images
UN
UN
အာရှနိုင်ငံရေးပါတီများနိုင်ငံတကာညီလာခံအစည်းအဝေးများသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင်တက်ရောက်
NG Saturday, 27 October 2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင်သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင်ကျင်းပနေသော အာရှနိုင်ငံရေးပါတီများ၏ (၁ဝ)ကြိမ်မြောက် နိုင်ငံတကာညီလာခံ၌ကျင်းပခဲ့သော ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ခဲ့ကြောင်း သိရသည်။ဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့က ကျင်းပသော အာရှနိုင်ငံရေးပါတီများ နိုင်ငံ တကာညီလာခံ၏ ဆက်စပ်အစည်းအဝေး များအဖြစ်ကျင်းပခဲ့သော အာရှနိုင်ငံရေး ပါတီများ၊ အာဖရိကနိုင်ငံရေးပါတီများ၊ လက်တင်အမေရိကနှင့်ကာရစ်ဘီယံနိုင်ငံ ရေးပါတီများ သုံးပွင့်ဆိုင် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၏ ပထမဆုံး အကြိမ်အစည်းအဝေးသို့တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၃ဝ တွင်မော်စကိုမြို့ရှိ တော်ဝင်ရာဒီ ဆန်မော်စကိုဟိုတယ်တွင်ကျင်းပသည့်အာရှ နိုင်ငံရေးပါတီများ၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံရေးပါတီများ၊ အာဖရိက နိုင်ငံရေးပါတီများ၏ သုံးပွင့်ဆိုင်တွေ့ဆုံပွဲ သို့တက်ရောက်ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသည်အာရှ နိုင်ငံရေးပါတီများ အဖွဲ့မှ ဗဟိုကော်မတီဝင်များ၊ လက်တင် အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံရေးပါတီ များမှကိုယ်စားလှယ်များ၊ အာဖရိကနိုင်ငံ ရေးပါတီများမှကိုယ်စားလှယ်များသာတက် ရောက်ခွင့်ရှိသည့် ဆွေးနွေးပွဲဖြစ်သည်။
ထို့နောက် လက်ရှိရုရှားဝန်ကြီးချုပ် မက်ဗီဒက်ဗ်ကိုယ်တိုင် တက်ရောက်ခဲ့ကာ ဒေသစံတော်ချိန်မွန်းလွဲ ၃နာရီတွင် ကျင်းပ သည့် အာရှနိုင်ငံရေးပါတီများ နိုင်ငံတကာ ညီလာခံပိတ်ပွဲအခမ်းအနားနှင့်ဒေသစံတော် ချိန် ညနေ ၆ နာရီတွင်ယူနိုက်တက်ရုရှား ပါတီကတည့်ခင်းဧည့်ခံသော ညစာစားပွဲ များကိုလည်း ဦးဝဏ္ဏမောင်လွင်တက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။