images
UN
UN
တနင်္သာရီတိုင်းတွင် မြို့နယ်သုံးခုမှ ကျောင်းသားနှင့် ပညာရေးဝန်ထမ်းများကို ကွန်ပျူတာအခမဲ့သင်ပေးမည်
Dawei Watch Sunday, 28 October 2018
တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်၊ လောင်းလုံးနှင့် မြိတ်မြို့ နယ်တို့မှ ပညာရေးဝန်ထမ်းများ၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ကျောင်းသူများကို ကွန်ပျူတာ အခမဲ့သင်ကြားပေး မည်ဖြစ်ကြောင်းတိုင်းပညာရေးမှူး ရုံးမှ သိရသည်။
အခြေခံအဆင့် Microsoft Word၊ Excel၊ PowerPoint၊ အင်တာနက်လုံခြုံစွာအသုံးပြုနည်း စသည်တို့ကို လာမည့် နိုဝင်ဘာ ၅ ရက်မှ စတင်ပြီး သင်တန်း တစ်ခုလျှင် သုံးလနှုန်းဖြင့် တစ် နှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သင်ကြားရေးအပိုင်းကို တာဝန် ယူထားသည့် ထားဝယ်KMDကွန်ပျူတာစင်တာတာဝန်ခံကိုချမ်း မြေ့က ပြောသည်။
ကျောင်းသားကျောင်းသူများ အခြေခံပညာအဆင့်တွင်ပင် ကွန် ပျူတာစနစ်တကျ သင်ယူတတ် မြောက်စေရန်နှင့်ပညာရေးဝန်ထမ်း များ ကွန်ပျူတာကျွမ်းကျင်မှုများ ရှိလာစေရန် အခြေခံပညာဦးစီးဌာန နှင့်တယ်လီနောတို့ အဓိကပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း တိုင်း ပညာရေးမှူးဒေါ်မြင့်စိန်က ပြော သည်။ ''ကျောင်းသားတွေဆို အခြေခံပညာအဆင့်ကွန်ပျူတာပြိုင် ပွဲတွေမှာ ဝင်ပြိုင်နိုင်လာမယ်။ ဝန် ထမ်းတွေဆိုရင်လည်း နောက်ဆို ကွန်ပျူတာနဲ့ပဲ အလုပ်လုပ်ရတော့ မှာဆိုတော့ သူတို့အတွက် အဆင် ပြေတာပေါ့''ဟု ဒေါ်မြင့်စိန်က ပြောသည်။
ယင်းသင်တန်းကို ထားဝယ် မြို့တွင်KMDကွန်ပျူတာစင်တာ၊ လောင်းလုံးတွင် တယ်လီနောမှ ဖွင့်ထားသည့် အလင်းအိမ် ကွန် ပျူတာသင်တန်းဌာနခွဲ၊ မြိတ်တွင် အလင်းအိမ် ကွန်ပျူတာသင်တန်း ဌာနခွဲနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒေါ်မြင့် စိန်က ပြောသည်။
ယင်းကွန်ပျူတာသင်တန်းကို တယ်လီနောမြန်မာ၊KMDကွန် ပျူတာစင်တာနှင့် ပညာရေးဝန် ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင် ခြင်းဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးမှ သိရသည်။