images
UN
UN
သီရိရတနာလက်လီလက်ကားဈေးဝင်း၌ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွား
မောင်စိန်ဝင်း Saturday, 03 November 2018
မြောက်ဥက္ကလာပမြို့နယ်ရှိ သီ ရိရတနာ လက်လီလက်ကားဈေး ဝင်း၌ ယနေ့နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီ ၃ မိနစ်က မြောက်ဥက္ကလာပ မြို့နယ် (ဌ) ရပ်ကွက်၊ သီရိရတနာ လက်လီလက်ကားဈေးဝင်းရှိL၃ အဆောက်အအုံ၊ အကျယ်အဝန်း (၁၅x၄၅)ပေ၊ RC ၂၄ ခန်းတွဲ နှစ်ထပ်တိုက်၏ ဝဲအစွန်လေးခန်း မြောက်ဖြစ်သော ရှင်သာတင်နာ နှင့် ကားဆေးမှုတ်ပစ္စည်းအရောင်း ဆိုင်ဖွင့်ထားသည့် ဆိုင်ခန်းအငှား ဦးချင်ဟန်ဟုန်(၂၅နှစ်)၏ နှစ်ထပ် တွဲဆိုင်ရှိ ရေခဲသေတ္တာSafeguard ပလပ်ခေါင်းချောင်ရာမှ အပူလွန်ကဲ ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ရေခဲသေတ္တာတစ်လုံး၊Safeguard တစ်ခု၊ တစ်ကောင်အားအဲယား ကွန်း(အင်ဒိုး) တစ်လုံး၊ တင်နာပုံး များ၊ကားမှုတ်ဆေးပုံးများနှင့်အကျယ်အဝန်း(၁၅x၄၅) ပေဆိုင်ခန်း တစ်ခန်းမီးလောင်ခံရကြောင်း သိရသည်။
အခင်းဖြစ်မီးလောင်ရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီးအပါအဝင် အခြားမြို့နယ်အသီးသီးမှ မီးငြှိမ်းသတ်ယာဉ်စုစုပေါင်း ၂၆ စီး၊ ရေသယ်ယာဉ်စုစုပေါင်း ၁၁ စီး၊ အထောက်အကူပြုယာဉ်စုစုပေါင်း လေးစီး၊ ကွပ်ကဲမှုယာဉ် စုစုပေါင်း ရှစ်စီးတို့ဖြင့် သန္ဓေမီး သတ်တပ်ဖွဲ့ဝင် ၂၅၄ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ဝ၂ ဦးတို့ဖြင့် ထွက်ခွာ၍ မီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၇ နာရီ ၄၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၇ နာရီ ၄၆ မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းအငှား ဦးချင်ဟန်ဟုန်အား မြောက်ဥက္ကလာပမြို့မရဲစခန်းမှ (ပ)၁၃၄၅/၂ဝ၁၈/ ပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။