images
UN
UN
မြန်မာတို့အသိမှန်နေပါမှ မြန်မာနိုင်ငံငြိမ်းချမ်းတိုးတက်မည် နယ်ချဲ့မီဒီယာနှင့် ပလီပလာလော်ဘီ အလံရှူး ပဉ္စမံဒလန်များကိုသတိထား
တက္ကသိုလ်မြတ်သူ Friday, 02 November 2018
(ယမန်နေ့မှအဆက်)
ဒုတိယကမ္ဘာစစ်တွင် ဖက်ဆစ်နယ်ချဲ့ သုံးနိုင်ငံအုပ်စုကို ဝိုင်းတိုက်ခဲ့ကြသည်။ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ သြစတြေး လျ စသည့်အနောက်မူလအရင်းရှင်နယ်ချဲ့ အုပ်စုသည် ကမ္ဘာစစ်ကြီးအပြီး ဆိုဗီယက် ဦးဆောင်သော ဆိုရှယ်လစ်(ကွန်မြူနစ်)နိုင်ငံ များနှင့်ဝါဒချင်း ခွပ်ကြခတ်ကြသော စစ် အေးတိုက်ပွဲ၊ လွတ်လပ်ရေးတိုက်ယူသော အာရှ၊ အာဖရိက၊ လက်တင်အာဖရိကနိုင်ငံ များအား ပြိုကွဲရာပြိုကွဲကြောင်း ဖန်တီးလာ သော လေတိုက်ပွဲ၊ အစ္စလာမ္မစ်နိုင်ငံများ နှင့်ဖြစ်ပွားသော ရေနံလုစစ်ပွဲ၊ ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်တိုက်ပွဲများတွင် ဟစ် တလာ၏ မမှန်သတင်းများ(မုသားသတင်း များ)၊ သတင်းမှန်ကို ထိမ်ချန်မှောင်ချသော သတင်းများ ကောလာဟလသတင်းများကို ဟစ်တလာနည်းအတိုင်း တွင်တွင်ဖြန့်တော့ သည်။ ဤသည်ကို ပြောင်းပြန်ဇောက်ထိုး သတင်းပြန်ကြားခြင်း(Disinformation)ဟု လည်းကောင်း မမှန်သတင်း၊ မုသားသတင်း များဖြင့် လူတို့၏ဦးနှောက်ကို ဆေးကြော ကာ ဦးနှောက်နဖားကြိုးထိုးသော အနက် ရောင်သတင်းစာများ Black Journalism တို့ကို တွင်တွင်သုံးလာသည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အွန်လိုင်း၊ ရုပ်ရှင်၊ ဇာတ်သဘင်၊ တေးဂီတ စသည့်လူထုနှင့်ဆက်စပ်ပတ်သက်ရသော မီဒီယာလုပ်ငန်းများကိုသိမ်းသွင်းကာစစ်အေး တိုက်ပွဲလက်နက်ကောင်းအဖြစ် အသုံးချ လာခဲ့သည်။ ယနေ့အနောက်(နယ်ချဲ့)နိုင်ငံ များက ဝါဒဖြန့်အသုံးချနေသောစာနယ်ဇင်း၊ ရေဒီယိုအသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြား လုပ်ငန်း၊ တေးဂီတလုပ်ငန်းများကိုနယ်ချဲ့ပုံစံ သစ်(Neo Colonialism)အတွက်လက်နက် ကောင်းများအဖြစ် အသုံးချနေပေသည်။
ယခင်ကတည်းကပင် အမေရိကန်၊ အင်္ဂလိပ် စသည့်နယ်ချဲ့နိုင်ငံမှ မီဒီယာများ သည် ၄င်းတို့နယ်ချဲ့ရာ၌ ပိုမိုလွယ်ကူစေ ရန် ကျွန်ပြုခံရမည့်နိုင်ငံများမှ ပြည်သူများ၊ အစိုးရများ၊ စစ်တပ်များ၊ အယူ၊ အတွေး၊ အသိ လွဲမှားစေရန် လိမ်လည်လှည့်ဖြားမှု များ ပြုလုပ်ခဲ့သဖြင့် အတွေ့အကြုံရင့်နေ ကြပေပြီ။ မန္တလေးတက္ကသိုလ်ကျောင်းအုပ် ကြီးဟောင်း ဆရာကြီးဦးကိုလေးရေးသား ခဲ့သည့် သီပေါမင်းနှင့်နယူးယောက်တိုင်း သတင်းစာစာအုပ်တွင် အသေးစိတ်ဖော်ပြ ထားပေသည်။ ဤစာအုပ်သက်သေအရပင် အနောက်အရင်းရှင်နယ်ချဲ့နိုင်ငံများမှ စာနယ် ဇင်းစသည့် မီဒီယာများ မူမမှန်၊ ကလိမ် ကကျစ်၊ လိမ်ကြညစ်ကြသည့်သက်တမ်း မှာ နှစ်ပေါင်း ၁၅ဝ ကျော် ၂ဝဝ ခန့် ရှိပေပြီ။ ဒုတိယကမ္ဘာစစ်အတွင်း သတင်း လိမ်၊ မုသားထုတ်ပြန်ရာ၌ ဆရာတစ်ဆူ ပါရဂူမြောက်သည့် ဂျာမနီ၊ နာဇီအာဏာရှင် အဒေါ့လ်ဖ်ဟစ်တလာထံမှ ပညာများထပ်မံ ရရှိသဖြင့် ယနေ့ခေတ်အနောက်အရင်းရှင် နယ်ချဲ့၊ စွက်ဖက်၊ ခြေရှုပ်ကျူးကျော်သမား များ၏ မုသားသတင်းလိမ်ပညာသည် ကမ္ဘာ့ လူသားများ မျက်စိတွင် အတွင်းတိမ်သလ္လာ ဖုံးစေသည်။ ပလီပလာ တီတီတာတာ မီဒီ ယာများဆိုလျှင် အမျိုးသားရေးအသိ၊ နိုး ကြားရေးသတိဖြင့် အာရုံစိုက်သုံးသပ်ခွဲခြမ်း စိတ်ဖြာ စိစစ်နိုင်မှ တော်ကာကျပေမည်။
နယ်ချဲ့မီဒီယာတို့လက်ကျမုသားသတင်းရေး နည်းကို လေ့လာဆည်းပူးထားသော မြန်မာ မီဒီယာသမားများကိုလည်း သတိပြုနိုင်မှ ဖြစ်ပေမည်။
မြန်မာတို့သည် ရှေးဘုရင်များခေတ်က ထမင်းရည် ချောင်းစီး အောင်စည်ဗြောသံ တညံညံဖြင့် လှူနိုင်တန်းနိုင်ခဲ့ကြသည်။ ထို ခေတ်ကား ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်း ဖြင့် နေနိုင်ခဲ့ပေသည်။ အနောက်ကမ္ဘာတွင် ရေနွေးငွေ့၏အစွမ်းသတ္တိကို သတိမူမိရာမှ ရေနွေးငွေ့မောင်းစက်များလှိုင်လှိုင်ပေါ်ကာ လူသုံး၊ အိမ်သုံးကုန်ပစ္စည်းကောင်းများ အတောမသတ်ထုတ်လုပ်စီးပွားဖြစ်၊ခေတ်မီ နေချိန် မြန်မာတို့ကား စက်မှုပညာ၊ သိပ္ပံ ပညာတို့ဖြင့်အလှမ်းဝေးနေခဲ့သည်။အနောက် အရင်းရှင်တို့သည် စက်မှုနည်းပညာများ၊ စက်ရုံများမှတစ်ဆင့် ငွေကြေးဓနြ<ွကယ်ဝ ချမ်းသာလာကြသည်။ မိမိတို့၏ ချမ်းသာ သုခစည်းစိမ်အဝဝကို ကာကွယ်ရန်၊ သူတစ်ပါးနိုင်ငံမှ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်သဘာဝသယံဇာတများ၊ ရွှေငွေပတ္တမြားစိန်ကျောက်ရတနာများကို မိမိတို့အပိုင်ယူနိုင်ရန် နယ်ချဲ့လာကြသည်။ နယ်ချဲ့ရာ၌ လွယ်ကူအဆင်ပြေစေရန် စစ် တပ်အင်အားချဲ့ထွင်၊ ခေတ်မီစက်မှုလုပ်ငန်း များသုံးကာ အစွမ်းထက်လက်နက်ခဲယမ်း မီးကျောက်များတီထွင်ထုတ်လုပ်စုဆောင်း ကြသည်။ ဤသို့ဖြင့် ငွေကြေးဓနအင်အား ပြည့်စုံ၊ စစ်အင်အားလက်နက် စွမ်းပကား ဖြိုးမောက်လာသည်နှင့် ကမ္ဘာတစ်ခွင် ထိုး ဖောက်ပြီးနယ်ချဲ့တို့ ရိုင်းချင်တိုင်းရိုင်းလာကြ သည်။
နယ်ချဲ့သမားဟူသည် အတ္တလောဘ လွန်၊မောဟကျွံ၊မာနတံခွန်ထူကာပင်လယ် ဓားပြများသဖွယ် ကမ္ဘာကုန်ကျယ်သရွေ့ နယ်ချဲ့ခဲ့ကြသည်။ မြန်မာအပါအဝင် အာရှ၊ အာဖရိက၊ လက်တင်အမေရိက ဒေသစုံမှ ရိုးသားအေးဆေးစွာ အရာရာရောင့်ရဲတင်း တိမ်စွာ ဘာသာသာသနာဘက်အချိန်ပိုပေး ပြီးနေခဲ့သောနိုင်ငံများတန်းစီ၍ ကျွန်ပြုခံခဲ့ ရသည်။ထို့ကြောင့်လည်း သခင်အောင်ဆန်း တို့ဦးဆောင်လှုပ်ရှားခဲ့သည့်မြန်မာမျိုးချစ် တို့၏တို့ဗမာအစည်းအရုံးဝင်များက လက်သီး လက်မောင်းတန်းကာ 'နောင်ဥဒါန်းဘယ် မကျေစရာ'ဟူသောသီချင်းကိုြေ<ွကးကြော် သီဆိုခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ကြီးသည် နယ်ချဲ့ချင်း ကိုလိုနီကျွန်နိုင်ငံစားကျက်လုကြသောနယ် ချဲ့စစ်ပွဲကြီးပင်ဖြစ်သည်။ ကမ္ဘာသူကမ္ဘာ သား သန်း၇ဝ ကျော် သေဆုံးခဲ့သည်။ မြို့ပြ၊ ကျေးရွာအိုးအိမ်အဆောက်အအုံများ၊ လမ်းတံတားများရှိစုမဲ့စုစက်ရုံများ၊ မြေပေါ် ပုံကျပျက်စီးရ၊ ပြာကျရဖြစ်ခဲ့သည်။ ကမ္ဘာ စစ်ကြီးဟူသည် နယ်ချဲ့သမားများတွင် လူမဆန်အောင်ရက်စက်ကြမ်းကြုတ်သော ဖက်ဆစ်ဝါဒလူလားမြောက်လာခဲ့သည်။ ဖက်ဆစ်ဝါဒီဟူသည် နယ်ချဲ့သမားများတွင် အမြင့်ဆုံးအဆင့် ကြမ်းကြုတ်ရက်စက်စွာ နယ်ချဲ့ခဲ့ကြသူများဖြစ်သည်။ ဒုတိယကမ္ဘာ စစ်အတွင်း ဖက်ဆစ်နယ်ချဲ့တို့၏ ပါးရိုက် နားရိုက်ခံခဲ့ဖူးသူများ၊ လက်သည်းခွံအခွာခံ ခဲ့ရသူများ၊ ကိုယ့်ကိုခေါင်းဖြတ်သတ်ပြီး မြှုပ်နှံမည့်တွင်းကို အသတ်ခံရမည့်သူကိုယ် တိုင် ကြိုတူးပေးရသည်များကို ခံစားဖူး၊ မြင်ဖူး၊ သိဖူးသူတိုင်း ဖက်ဆစ်နယ်ချဲ့ကို ရွံမုန်းကြသည်။ ကမ္ဘာ့နိုင်ငံများလည်း လွတ်လပ်ရေးရယူခဲ့သည်။ ကမ္ဘာစစ်အပြီး ပေါ်လာသည့် ကလိမ်ကကျစ်နယ်ချဲ့စနစ် ပုံစံသစ်က ဖက်ဆစ်ထက်ပင်ဆိုးသည်ကို သတိပြုမိသူနည်းနေပေသည်။ သို့သော် ထို ပုံစံသစ်ဒဏ်ကိုကား မချိမဆံ့ခံဖူးကြပေပြီ။
နယ်ချဲ့တို့က ကမ္ဘာ့လူသားများအတွေး အခေါ်၊ အသိတရားတို့ကို ပြောင်းပြန်လှန် ပစ်ခြင်းကို ဦးနှောက်ဆေးကြောသည့် Brain Wash ဟုခေါ်ကြသည်။ဤသို့ အများ ပြည်သူလူသားတို့သိရမည့်အမှန်မသိစေရန်၊ မုသားအမှားကောလာဟလလုပ်ကြံသတင်း များဖြင့် မှိုင်းတိုက်ခြင်းကို အမည်းရောင် (အနက်၊ အမှောင်)သတင်းစာပညာရပ် Black Journalism ဟုခေါ်သည်။ ပြည်သူ လူသားများ အမှန်မသိစေရန် သတင်းမှန် များကို ထိန်းချုပ်ဖုံးကွယ်ခြင်း၊ သတင်း မှန်မပြန်ကြားခြင်းကို Disinformation ဟုခေါ်သည်။ ပြည်သူလူသားများအမှန် မသိ၊ အမှန်မတွေး၊ အမှန်မလုပ်မှ နယ်ချဲ့ တို့ဆင်ထားသောထောင်ချောက်အတွင်း လိုလိုလားလားခုန်ဆင်းလာအောင် စာနယ် ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အွန်လိုင်း၊ ကလိမ်စေ့ငြမ်းဆင်ထားသော ဝတ္ထု၊ ကဗျာ၊ ပြဇာတ်၊ ရုပ်ရှင်၊ တေးသီချင်းတိပ်ခွေ၊ ဓာတ်ပြားတို့ကို သုံးကာ လူတို့အားဖြား ယောင်းမှိုင်းတိုက်၏။ ထိုသို့စိတ်ထားယုတ် ညံ့စွာ ဝါဒဖြန့်ခြင်းကိုမူ ပါပဒုစရိုက်ဝါဒ ဖြန့်ခြင်း Evil Propaganda ဟုခေါ်၏။
ဝါဒဖြန့်ရာ၌ ငွေကြေးအကုန်ကျခံကာ ပစ္စည်းကောင်း၊ နည်းပညာကောင်းများသုံး ကာ ပရိသတ်ကဖတ်ချင်စဖွယ်၊ စာနယ်ဇင်း များ နားထောင်ချင်စဖွယ်၊ ကြည့်ရှုချင် စဖွယ်၊ အသံလွှင့်လုပ်ငန်း၊ ရုပ်သံလုပ်ငန်း၊ အွန်လိုင်း(အင်တာနက်စသည်)တို့ကို သုံး ကြသည်။ ငွေကုန်ကြေးကျခံပြီး စာနယ်ဇင်း၊ မီဒီယာများကို အဆင့်မြှင့်တင်ထားခြင်းမှာ လူသားတို့အပေါ် ဖြူစင်သောစေတနာဖြင့် မဟုတ်ပေ။ ထောင်မြင်၊ သိန်းသန်းကုဋေ မြင်၍တစ်ရာမျိုးကိုးဆယ်မျိုးစွန့်ခြင်းသာဖြစ် လေသည်။
ယနေ့မမှန်သတင်း၊ ကောလာဟလ သတင်း၊ မုသားဖြင့်အတိပြီးသောသတင်း၊ အမှန်တစ်ဝက်ကိုဖုံးလွှမ်းနိုင်သောအမှားတစ် ဝက်ဖြင့် ထုတ်ပြန်သောသတင်းများကို လူထုအတွင်း ပျံ့နှံ့အောင် ထိုးဖောက်ရာ၌ ထိုမုသားကောလာဟလလွှင့်ထုတ်သူ လက် သည်မပေါ်စေသောနည်းမှာ တီးတိုးဝါဒဖြန့်၊ တိတ်တိတ်(ရှူးဟုဆိုကာ) နှစ်ကိုယ်ကြား၊ သုံးကိုယ်ကြားတိုးတိုးပြော သတင်းမှား အပင်းသွင်းနည်းဖြစ်သည်။ Whispering Campaign ဝှစ်စပါးရင်း ကမ်ပိန်းတီးတိုး သတင်းလွှင့်နည်းဖြစ်သည်။ အမေရိကန်မှ ထုတ်ဝေသော Reader's Digest ရီးဒါးဒိုင် ဂျက်စ်ခေါ် စာပဒေသာ မဂ္ဂဇင်းဟောင်းတစ် စောင်တွင် 'ညသန်းခေါင်ယံအချိန်ဖြစ်ပွား သော လူသတ်မှုတစ်ခုကို မြင်တွေ့လိုက်ရ သူက လူသတ်မှုဖြစ်ပြီး ၁၅ မိနစ်အကြာ၌ အခြားသူနှစ်ဦးအားပြောပြ၊ ထိုနှစ်ဦးက နောက် ၁၅ မိနစ်ကြာလျှင် နောက်ထပ် လူနှစ်ဦးစီကိုပြောပြ၊ ထိုအတိုင်း ၁၅ မိနစ် တစ်ကြိမ် ထိုနောက်ထပ်လူနှစ်ဦး သတင်း လွှင့်(ပြောပြ)ပါ။ထိုနှုန်းအတိုင်း ထိုလူသတ်မှု သတင်းကို ကြားရသူတိုင်းက ၁၅ မိနစ် တစ်ကြိမ် နောက်ထပ်လူနှစ်ဦးစီကိုသာပြော ပြလျှင် နံနက်မိုးသောက်သောအခါ ထို လူသတ်မှုသတင်းကို တစ်ကမ္ဘာလုံး ကြား သိပြီးဖြစ်သွားမည်''ဟု ဖော်ပြဖူးသည်။
ယနေ့ ဂြိုဟ်တုဆက်သွယ်ရေးသုံး ရေဒီယို၊ ရုပ်မြင်သံကြားများကားပို၍ မြန် ပေသည်။ ကမ္ဘာ့အရှေ့ဖျား၌ ပုဂ္ဂိုလ်တစ်ဦး မိန့်ခွန်းပြောသည်ကို ကမ္ဘာ့အနောက်ဖျားက လူများက အချိန်နှင့် တစ်ပြေးညီ ကြည့်ရှု နားထောင်နိုင်ပေသည်။ ထိုပုဂ္ဂိုလ်နိဂုံးချုပ် ကာ စကားပြောစင်မှ ဆင်းသည်ကို ထိုသို့ ဆင်းနေစဉ်မှာပင် အနောက်ဖျားက မြင်နိုင် ပေသည်။ စကော့တလန်ယာ့ဒ်စုံထောက် အရာရှိဟောင်း ဂျေဟေးသည် လန်ဒန်ဘီဘီ စီအသံလွှင့်ဌာနတွင် အကြံပေးပြုလုပ်စ