images
UN
UN
SMEလုပ်ငန်းရှင်များအတွက် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Matrix Institute of Professionals တို့ နားလည်မှုစာချွန်လွှာရေးထိုး
သူရကို Tuesday, 30 October 2018
အသေးစားနှင့် အလတ်စား လုပ်ငန်း (SME)လုပ်ငန်းရှင်များ အတွက် ငွေကြေးအရင်းအနှီးရယူ နိုင်မှုတိုးမြှင့်ပေးရန်နှင့် ဘဏ္ဍာရေး ဗဟုသုတပြည့်ဝသောလုပ်ငန်း များပေါ်ပေါက်လာစေရန် အသေး စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်Matrix Institute of Professionals တို့ နားလည်မှုစာချွန်လွှာကို ယမန်နေ့က နိုဗိုတယ်ဟိုတယ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။
အသေးစားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်းရှင်များအနေဖြင့် ချေးငွေများအကြောင်းရှင်းရှင်းလင်း လင်းမသိခြင်း၊ ငွေချေးရန်လုပ်ငန်း စဉ်များကို မည်သည့်ဘဏ်များက ချေးပေးနေသည်ဆိုခြင်းသိရှိမှု မရှိ ခြင်းများ၊ လုပ်ငန်းတွင် Business Plan ငွေကြေးသုံးစွဲမှုစီမံခန့် ခွဲမှု၊ လိုအပ်သောစာရွက်စာတမ်း များမရှိခြင်းစသည့် အခက်အခဲများ ကြောင့် ချေးငွေမရရှိခြင်းများဖြစ် ကြောင်း သိရသည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဒီလိုအခက်အခဲတွေကိုပြေလည် စေဖို့အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုအပြီး အသေး စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်Matrix Institute of Professionals တို့ပူးပေါင်းကာ လုပ်ငန်းရှင် တွေကိုသင်တန်းပေးတာတွေ လုပ်ဆောင်နိုင်ဖို့ကိုစီစဉ်ပေးသွား မှာဖြစ်ပါတယ်''ဟုပြောကြားခဲ့ သည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦး စီးဌာနနှင့်Matrix Institute of Professionals တို့အနေဖြင့် ၂ဝ၁၇ ခုနှစ်အတွင်းကSMEလုပ် ငန်းများကိုသင်တန်းပေးခဲ့ကြောင်း သိရသည်။
လက်ရှိနားလည်မှုစာချွန်လွှာ ရေးထိုးမှုအပြီးတွင်SME လုပ် ငန်းများချေးငွေရယူရာတွင် လုပ် ဆောင်ရမည့် လုပ်ငန်းစဉ်များသိရှိ ရန်၊ ချေးငွေအမျိုးအစားများ အသိ ပညာဗဟုသုတများကို တွင်တွင် ကျယ်ကျယ်လုပ်ဆောင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
Matrix Institute of Prof-essionalsအနေဖြင့် နားလည်မှုစာ ချွန်လွှာမရေးထိုးမီရန်ကုန်တွင်သင် တန်းသား ၈ဝကျော်ကိုMoU ချေး ငွေဖြင့်ဘဏ္ဍာရေးဆိုင်ရာအထောက် အပံ့များရရှိရန် သင်တန်းများပေးခဲ့ ပြီး ယခုMoU ထိုးပြီး နောက်ပိုင်း တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ရှိ မြို့ ၁ဝမြို့ကလည်း သင်တန်း များ ဆက်လက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။