images
UN
UN
မင်္ဂလာတောင်ညွန့်နှင့် တာမွေမြို့နယ်တို့မှ စစ်မှုထမ်းဟောင်းအဖွဲ့များစုပေါင်း တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအားကန့်ကွက်ဆန္ဒဖော်ထုတ်
မေနဒီမြနွယ် Saturday, 03 November 2018
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးမှူးအဖွဲ့(စည်ပင်ပြင်ပ)မှကြီးမှူးကျင်းပသော မြန်မာ့တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ်တို့မှ စစ်မှုထမ်းဟောင်းအဖွဲ့များစုပေါင်း၍ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ကန်တော်ကြီး ပုဂံလုံးကျွန်းရှေ့တွင် မွန်းတည့် ၁၂ နာရီခန့်က ပြုလုပ်ခဲ့သည်။ထိုကဲ့သို့ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရခြင်း နှင့်ပတ်သက်၍ ဦးဆောင်ပါဝင်သူဖြစ် သည့် မင်္ဂလာတောင်ညွန့်မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခင်မောင် ဝင်း(ငြိမ်း)က''စစ်မှုထမ်းဟောင်းဆိုတာ က တပ်မတော်ရဲ့အရန်အင်အားတွေဖြစ်ပါ တယ်။ တပ်မတော်အပေါ်ကိုပြည်တွင်း ပြည်ပက မဟုတ်မမှန်လုပ်ကြံစွပ်စွဲပြော ဆိုနေတာတွေ၊ ရှုတ်ချနေတာတွေနဲ့ပတ် သက်ပြီး ကျွန်တော်တို့ အနေနဲ့လုံးဝလက် မခံနိုင်ပါဘူးလို့ပြောချင်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာလည်း စစ်အင်အားကြီးမားတဲ့ နိုင်ငံတွေသာ ကြီးစိုးနေတဲ့အတွက် ကျွန် တော်တို့နိုင်ငံရဲ့ စစ်အင်အားချည့်နဲ့လာရင် ပြည်ပကနေ အခုထက်ပိုလာမယ့်စွက်ဖက် မှုတွေနဲ့ နောင်တစ်ချိန်မှာ လက်ရှိရထား ပြီးသားလွပ်လပ်ရေးကိုပါ ဆုံးရှုံးသွားနိုင်ပါ တယ်။ တပ်မတော်ဆိုတာတိုင်းပြည်ရဲ့ကာ ကွယ်ရေးကိုအသက်စွန့်ကြိုးပမ်းဆောင်ရွက် နေတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကျွန်တော် တို့အနေနဲ့ မြန်မာ့တပ်မတော်ရဲ့လုပ်ဆောင် မှုတွေကို အမြဲတမ်းထောက်ခံအားပေး သွားမှာဖြစ်ပါတယ်''ဟု၎င်းကပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲအား မင်္ဂလာ တောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန် အင်အားအပါအဝင်စုစုပေါင်းလူဦးရေ ၂ဝဝ ကျော်ခန့်တက်ရောက်ကာ မြန်မာနိုင်ငံ တော်အလံ၊ စစ်မှုထမ်းဟောင်းအလံများကို လွှင့်ထူလျက် မြန်မာ့တပ်မတော်ကိုအပြည့် အဝထောက်ခံသည်။ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်။ ဘက်လိုက် သောကုလသမဂ္ဂအချက်အလက်ရှာဖွေရေး ကော်မရှင်၏မမျှတသော တစ်ဖက်သတ် အစီရင်ခံစာအားလုံးဝလက်မခံ၊ ပြည်သူကို ချစ်သော ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်း ပြည်အေးချမ်းမည်။APHR ၏ အောက်လုံး အစီရင်ခံစာအလိုမရှိဟူသော စာသားပါ ဗီနိုင်းများကိုကိုင်ဆောင်လျက် ငြိမ်သက် အေးချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိ ရသည်။