images
UN
UN
ရန်ကုန်-မာန်အောင်လေကြောင်းလိုင်း ပြန်လည်ပျံသန်းပြေးဆွဲ
သိန်းဖေ(မာန်အောင်) Monday, 29 October 2018
မာန်အောင်အများပိုင်ကုမ္ပဏီမှ တာဝန်ယူပျံသန်းသည့် မြန်မာ အမျိုးသားလေကြောင်းပိုင်Grand Caravan လေယာဉ်ငယ်ဖြင့် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ နှင့် စစ်တွေခရီစဉ်များအား ပျံသန်း ပြေးဆွဲခဲ့ပြီး ရာသီဥတုအခြေအနေ အရ မေလ ၃ဝ ရက်တွင် ရပ်နား ထားခဲ့ရာ ယနေ့တွင်ပြန်လည် ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ စတင်ပျံသန်းပြေးဆွဲ သော လေယာဉ်တွင် ရန်ကုန်မှခရီး သည် ကျား ရှစ်ဦးလိုက်ပါလာပြီး ယနေ့ နံနက် ၈နာရီ ၅၅မိနစ်တွင် မာန်အောင်-စမုံတဲလေဆိပ်သို့ ဆင်းသက်ခဲ့သည်။
ယခုပျံသန်းပြေးဆွဲနေသော လေယာဉ်ခ ဈေးနှုန်းများမှာ ရန်ကုန်-မာန်အောင် ၈၃ဝဝဝကျပ်၊ ကျောက်ဖြူ-မာန်အောင် ၃၆ဝဝဝ ကျပ်၊ စစ်တွေ-မာန်အောင် ကျပ် ၄၁ဝဝဝ ဖြစ်ပြီး လေယာဉ်ပြေးဆွဲ မည့်ရက်မှာ ယခင်ပြေးဆွဲခဲ့သော ရက် အတိုင်း တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ပုံမှန်ပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ သိရသည်။