images
UN
UN
ကုန်ဈေးနှုန်းဒဏ်ကို သူတို့တွေခါးစည်းခံနေကြရသည် အကယ်၍ တောင့်မခံနိုင်သောတစ်နေ့တွင် . . . .
စိုးထက်ကျော် Saturday, 03 November 2018
မြန်မာနိုင်ငံသည် ရေမြေတောတောင် ပထဝီအနေအထားများအရ မဟာဗျူဟာ ကျသည်။ ရာသီဥတု ကောင်းမွန်သည်။ သဘာဝတောတောင်များက အလွှာလိုက် မြောက်မှတောင်သို့ အထပ်ထပ်ဖြင့်ကာရံ ထားသည်။ အလားတူ မြတ်စွာဘုရား ပွင့် တော်မူသော ဟိမဝန္တာတောင်မှ မြစ်ဖျားခံ စီးဆင်းလာသော ဧရာဝတီမြစ်ကြီးနှင့် အခြားမြစ်များမှာလည်း မြောက်မှတောင်သို့ စီးဆင်းနေသည်။ မြန်မာပြည်မြောက်ပိုင်း တွင် ဟိမဝန္တာတောင်နှင့် နီးကပ်၍ အအေး ဓာတ်ပိုသည်။ ရေခဲတောင်များ၊ နှင်းများ ဖုံးလွှမ်းနေသည့်တောင်များဖြင့် ရှုမငြီးဖွယ် ရာ ဖြစ်သည်။ တောင်တန်းကြီးများ ဝန်းရံ နေသည်။ အအေးဓာတ်ကို အခြေခံသော အသီးအနှံများ လွန်စွာပေါများသည်။ မြေ သြဇာအလွန်ကောင်းသည်။
မြေအောက်တွင်လည်း သယံဇာတလွန် စွာပေါကြွယ်ဝသည်။ ဒေသခံတိုင်းရင်းသား များမှာ ပါးအို့နီနီလေးဖြင့် ချစ်စဖွယ်ဖြစ် သည်။ လေနုအေးအမြဲတိုက်ခတ်နေသည်။ ဆွစ်ဇာလန်နိုင်ငံရောက်နေဘိအလားဖြစ်သည်။ ဒေသခံတိုင်းရင်းသားများသည်လည်း ဆွစ် လူမျိုးတိုင်းရင်းသားများကဲ့သို့ အေးငြိမ်း သည်။ မိမိတို့အလုပ် မိမိတို့လုပ်သည်။ တောင်ခြေတောင်စောင်းတွင် နေထိုင်ကြ သည်။ ခေတ်မီတိုးတက်နေသော လူနေမှု စနစ်နှင့်အေးချမ်းပြီး ရောင့်ရဲတင်းတိမ်သော လူနေမှုစနစ်သာကွာခြားသည်။ တစ်ချိန်တွင် ဆွစ်ဇာလန်နိုင်ငံကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုး တက်လာမည် ဖြစ်သည်။ ကြွေကျနေသော ဂရိတ်ဖရုအသီးများကို ခေတ်မီနည်းစနစ် ဖြင့် စည်သွတ်နိုင်ရမည်ဟုယုံကြည်သည်။ အအေးဒဏ်ခံနိုင်ရန် အပူပေးကိရိယာများ တပ်ဆင်နိုင်ရမည်ဟုယုံကြည်သည်။ အဓိက မှာ ဒေသအတွင်း အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးလာရေးသာ ဖြစ်သည်။
မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသသည် တစ်ချိန်က မိုးခေါင်ရေရှားရပ်ဝန်းဟုခေါ် သည်။ ထန်းပင်များနှင့် ချုံပုတ်များသာရှိ သည်။ တဖြည်းဖြည်းမြေသြဇာခန်းခြောက် လာပြီး သဲဆန်လာသည်။ မိုးနည်းသည် ထက်နည်းလာသည်။ပုပ္ပားတောင်မကြီးတွင် တောင်ကတုံးဖြစ်စပြုလာသည်။ထင်းအဖြစ် သစ်ပင်ခုတ်ခြင်းကို လျစ်လျူရှုထားသည်။
၁၉၈၈ ခုနှစ် တပ်မတော်အစိုးရတာဝန် ယူသည့်အချိန်တွင် ထိုဒေသအားလုံး စိမ်း လန်းစိုပြည်ရေးကိုဇောက်ချလုပ်တော့သည်။ ပြည်သူလူထုကို ထင်းအစားထိုး လောင်စာ ကို သုံးစွဲစေပြီး ထင်းခုတ်မှုကို ပြင်းထန် စွာတားမြစ်သည်။ ဖြစ်နိုင်သည့်စိုက်ခင်း ပျိုးခင်းများကို အတိအကျစိုက်ပြီး အစေ့ များကိုပင် ရဟတ်ယာဉ်ဖြင့် တောင်ကတုံး များပေါ်သို့ သန်းနှင့်ချီ၍ကြဲသည်။ ပေါက် လာသည့်အပင်များကို ပိုးမွေးသလိုမွေး သည်။ စီမံကိန်းကာလအတွင်း တစ်စထက် တစ်စ စိမ်းလန်းလာသည်။ ဧရာဝတီမြစ်မှ မြစ်ရေတင်စီမံကိန်းဖြင့် စိုက်ပျိုးစေသည်။ရေဝေရေလဲများထိန်းသိမ်းသည်။ ၁ဝ နှစ် အတွင်း ရောက်သည့်အခါတွင် မြန်မာနိုင်ငံ အလယ်ပိုင်းသည် စိမ်းလန်းစိုပြည်စပြုလာပြီ ဖြစ်သည်။ မရွာစဖူးသဘာဝမိုးများပင် ပုံမှန် ရွာနေပေပြီ။ ပုပ္ပားတောင်မကြီးကား စိမ်းစိမ်း စိုစိုဖြင့် ရှုမငြီးဖွယ်ရာဖြစ်လာပြီ။ သဘာဝ သစ်တောသာမက လယ်ယာမြေများဖော် ထုတ်၍ စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ဤသည် ကား သမိုင်းကြောင်းတစ်ဆစ်ချိုးဖြစ်သည်။
သဘာဝကို လူ့စွမ်းအားဖြင့် တော်လှန် နိုင်ခဲ့ခြင်းဖြစ်သည်။ အကြံကောင်း၊ ဥာဏ် ကောင်းနှင့်လုပ်ရည်ကိုင်ရည်သည် သဘာဝ ကိုဖန်တီးနိုင်စွမ်းရှိသည်။ မျိုးဆက်သစ် လူငယ်များ ထိန်းသိမ်းသွားရုံသည်သာမက ဆတက်ထမ်းပိုးတီထွင်ကြံဆကြရန်လိုမည် ဖြစ်သည်။ အတွေးအခေါ်၊ အရည်အသွေး မြင့်မားလာမှသာ မိမိနိုင်ငံကို စောင့်ရှောက် ရန် အဆင့်အတန်း မြင့်မားမည်ဖြစ်သည်။
မြန်မာနိုင်ငံတောင်ပိုင်းသည် မိုးများ သည်။ မြစ်ချောင်းအင်းအိုင် ပေါများ သည်။ နုန်းတင်မြေနုဖြစ်၍ စိုက်ပျိုးရေး အတွက် သဘာဝမြေသြဇာဖြစ်သည်။ စိုက် ပျိုးရေးဖြစ်ထွန်းသည်။ သားငါးအလျှံအပယ် ပေါကြွယ်ဝသည်။ မြန်မာနိုင်ငံ၏ဝမ်းဗိုက် ဖြစ်သည်။ တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစားအထိ စိုက်ပျိုးနိုင်သည်။ မြစ် ချောင်းအင်းအိုင်များမှ သားငါးများဖမ်း ဆီးစားသောက်၍ပင်မကုန်နိုင်။ ငါး ခြောက် ငါးခြမ်းလုပ်ရသည်။ ငါးပိငံပြာရည်ပင် လုပ်ရသည်။ ရေရှည်စားနိုင်သည်။
အလားတူမြန်မာနိုင်ငံ၏ကျယ်ဝန်းလှ သည့် ပင်လယ်ရေပြင်ကြီးကား သတ္တု၊ သား၊ ငါးများဖြင့် ပြည့်လျှံနေသည်။ မြန်မာ နိုင်ငံသားများသည် ရောင့်ရဲတင်းတိမ်မှု ကြောင့် တိုးတက်မှုကို နှေးကွေးစေသည်။ အကြံကောင်းဉာဏ်ကောင်းများကို အစွမ်း ကုန်ထုတ်၍မသုံးဘဲ အေးဆေးစွာနေတတ် မှု၏ ပျော့ညံ့ချက်ဖြစ်လာသည်။ အားနည်း ချက်ဖြစ်လာစေသည်။ စင်စစ် မြန်မာနိုင်ငံ သည် မြောက်ဖျားမှ တောင်ဖျားအထိ သယံ ဇာတဖြင့် ပြည့်နှက်နေသည်။ အလားအလာ ကောင်းများ အပြည့်ရှိသည်။





မြန်မာနိုင်ငံသည် သူတစ်ပါး၏ကျွန် ဘဝဖြင့် နှစ်ပေါင်း ၁၂ဝကျော် ကြာခဲ့သည်။ ကျွန်သက်ရှည်ခဲ့၍ ရင့်သက်ရှင်သန်သော မြန်မာတို့၏အတွေးအခေါ်များကို အညွန့် ချိုးခံခဲ့ကြရသည်။ သိပ္ပံနှင့်နည်းပညာပိုင်း တွင် အလွန်အားနည်းစေခဲ့သည်။ မြန်မာ နိုင်ငံသားများကိုပြာတာ၊ စာရေးကြီး၊ ရဲအုပ်၊ မြို့အုပ်အဆင့်မျှဖြင့် ရောင့်ရဲစေသည်။ မူလ ကပင် ရောင့်ရဲတင်းတိမ်တတ်သည့် မြန်မာ တိုင်းရင်းသားများသည် ဤမျှလောက်ဖြင့် တင်းတိမ်ရုံသာမက ဘဝင်မြင့်လျက်ရှိ သည်။နည်းနည်းပါးပါးတိုးတက်မှုရှာချင်သူ များကို''အိုင်စီအက်စ်''၊ ''ဘီစီအက်စ်'' သတ်မှတ်၍ နယ်ပိုင်၊ အရေးပိုင်၊ အတွင်း ဝန်ကလေးစသည်ဖြင့်ပေး၍ နှစ်သိမ့်ထား လိုက်ကြသည်။ ထို့ပြင် ဗြိတိန်ဘုရင်မကြီး မွေးနေ့၌ ''ကျေးတော်၊ ကျွန်တော်မျိုး ဘွဲ့များ''ဖြစ်သည့် ''စီဘီအီး၊ အိုဘီအီး'' စသည့်ဘွဲ့ထူး၊ ဂုဏ်ထူးများချီးမြှင့်၍လည်း ''ပင့်''ထားလိုက်သေးသည်။
မြန်မာပညာတတ် အသိုင်းအဝိုင်းသည် ဗြိတိသျှတို့၏ ကျေးတော်ကျွန်တော်မျိုး များအဖြစ်ဖြင့်သာ သံသရာလည်နေခဲ့သည်။ ဤသို့ဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်၊ သိပံ္ပပညာရှင်၊ စီးပွားရေးပညာရှင်များ ထွက်ပေါ်လာခြင်းမရှိခဲ့။ သို့ဖြစ်၍ လွတ် လပ်ရေးတိုက်ပွဲဝင် မျိုးချစ်ကြီးများက ''ကျွန်ပညာရေးစနစ် အလိုမရှိ''၊ ''သခင် ပညာရေးစနစ်သာလိုသည်''ဟု တောင်းဆို ခဲ့ခြင်း ဖြစ်သည်။
လွတ်လပ်ရေးရပြီးနောက်တွင် မြန်မာ တို့သည် ဆရာဝန်၊ အင်ဂျင်နီယာ၊ စီးပွား ရေးပညာ၊ သိပံ္ပပညာများကို သင်ခွင့်ရရှိခဲ့ သော်လည်း နောက်ကျကျန်ခဲ့လေသည်။ သို့ ဖြစ်၍ လွတ်လပ်ရေးရပြီးသည့်တိုင်အောင် ဆရာဝန်ဆိုပါက ပန်ချာပီခေါင်းပေါင်းနှင့်မှ ဆရာဝန်ထင်နေကြသည်။ တိုက်ပုံနှင့်နား ကြပ်ကိုင်လျှင် 'ရမ်းကုဆရာဝန်'ထင်နေ သည်။ အင်ဂျင်နီယာဆိုပါက အင်္ဂလိပ် ကုလားကပြား၊ လည်စည်းကြောင်လျှာသီး ဖြင့် ဘိုကြက်ချေးဖြစ်မှ တွက်တတ်ချက် တတ်သည့်ပညာရှင်ဟု ထင်နေသည်။ အလားတူ စာရင်းစစ်သည့်ပုဂ္ဂိုလ်ပင် မန် ကျည်းသီးရောင်ရှိသည့်စကားပြောလျှင် လျှာလိပ်မှ စာရင်းစစ်တတ်သည်ဟု ထင်နေ သည်။ ဤသည်ကား နယ်ချဲ့ကိုလိုနီတို့က မြန်မာနိုင်ငံအား ခေတ်နောက်ကျစေရန် စီမံချက်ဖြင့် ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။
ဤမျှသာမက လွတ်လပ်ရေးမပေးမီက ပင် နယ်ချဲ့တို့သည် မြန်မာနိုင်ငံ၌ ဝရုန်း သုန်းကားဖြစ်စေရန် စီမံချက်ကြီးချထားခဲ့ သည်။ (Divide and Rule)ခေါ်သည့် သွေး ခွဲအုပ်ချုပ်မှုစနစ် ကျင့်သုံးခဲ့သည်။ ညီအစ်ကို မောင်နှမအရင်းအချင်းချင်း အကြီးဖြစ်သူကို တစ်မျိုး၊ အလတ်ဖြစ်သူကိုတစ်ဖုံ၊ အငယ် ဆုံးအားသွေးထိုးမြှောက်ပေး၍ တစ်သွယ် ခွဲခြားထားသည်။ ဤမျှမကသေး တစ်ဦး နှင့်တစ်ဦး သူစိမ်းဆန်စေရန် သမိုင်းကြောင်း ကို လုပ်ကိုင်ဖန်တီးပေးသည်။ နာကြည်းစေ ရန် လုပ်ကြံပေးသည်။ နယ်ချဲ့ဗြိတိသျှ သည် မြန်မာနိုင်ငံမှမထွက်ခွာမီကာလတွင် အိမ်ကြက်ချင်း အိုးမဲသုတ်ပေးခဲ့သည်။ 'သွေးခွဲအုပ်ချုပ်ထားသူများ'အား သူစိမ်း တစ်ရံဆံများဖြစ်စေရန် မီးမွှေး ပေးခဲ့တော့ သည်။ ဤတွင် ညီအစ်ကိုအချင်းချင်း ကျိုး၊ ကန်း၊ သေကျေ၊ ပျက်စီးရသည်အထိ တိုက်ခိုက်သတ်ဖြတ်ကြတော့သည်။ ဤသို့ ဖြင့် မြန်မာနိုင်ငံ၏ စီးပွားအရကောင်းသော အလားအလာရှိနေပါလျက် ဆုတ်ယုတ်မှု များသာ တွေ့ရတော့သည်။
ဆိုရရင် လွတ်လပ်ရေးရပြီးသည်မှာ နှစ်ပေါင်း ၅ဝ နီးပါးမြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေရသည်။ နိုင်ငံရေးလမ်း ကြောင်းသာမက စစ်ရေးဖြင့်ပါ ဖြေရှင်း နေ၍ လုံခြုံမှုနည်းပါးသည်။ နိုင်ငံမတည် ငြိမ်သဖြင့် စီးပွားရေးပါဆုတ်ယုတ်လာ သည်။ မည်မျှကောင်းသော ဝါဒလမ်းစဉ် ပင်ကျင့်သုံးစေကာမူ နိုင်ငံတော်မတည် မငြိမ်၊ မအေးချမ်းလျှင် စီးပွားရေးသည် အလိုအလျောက်ပျက်စီးမည်ဖြစ်သည်။ စီးပွားရေးမကောင်းလျှင် လူမှုရေးလည်း အလိုအလျောက် နိမ့်ကျမည်ဖြစ်သည်။ သည်ကြောင့် မြန်မာနိုင်ငံသည် စီးပွားရေး အလားအလာများကောင်းမွန်ပါလျက် အိမ် နီးနားချင်းနိုင်ငံများကိုပင် မမီဘဲဖြစ်ခဲ့ရ သည်။ ဤသည်ကြောင့် တပ်မတော်အစိုးရ လက်ထက်တွင် သွားလာရေးလမ်းများ ကောင်းမွန်စေရန် မီးရထားလမ်းများ ချဲ့ ထွင်ခဲ့သည်။ မြစ်ကူးတံတားများ တည် ဆောက်ပေးသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန် ဆည်၊ တာတမံများ ဆောင်ရွက်ပေး သည်။ မြန်မာ့စီးပွားရေး တိုးတက်လာစေ ရန် အဘက်ဘက်က ကြိုးပမ်းခဲ့သည်။ မြန်မာနိုင်ငံတိုင်းရင်းသားများ မချမ်းသာ သော်လည်း ယနေ့ကာလကဲ့သို့ ပြည်သူများ စီးပွားရေးကျဆင်းခြင်းကို မခံစားရပေ။
အလားတူ ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပိုပြီး စီးပွားရေး၊ ငြိမ်းချမ်းရေးကို တစ်ပြိုင်တည်းကြိုးပမ်းခဲ့ သည်။ သမ္မတဦးသိန်းစိန်လက်ထက်နှင့်တပ် မတော်အစိုးရလက်ထက်တွင် စီးပွားရေး ပိတ်လေးပိတ်ကြားမှ တိုးတက်အောင် ကြိုး ပမ်းခဲ့သည်။ နိုင်ငံခြားတိုင်းပြည်များ စီးပွား ရေးကပ်ကိုခံစားကြသော်လည်း မြန်မာပြည် သူများမခံစားကြရ။ ဤကဲ့သို့သော အခက် အခဲများမှ ကြိုးပမ်းခဲ့ကြသည်။ ကြိုးပမ်း ကြသည်နှင့်အမျှ မြန်မာပြည်သူတို့ ယနေ့ ကဲ့သို့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို မခံစား ကြရ။ ဒီမိုကရေစီကျကျ နိုင်ငံတော်အာဏာ ကို လွှဲပေးခဲ့သည်။ ယခုအခါဆိုပါလျှင် နှစ်နှစ်ကျော်ခဲ့ပြီ။ ပြည်သူများက မျှော်လင့်မှု ကြီးစွာဖြင့် ယခုအစိုးရကို အားပေးခဲ့သည်။ တစ်နှစ်မျှော်ရ၊ နှစ်နှစ်မျှော်ရနှင့် မျှော်ရကျိုး မပြည့်ခဲ့ကြ။သည်ကြောင့်လည်း ၂ဝ၁၈ခုနှစ် စက်တင်ဘာလတွင် နိုင်ငံရေးပါတီ၂၇ပါတီ က ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်ကို တွေ့ရပါသည်။
၁။ ယနေ့မြန်မာ့စီးပွားရေးအခြေအနေမှာ လက်ရှိအစိုးရတာဝန်ရှိသူများ၏ တရားဝင် ထုတ်ဖော်ပြောဆိုမှုအရ အရှိန်အဟုန်နှင့်တိုး တက်နေသည်ဟု ဆိုသော်လည်း ပြည်သူ တို့၏ လက်တွေ့ဘဝတွင်မူ ယခင်အစိုးရ ကာလထက် ထက်ဝက်ခန့်ကျဆင်းနေ ကြောင်း ဈေးကွက်ရှိ ကိန်းဂဏန်းများနှင့် အောက်ပါအချက်အလက်များက သက်သေ ပြလျက်ရှိပါသည်-
(က) တစ်ဒေါ်လာ ခြောက်ကျပ်မှ ကျပ် ၁၂ဝဝ ဝန်းကျင်ဖြစ်ပေါ်နေခဲ့သော ငွေလဲနှုန်းအမျိုးမျိုးကို ယခင်အစိုးရ တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် ကမ္ဘာငွေကြေးဈေးကွက်စံများနှင့်အညီ နှုန်းရှင်မျှော (Managed Float Ex-change Rate System) သို့ တရားဝင် ပြောင်းလဲနိုင်ခဲ့သည့် ၁-၄-၂ဝ၁၂ ရက်၌ မြန်မာငွေကြေးသမိုင်းတွင် စံသတ်မှတ်နိုင်ခဲ့သော လဲလှယ်နှုန်းမှာ တစ်ဒေါ်လာ ၈၁၉ကျပ် ဖြစ်ပါသည်။
(ခ) လက်ရှိအစိုးရကာလ ဒေါ်လာဈေးစံ ချိန်တင်မြင့်တက်ခဲ့သည့် ၂၁-၉-၂ဝ၁၈ရက် လဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁၆၄ဝ ဖြစ်ပါသည်။
(ဂ) လက်ရှိအစိုးရ စတင်တာဝန်ယူသည့် ၁-၄-၂ဝ၁၆ ရက် လဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၁၉၃ ကျပ်သည် ယခင် အစိုးရကလွှဲပြောင်းပေးထားခဲ့ သောအမွေစစ်စစ်ဖြစ်ပါသည်။ လက် ရှိအစိုးရကာလတွင် ၂ဝ၁၇ ခုနှစ် မတ်လအတွင်း၌ တစ်ဒေါ်လာလျှင် ၁၃၉၆ ကျပ်မှသည် ၃၁-၇-၂ဝ၁၈ ရက်၌ ၁၄၄၄ ကျပ်သို့လည်းကောင်း၊ ၁၆-၈-၂ဝ၁၈ ရက်၌ ကျပ် ၁၅၇ဝ ကိုလည်းကောင်း၊ ၂ဝ-၉-၂ဝ၁၈ ရက်၌ ကျပ် ၁၆၄ဝ သို့လည်းကောင်း တစ်ဟုန်ထိုး မြင့်မားလာခဲ့ပါသည်။
(ဃ) ယခင်အစိုးရကာလ တစ်ဒေါ်လာ တန်ဖိုးသည် ယခုအစိုးရကာလတွင် နှစ်ဆတက်ခြင်း သို့မဟုတ် ၂ဝ၁၂ ခုနှစ် မြန်မာငွေတစ်ကျပ်၏တန်ဖိုး သည် ယခုအခါ ပြား ၅ဝ သာရှိတော့ ခြင်း သို့မဟုတ် မြန်မာကျပ်ငွေတန် ဖိုး ထက်ဝက်ကျဆင်းခြင်း သို့မဟုတ် ရာခိုင်နှုန်း ၁ဝဝ ကျဆင်းခြင်းဖြစ် ကြောင်း တွေ့ရှိရပါသည်။
(င) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ကထုတ်ပြန်သည့် ''၂ဝ၁၈ သြဂုတ်လအတွက် မြန်မာ နိုင်ငံ၏ စားသုံးသူဈေးဆနှုန်းနှင့် ငွေ ကြေးဖောင်းပွမှုနှုန်းအခြေအနေ'' စာရင်းအရ ၂ဝ၁၂ ခုနှစ် ဈေးဆနှုန်း= ၁ဝဝ အခြေခံသည့်တွက်ချက်မှုတွင် စားသုံးသူဆနှုန်းမှာ ၂ဝ၁၈ ခုနှစ် သြဂုတ်လတွင် ၁၄၄ ဒသမ ၁၇ သို့လည်းကောင်း၊ အစားအစာအုပ်စု သီးသန့်တွက်လျှင် ၁၅၆ ဒသမ ၈၈ သို့လည်းကောင်း ရောက်ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် အထွေထွေကုန် ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းဈေး နှုန်းများမြင့်တက်လာကြောင်း သက် သေပြလျက်ရှိပါသည်။
၂။ မည်သို့သောအယူအစွဲ၊ အကြောင်းပြ ချက်ဖြင့်ဖြစ်စေ၊ စီးပွားရေးစီမံကိန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကိုရပ်ဆိုင်း စေခြင်းသည် ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်းရှင်များ၏ယုံကြည်မှု(Trust)ကို ပျောက်ဆုံးစေသည်သာဖြစ်ပါသည်။ မည် သည့်လုပ်ငန်းကဏ္ဍ၌ရင်းနှီးမြှုပ်နှံရမည်ကို လည်း ဝေခွဲနိုင်စွမ်းမရှိကြတော့ပါ။
၃။ မြန်မာငွေကျပ်နှင့် အမေရိကန်ဒေါ်လာ လဲနှုန်းသာမက စင်ကာပူဒေါ်လာ၊ တရုတ် ယွမ်ငွေ၊ ထိုင်းဘတ်ငွေ စသည့်အခြားကမ္ဘာ