images
UN
UN
ကွန်ပျူတာအခြေခံသင်တန်းခြောက်ကြိမ်အခမဲ့ဖွင့်လှစ်ပေးသွားမည်
မိုဃ်းကျ(မြစ်ကြီးနား) Sunday, 28 October 2018
ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိKMD Computer Centre (I)တွင် ကွန်ပျူတာအခြေခံ အခမဲ့သင်တန်းကို နိုဝင်ဘာ ၅ ရက်မှစတင်ကာ ၂ဝ၁၉ ခုနှစ် ဇန်န ဝါရီ ၂၁ရက်အထိ သင်တန်း အကြိမ်အရေအတွက် ခြောက်ကြိမ် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းကိုTelenor Myanmarç MIDO နှင့်KMD Computer Centre တို့ ပူးပေါင်း ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းတွင် Mictosoft Word & Safe Internet (အခြေခံ)၊Mictosoft Power Point & Safe Inter- net(အခြေခံ)၊ Mictosoft Excel & Safe Internet(အခြေခံ)နှင့်Internet & Safe Internet (အခြေခံ)လေးမျိုးအား ဘာသာရပ် တစ်မျိုးလျှင် ရှစ်ရက်ကြာဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာ ရပ်တစ်မျိုးတည်းသာတက်ရောက် ခွင့်ပြုမည်ဖြစ်ပြီး အစိုးရဌာန ဆိုင်ရာ ဝန်ထမ်းများအတွက် လိုအပ်ချက်အရ ဘာသာရပ်လေး မျိုးစလုံး တက်ရောက်ခွင့်ပြုမည် ဖြစ်ကာ အသေးစိတ်အချက် အလက်များကိုသိရှိလိုပါကKMD Computer Centre (I)သို့ ဆက် သွယ်စုံစမ်းစာရင်းပေးသွင်းနိုင် ကြောင်း သိရသည်။