images
UN
UN
တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းပြိုင်ပွဲဝင်အသင်းများအား မိတ်ဆက်တွေ့ဆုံပွဲကျင်းပ
Saturday, 03 November 2018
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပမည့် ၂ဝ၁၈ ခုနှစ် (၂၄)ကြိမ်မြောက် တိုင်းဒေသကြီး နှင့်ပြည်နယ် အမျိုးသမီးကိုယ် ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းပြိုင်ပွဲ ဝင်အသင်းများအား မိတ်ဆက် တွေ့ဆုံပွဲအခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပ ရာ မြန်မာနိုင်ငံအမျိုးသမီးအား ကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ခင်လေး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး နှင့်အမှုဆောင်များ၊ ဖိတ်ကြားထား သောဧည့်သည်များနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်မှ ပြိုင်ပွဲဝင် အသင်းများတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုး သမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးက ကြိုဆိုနှုတ်ခွန်း ဆက် အမှာစကားပြောကြားကာ၊ ဒုတိယဥက္ကဋ္ဌဒေါ်ရီရီဝင်းက ပြိုင်ပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်း လင်းပြောကြားခဲ့ပြီး ဒေါက်တာရွှေ အိမ်စည်က Vitahome အားဆေး အကြောင်းအား ရှင်းပြပြီး ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်း အားလုံးအား ပေးအပ်ခဲ့သည်။
ဆက်လက်၍မြန်မာနိုင်ငံအမျိုး သမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အမှုဆောင် များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါ (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုး သမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့် ခန်းပြိုင်ပွဲကို ယခုလ ၄ ရက်မှ ၇ ရက်အထိ ရန်ကုန်တိုင်းဒေသ ကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုး သားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ တွင် ကျင်းပမည်ဖြစ်ရာ ပြည် နယ်နှင့်တိုင်းဒေသကြီး ၁၅ ခုမှ (၁၂ နှစ်)အောက် အငယ်တန်း ကိုးယောက်တွဲပြိုင်ပွဲ၊ (၁၃ နှစ်)နှင့် အထက်အကြီးတန်း ကိုးယောက် တွဲ ပြိုင်ပွဲ၊ သုံးယောက်တွဲ ပြိုင်ပွဲ၊ တစ်ဦးချင်းပြိုင်ပွဲနှင့်Myanmar Fitness Dance ပြိုင်ပွဲများ ထည့် သွင်းကျင်းပသွားမည်ဖြစ်ပြီးမည်သူ မဆို အခမဲ့ဝင်ရောက်ကြည့်ရှုအား ပေးနိုင်ကြောင်း သိရသည်။