images
UN
UN
ပုဂံအမြန်ရထားနေ့ခရီးစဉ်ပြောင်းလဲပြေးဆွဲပေးရန် ဒေသခံတွေလိုလား
Wednesday, 31 October 2018
မန္တလေး-ပုဂံအမြန်ရထားများဖြစ်သော ၁၁၉ နှင့် ၁၂ဝ ရထားများ မှာ ညအချိန်ပြောင်းလဲပြေးဆွဲမှုကြောင့် ဒေသခံဖြတ်ကျော်ခံနေရသော မြို့နယ်များမှာ မြင်သာမြင် မကြင်ရဆိုသကဲ့သို့ဖြစ်နေ၍ရထားများနေ့ အစုန်အဆန်ပြောင်းလဲပြေးဆွဲပေးရန် လိုလားနေကြသည်။
ပုဂံ-မန္တလေး ဘုရားဖူးအဆင်ပြေနိုင်သော်လည်းဖြတ်သန်းနေသော တံတားဦး၊မြို့သာ၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့နယ်များရှိ ကျေးရွာ ၅ဝကျော်တို့မှာ ညအချိန်ရထားပြေးဆွဲနေမှုကြောင့် ရထားကိုမစီးနိုင်ဘဲ ဖြစ်နေကြသည်။
အမြန်ရထားနှစ်စင်းလုံး နွားထိုးကြီးဘူတာတွင် ည ၁နာရီဝန်းကျင် ဆုံမှတ်အဖြစ် စောင့်ဆိုင်းပြေးဆွဲနေသော်လည်း ခရီးသွားအတက် အဆင်းမရှိကြပါဟု နွားထိုးကြီးဒေသခံများက ပြောသည်။
ရထားစီးခသက်သာသော်လည်း ပုဂံ-မန္တလေးဘုရားဖူးတို့မှာ အမြန်ကားကိုသာ အစီးများနေကြ၍ အမြန်ရထားမစီးကြပါ။ နိုင်ငံ ခြားသားများမှာလည်း ကား၊ စက်ဘီး၊ ဆိုင်ကယ်ဖြင့် အစီးများ နေသည်ဟုလည်း သိရသည်။
ကျွန်မတို့မိန်းကလေးတစ်ယောက်တည်းညရထားမစီးရဲကြောင်း၊ လုံခြုံမှုမရှိ၍ ညရထားက အဆင်မပြေကြောင်း၊ နွားထိုးကြီး-မြင်းခြံ ဈေးလိုက်ဖို့ ညရထားကြောင့် အဆင်မပြေပါဟု ဝက်လူး၊ ဆူးဖြူကုန်း ရွာသူတို့က ပြောကြသည်။
ကြားဘူတာတွင်ရထားအတက်အဆင်းမရှိ၍ ပုဂံရထားကိုနေ့အစုန် အဆန်ရထားအဖြစ်ပြန်လည်ပြောင်းပေးရန် လိုလားနေကြသည်။
ဒေသခံများ