images
UN
UN
ထန်းတပင်မြို့နယ်တွင်KG ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း (၇)ကြိမ်မြောက်ဖွင့်လှစ်
ဇင်မင်းထိုက်(ထန်းတပင်) Saturday, 27 October 2018
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်း တပင်မြို့နယ်၌ ဓမ္မစကူးလ်ဖောင်း ဒေးရှင်း(ဗဟို)နှင့်မြို့နယ်ဓမ္မစကူးလ် ကော်မတီတို့ ပူးပေါင်းကျင်းပ သည့် (၇)ကြိမ်မြောက်KG ဓမ္မ စကူးလ် ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယခုလ ၂၆ ရက် နံနက် ၈ နာရီက အမှတ်(၁) ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြ ပြီး မြို့နယ်ဓမ္မစကူးလ်ကော်မတီ၏ သြဝါဒါစရိယဆရာတော်ဖြစ်တော် မူသော နိုင်ငံတော်သြဝါဒါစရိယ လှည်းဆိပ်စံပြကျေးရွာ၊ မနောဟရီ ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုသလနှင့် မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ Óဏိကတို့က အဖွင့်သြဝါဒစကား များ မိန့်ကြားတော်မူခဲ့ကြသည်။
၎င်းနောက် မြို့နယ်ဓမ္မစကူးလ် ကော်မတီဥက္ကဋ္ဌ မြသိန်းတန်ဘုရား ကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တသုမနက စိတ်ဓာတ်ခွန်အားများ တိုးပွားစေ ရေးနှင့် ကြိုဆိုဝမ်းမြောက်ခြင်း စကားများပြောကြားခဲ့ပြီး မြို့နယ် ဓမ္မစကူးလ်ကော်မတီ နာယက တိုင်းဓမ္မစကူးလ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအရှင်ပညာဒီပ က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆုံးမသြဝါဒ စကားများ မိန့်ကြားတော်မူခဲ့သည်။
အဆိုပါ သင်တန်းကို နောင် အနာဂတ်တွင် မျိုးဆက်သစ် သား ကောင်းရတနာ၊ သမီးကောင်း ရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ထန်းတပင်မြို့နယ် အတွင်းရှိ ဓမ္မစကူးလ် ၃၈ကျောင်း တို့မှ သင်တန်းသူ ၃ဝနှင့် လေ့လာ သူ ၂ဝ တို့ တက်ရောက်လျက်ရှိ ကာ ငါးရက်ကြာ လေ့ကျင့်သင် ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။