images
UN
UN
သထုံတွင် အစာအဆိပ်သင့်ပြီး လူအယောက် ၁ဝဝ ခန့် ဆေးရုံရောက်
Dawei Watch Saturday, 03 November 2018
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့သိမ်ဆိပ်ရက်ကွက် မွေးနေ့အလှူတွင် ကျွေးသည့် အစားအသောက်များစားမိရာမှ ကလေးနှင့်လူကြီးအယောက် ၁ဝဝ ခန့် အစာအဆိပ်သင့်ပြီးဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူရသည်ဟု သိရသည်။
ယမန်နေ့ နံနက် ၁ဝ နာရီခန့်က မွေးနေ့အလှူတွင်ကျွေးမွေးသည့် ခေါက်ဆွဲကြော်၊ ရေခဲမုန့်၊ ပဲ၊ လက်ဖက်များစားမိကြရာမှ ယင်းသို့ အစာအဆိပ်သင့်ခြင်းဖြစ်ပြီး သိမ် ဆိပ်တိုက်နယ်ဆေးရုံနှင့် သထုံဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့ရသည်။''ညက ဖြစ်တဲ့အချိန်တော့ ဆေးရုံနှစ်ရုံမှာ လူနာတွေတော် တော်များသွားတယ်။ သက်သာတဲ့ လူနာ ၁ဝ ယောက်လောက်တော့ ညကအိမ်ပြန်သွားကြတယ်။ ဒီ နံနက်မှာ တစ်ဝက်လောက်ပြန်သွား ကြပြီ ညနေလောက်ဆို အားလုံး ပြန်ဆင်းနိုင်မယ်''ဟု သထုံခရိုင် ဆေးရုံအုပ်ဒေါက်တာသင်းသင်းအိ က ပြောသည်။
မွေးနေ့အလှူအိမ် အစား အသောက်စားမိကြသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစပြီး ဗိုက်နာ၊ အော့အန်၊ ဝမ်းသွားခြင်း ကြောင့် ဆေးရုံသို့ စတင်ရောက် လာကြသည်ဟု ၄င်းကပြောသည်။
''မွေးနေ့မှာခေါက်ဆွဲကြော် ပါဆယ်ကမ်းတယ်။ ခေါက်ဆွဲ ကြော်ကို ၁ဝ နာရီလောက်မှာ စားတယ်။ မွန်းလွဲ ၃ နာရီလောက် မှာမူးပြီးအန်လာတော့ ဆေးရုံ ရောက်လာတယ်။ကျွန်တော်အပါ အဝင် ကျွန်တော့်အိမ်က လေး ယောက်လုံးဆေးရုံရောက်တယ်'' ဟုအစာအဆိပ်သင့်ပြီး သိမ်ဆိပ် တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ဦးဝင်းအောင်က ပြောသည်။
အစာအဆိပ်သင့်မှု အဖြေမှန် သိရှိနိုင်ရေးအတွက် လူနာ၏ အန်ဖတ်များကို နမူနာယူကာ ဓာတ် ခွဲခန်းတွင်စစ်ဆေးနေကြောင်း၊အဖြေ သိရှိရန် တစ်ပတ်ခန့်ကြာမည်ဖြစ် ကြောင်း ဒေါက်တာသင်းသင်းအိ က ပြောသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ၏ ထုတ်ပြန်ထားသည့် အစာအဆိပ်သင့်မှု မဖြစ်ပွားစေရန် နှိုးဆော်စာအရ မသန့်ရှင်းသော အစားအသောက်များကို စားသုံး ခြင်းကြောင့် အစာအဆိပ်သင့်ခြင်း ဖြစ်ပွားတတ်ပြီးရောဂါပိုးများကြောင့် ဖြစ်ပွားမှုများသည့်အပြင် အခြား အဆိပ်အထောက်ဖြစ်စေသောဓာတု ပစ္စည်းများ၊ မှို၊ အပင်များနှင့် ငါး၊ ခရုများရှိ အဆိပ်ဖြစ်စေသော ဓာတ်ပစ္စည်းများကြောင့်လည်း ဖြစ် ပွားတတ်သည်ဟု ဖော်ပြထား သည်။