images
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ
သိန်းအုပ် Monday, 22 October 2018
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexender Vasilievich Fomin အား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမဆောင်၌လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ် မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီး မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုး တက်ခိုင်မာမှုရှိသည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြားစစ်ဘက်နည်းပညာဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရုရှားနိုင်ငံ တွင်ကျင်းပခဲ့သည့် ARMY Games 2018 တွင် မြန်မာ့တပ်မတော်မှပါဝင်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများနှင့် နှစ်နိုင်ငံတပ်မတော်နှစ် ရပ်အကြား အဆင့်အလိုက် ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန်လည်ပတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံစစ်သံမှူး Colonel Eduard N.OKA-LADNIKOV နှင့်တာဝန်ရှိသူများတက် ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးတို့သည်အမှတ်တရလက်ဆောင်ပစ္စည်း များ အပြန်အလှန်ပေးအပ်ပြီးစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်းသိရသည်။