images
UN
UN
တာမွေမဲဆန္ဒနယ်တွင် မဲပေးသူတချို့ခိုင်လုံသည့်သက်သေခံအထောက်အထားမပါသော်လည်းကော်မရှင်က မှန်ကန်ကြောင်းထောက်ခံကာ မဲပေးခွင့်ပြု
သစ်တော် Saturday, 03 November 2018
ယနေ့တွင် ကျင်းပလျက်ရှိ သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ တာမွေမဲဆန္ဒနယ်မြေ မြို့သစ် (၁)လမ်း မဲရုံအမှတ်(၃)တွင်လာ ရောက်မဲပေးသူတချို့မှာ ခိုင်လုံ သည့်သက်သေခံအထောက်အထား မပါသော်လည်း ကော်မရှင်က မှန်ကန်ကြောင်းထောက်ခံကာ မဲ ပေးခွင့်ပြုကြောင်း ပြည်ခိုင်ဖြိုးပါတီ တာမွေမြို့နယ်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်က ပြောသည်။''မြို့သစ်(၁)လမ်း မဲရုံအမှတ် (၃)မှာ ခိုင်လုံတဲ့ သက်သေခံ အထောက်အထားတစ်ခုခုမပါဘဲ မဲလာပေးသွားတယ်။ ပေးသွားတဲ့ အခါမှာ ရပ်ကွက်ကောက်မရှင် ကနေပြီးတော့ မှန်ကန်ပါတယ်ဆို ပြီးထောက်ခံတယ်။ မဲပေးခိုင်းတယ်။ အရင်တုန်းက ခိုင်လုံတဲ့အထောက် အထားတစ်ခု ဒါမှမဟုတ် တစ်ခုခု ကိုပြရတယ်။ အခုက ခိုင်လုံတဲ့ အမှတ်အသား ဘာမှမပါလည်း ရပ်ကွက်ကော်မရှင်အနေနဲ့ ခေါင်း ညိတ်လိုက်ရုံနဲ့ မဲရုံတာဝန်ရှိသူက ဟုတ်ပါတယ်လို့ ထောက်ခံလိုက်ရုံ နဲ့မဲပေးသွားတယ်ဆိုတော့ နည်းနည်း တော့တစ်မျိုးဖြစ်နေပါတယ်''ဟု ၄င်းက ပြောသည်။
ထိုအချက်က ဥပဒေအရ ဘောင်ဝင်ခြင်း၊ဘောင်မဝင်ခြင်း မှာ နောက်ဆုံးလက်ရှိအနေအထား အရ ကော်မရှင်အနေဖြင့်လက်ခံ မည်ဆိုပါက လက်ခံရမည့်ပုံစံဖြစ် နေကြောင်း၌ လောလောဆယ်၌ မိမိတွေ့ရှိခဲ့သည်မှာ ယင်းမဲတစ်ရုံ တွင်ဖြစ်ပြီး တခြားမဲရုံများတွင် လည်းရှိကောင်းရှိနိုင်ကြောင်း ၄င်း က ဆက်လက်ရှင်းပြသည်။
ရွေးကောက်ပွဲကာလအတွင်း ၌ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌက မဲစာရင်း ၇ဝဝဝကွာနေသည်အား ပြန်လည်စာရင်းပြုစုပေးခဲ့သော် လည်းကွာဟချက်များရှိနေဆဲဖြစ် ကြောင်းလည်း သိရသည်
တာမွေမဲဆန္ဒနယ်သည် ပြည် သူ့လွှတ်တော်နေရာအတွက် ယှဉ် ပြိုင်ရခြင်းဖြစ်ပြီး စုစုပေါင်းမဲရုံ ၁၂၃ ရုံထားရှိပြီး မဲပေးခွင့်ရှိသူ ၉၉၁၁၉ ဦးရှိသည်ဟု သိရသည်။