images
UN
UN
မီးပွိုင့်ဧရိယာတွင် ခရီးသည်တင်ချပြုနေမှု တာဝန်ရှိသူများ အလေးထားကြီးကြပ်ပေးစေလို
ဒေသခံများ Friday, 26 October 2018
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့ ဒဂုံရွှေမန်းလမ်းနှင့် ဗိုလ် ချုပ်လမ်းဆုံရာ မီးပွိုင့်ဧရိယာ အတွင်း၌ခရီးသည်တင်ယာဉ်များ ရပ်တန့်၍စည်းကမ်းမဲ့စွာခရီးသည် တင်/ချပြုလုပ်နေကြောင်း သိရ သည်။
ထိုသို့စည်းကမ်းမဲ့စွာ မီးပွိုင့် ဧရိယာအတွင်း၌ ခရီးသည်တင် ယာဉ်များရပ်တန့်ကာ ခရီးသည် များ တင်/ချပြုလုပ်နေ၍ လမ်းဆုံ အချက်အချာကျသောမီးပွိုင့်နေရာ ၌ ယာဉ်မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်မည်ဖြစ်၍ သက် ဆိုင်ရာ တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက် ပေးစေလိုကြောင်းမြို့ပေါ်နေပြည်သူ တစ်ဦးကပြောသည်။
''မီးပွိုင့်လမ်းဆုံမှာရဲဂိတ်ရှိပါ တယ်။ တာဝန်ကျရဲများက အချိန် ပြည့်မရှိတာကြောင့် ခရီးသည် တင်ယာဉ်များက စည်းကမ်းမဲ့စွာ ရပ်တန့်၍ခရီးသည်တင်ချပြုလုပ် နေတာကိုတွေ့ရပါတယ်။ နောက် တစ်ခုက မီးပွိုင့်က မီးနီပြထား သော်လည်း ရပ်တန့်ထားခြင်း မရှိဘဲ ဖြတ်ကျော်မောင်းနှင်တာ တွေကြောင့် ဒီမီးပွိုင့်လမ်းဆုံမှာ ယာဉ်မတော်တဆထိခိုက်မှုတွေ မကြာခဏဖြစ်ပေါ်နေတာကိုလည်း တွေ့ရပါတယ်။ ဖြစ်စေချင်တာက တော့ လမ်းအသုံးပြုသွားလာနေ တဲ့ပြည်သူတွေ၊စက်ဘီးဆိုင်ကယ် စီးနင်းသူတွေနဲ့ယာဉ်မောင်းတွေက လည်းယာဉ်စည်းကမ်း၊လမ်းစည်း ကမ်းများကို လေးစားစွာလိုက်နာ ခဲ့ရင် ယာဉ်မတော်တဆထိခိုက်မှု အန္တရာယ်မှ ကင်းဝေးမှာ ဖြစ်ပါ တယ်။ တာဝန်ရှိသူတွေကလည်း အလေးထားကြပ်မတ်ဆောင်ရွက် ပေးစေချင်ပါတယ်''ဟု မီးပွိုင့် အနီးနေထိုင်သူပြည်သူတစ်ဦးက ပြောသည်။