ့ငွေများကို ဗဟို အဖွဲ့နှင့် တိုက်ကြီးမြို့နယ် စစ်မှု ထမ်းဟောင်းအဖွဲ့ပူးပေါင်း၍ မူလ တန်းတစ်ဦးလျှင်ငွေကျပ် ၁၅ဝဝဝ၊ အလယ်တန်းတစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝ၊ အထက်တန်းတစ်ဦး လျှင်ငွေကျပ် ၂၅ဝဝဝ၊ တက္ကသိုလ် တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်း စုစု ပေါင်းငွေကျပ် ၁၇၈၅ဝဝဝပေးအပ် ခဲ့ ကြောင်း သိရသည်။