images
UN
UN
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာတိုးချဲ့
ခိုင်မာ Sunday, 28 October 2018
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ဧရိယာ(ထီးချိုင့်မြို့မှ ရွှေကူမြို့အကြား မြစ်ပိုင်း)တိုးချဲ့ဖွင့်ပွဲအခမ်းအနားအစီ အစဉ်ကို စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ ကမ်းနားလမ်းView point တွင် ယနေ့ကျင်းပခဲ့သည်။
သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာ နိုင်ငံအစီအစဉ်)မှ Ayeyawaddy Landscape Coordinator ဦးနိုင်လင်း က''ယနေ့ ထပ်မံတိုးချဲ့ ဖွင့်လှစ်တဲ့ ဧရိယာဟာ ၂ဝဝ၂ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်းကောက်ယူခဲ့တဲ့ စစ်တမ်း တွေအရ ဧရာဝတီလင်းပိုင်ပျံ့နှံ့ကျက် စားမှုအရေအတွက်နဲ့ အကျယ်အဝန်းဟာ လင်းပိုင်ပျံ့နှံ့ကျက်စားမှုနေရာသုံးနေရာ အနက် အရှည်လျားဆုံးနဲ့အကောင်းဆုံး လည်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သုတေသနနဲ့ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်မှုအားနည်းတဲ့နေရာ လည်းဖြစ်နေပါတယ်။ ဒီအခြေအနေ တွေဟာ ဧရာဝတီလင်းပိုင်ထိန်းသိမ်း ရေး ဧရိယာထပ်မံတိုးချဲ့ဖို့အတွက် တွန်း အားဖြစ်ပါတယ်''ဟုပြောသည်။
ယခုကဲ့သို့ တိုးချဲ့ဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဧရာဝတီ လင်းပိုင်အရေအတွက်တိုးတက်လာရန် နှင့် တစ်ကမ္ဘာလုံးတွင် မြန်မာနိုင်ငံတစ်ခုတည်းသာ တွေ့မြင်နိုင်သော ဧရာဝတီလင်းပိုင်နှင့် လက်ပစ်ကွန် ရေလုပ်သား ပူးပေါင်းငါးဖမ်းဆီး မှု ရိုးရာဓလေ့ဧရိယာ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်၊ ငါးသယံဇာတ နှင့်ဧရာဝတီလင်းပိုင်များကို မျိုး သုဉ်းပျောက်ကွယ်သွားစေနိုင်သည့် တရားမဝင်ငါးဖမ်းဆီးမှုများဖြစ် သည့် ဘထ္ထရီရှော့ခ်တိုက် ငါးဖမ်း ဆီးမှု၊ အဆိပ်ချငါးဖမ်းဆီးမှုများ တားမြစ်အရေးယူနိုင်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင် မှုနှင့်အတူသက်ဆိုင်ရာဒေသအာဏာ ပိုင်များနှင့်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေသခံများ ဧရာဝတီ လင်းပိုင်နှင့်ဆက်စပ်ပြီး အလုပ် အကိုင်အခွင့်အလမ်းများရရှိစေရန် ဧရာဝတီလင်းပိုင်အခြေပြုသဘာဝ အခြေခံ ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိန်းသိမ်း ရေးမှာ ဒေသခံများ ပိုမိုပူးပေါင်း ဆောင်ရွက်လာရန် အသိပညာပေး လုပ်ငန်းများကို လစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၎င်းက ဆက် လက်ပြောကြားသည်။