images
UN
UN
မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းများ ပြည်ပနိုင်ငံများသို့ရောင်းချနိုင်ရန် ကုမ္ပဏီသုံးခု ပူးပေါင်းလုပ်ဆောင်သွားမည်
Sunday, 04 November 2018
မြန်မာနိုင်ငံအတွင်းထုတ်လုပ် သည့် ထုတ်ကုန်ပစ္စည်းများ ပြည်ပ နိုင်ငံများသို့ရောင်းချနိုင်ဖို့ ဝက်ဘ် ဆိုက်တစ်ခုကို DHL သယ်ယူပို့ ဆောင်ရေးလုပ်ငန်း၊ CB Bankနှင့် Get all Myanmar Co.,Ltd တို့ ပူးပေါင်းပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှထုတ်လုပ်သည့် စားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပစ္စည်းများကို ပြည်ပသို့ ရောင်းချနိုင်ဖို Get all Myanmar Co.,Ltd က ဝက်ဘ်ဆိုက်တစ်ခု ကို တည်ဆောက်သွားမည်ဖြစ်ပြီး ပြည်ပနိုင်ငံအထိရောက်ရှိဖို DHL က တာဝန်ယူပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ငွေပေးချေမှုအတွက် ပြည်ပမှ ဝယ်ယူသူက Visa, Master Union Pay စသည့် ကတ်စနစ်များဖြင့် ငွေပေးချေရမည်ဖြစ်ပြီး CB ဘဏ် မှ ဝယ်သူထံသို့ ပစ္စည်းရောက်ပြီး ကျေနပ်မှုရှိလျှင် ရောင်းချသူကို ငွေပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းသည် တစ်ပိုင် တစ်နိုင်လုပ်ကိုင်သည့် မြန်မာ့လက် မှုပစ္စည်းများ၊အသေးစားနှင့်အလတ် စားလုပ်ငန်းများကို ပြည်ပမှသိရှိ ကာ ဝယ်ယူနိုင်မည်ဖြစ်ပြီး နိုင်ငံ ခြားဝင်ငွေရရှိဖို့ကိုလည်းအထောက် အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သိရ သည်။လုပ်ငန်းစဖို့က ကုမ္ပဏီလုပ် ငန်းသုံးခုပေါင်းလုပ်ဆောင်ရခြင်း ဖြစ်ကြောင်းနှင့် မည်သည့်အချိန်မှ စတင်မည်ကို နောက်နှစ်လအတွင်း ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။