images
UN
UN
အမေရိကန်နိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ်ဟေသာနေရု ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီးဖြစ်လာဖွယ်ရှိ
KK(IR) Friday, 02 November 2018
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟေသာနေရုအား ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် အလေးအနက်စဉ်းစားနေသည်ဟု ယမန်နေ့တွင်ပြောကြားလိုက်ကြောင်း သိရသည်။ အကယ်၍ အမည် တင်သွင်းအတည်ပြုလိုက်ပါက သူမသည် ပြီးခဲ့သည့်လတွင် အကြောင်းပြချက် အတိအကျမပြောကြားဘဲ ရာထူးမှနုတ်ထွက်မည် ဟုကြေညာခဲ့သည့် လက်ရှိကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ကြီးနစ်ကီဟေလီ၏နေရာကို လွှဲပြောင်းယူရမည်ဖြစ်သည်။
အမေရိကန်သတင်းဌာနများစွာ၏ ဖော်ပြချက်များအရ နေရုသည် ¤င်းရာထူးအတွက် ရှေ့ဆုံးမှရပ်တည်နေသူ ဖြစ်သည်ဟုသိရသည်။ သတင်းထောက်များနှင့် အမေးအဖြေကဏ္ဍအတွင်း ယင်းလုပ်ဆောင် ချက်နှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ''သူက ကျွန်တော်တို့နဲ့ အချိန်ကြာမြင့်စွာလက်တွဲလာတဲ့သူဖြစ်ပြီး အလွန်တော်တဲ့သူဖြစ် ပါတယ်။ သူ့ကို အထူးတလည်အလေးအနက်စဉ်းစားနေပါတယ်'' ဟု ထရန့်ကပြောကြားခဲ့သည်ဟု သိရသည်။
နေရုသည် ၂ဝ၁၇ ခုနှစ် ဧပြီလတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တာဝန်မထမ်းဆောင်မီ Fox News သတင်းဌာနတွင် သတင်းစီစဉ် တင်ဆက်သူနှင့် သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူမသည် နိုင်ငံခြားရေးဝန်ကြီးများဖြစ်သည့် ရက်ဇ် တေလာဆန်နှင့် မိုက်ခ်ပွန်ပီအိုတို့လက်အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သည်။ လာမည့်ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံ အမတ်ကြီးရာထူးအတွက် အခြားလျာထားသောသူများမှာ ဂျာမနီ နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Ric Grenell ၊ ပဲရစ်ရှိ အမေ ရိကန်သံအမတ် Jamie McCourt နှင့် ကနေဒါနိုင်ငံဆိုင်ရာ အမေ ရိကန်သံအမတ်ကြီး Kelly Craft တို့ဖြစ်သည်ဟု သိရသည်။
Ref: AFP