images
UN
UN
ဥရောပသမဂ္ဂ၏ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေး ရုပ်သိမ်းခံရလျှင် အလုပ်လက်မဲ့ လေးသိန်းခန့်ပေါ်ထွက်လာဖွယ်ရှိ
NG Saturday, 03 November 2018
ဥရောပသမဂ္ဂက ပေးအပ် ထားသော ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး ရုပ်သိမ်းခံရပါ က မြန်မာနိုင်ငံအတွင်း၌ အလုပ် လက်မဲ့ လေးသိန်းခန့် ပေါ်ထွက်လာ ဖွယ်ရှိနေသည်ဟု ဥရောပကုန် သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များအသင်းက ခန့်မှန်းခဲ့သည်။
ဥရောပသမဂ္ဂသည် ၂ဝ၁၃ ခုနှစ်မှ စတင်ပေးအပ်ခဲ့သော ကုန် သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို ဆက်ပေးသင့်မပေးသင့် ဆုံးဖြတ် ရန်အတွက် မြန်မာနိုင်ငံအတွင်းသို့ ဥရောပကုန်သွယ်ရေးကော်မရှင်နာ မင်းကြီး၏ အထူးကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်ကာ လေ့လာ သုံးသပ်မှုများ ပြုလုပ်စေခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ် လုပ်ငန်းများမှ ဥရောပသမဂ္ဂသို့ တင်ပို့နေသည့် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့်ရှိနေပြီး မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေသည့် အထည် ချုပ်ပို့ကုန်များ၏ ၇၂ ရာခိုင်နှုန်း ခန့် ရှိနေသောကြောင့် ဥရောပသမဂ္ဂ ၏ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့် အရေးရုပ်သိမ်းခံရပါက မြန်မာ နိုင်ငံအတွင်းရှိအထည်ချုပ်လုပ်ငန်း များကိုသာမက မြန်မာနိုင်ငံ၏ ပို့ ကုန်ကဏ္ဍကိုပါ ထိခိုက်နစ်နာမှု များ ဖြစ်ပေါ်စေမည်ဖြစ်သည်။ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ၏ လေ့လာမှုများအရ မြန်မာနိုင်ငံ အတွင်းရှိ အထည်ချုပ်စက်ရုံများ တွင် အလုပ်လုပ်ကိုင်နေသူဦးရေ မှာ ခုနစ်သိန်းကျော်ခန့် ရှိနေပြီး ရာခိုင်နှုန်း ၉ဝခန့်မှာ အမျိုးသမီး များဖြစ်ကြောင်း တွေ့ရှိထားသည်။