images
UN
UN
ဖောက်ထွင်းခိုးမှုများဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများစိုးရိမ်နေ
မလှိုင်သား Sunday, 04 November 2018
မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာခရိုင် မလှိုင်မြို့မရဲစခန်း နယ် မြေ အမှတ်(၁)ရပ်ကွက်ကြီး (၆) မလှိုင်မြို့မ စည်ပင်သာယာဈေး ကြီး၏မြောက်ဘက်လမ်းရှိ ဖုန်း အရောင်းဆိုင်တစ်ဆိုင် ယမန်နေ့ည ပိုင်းတွင် ဖောက်ထွင်းခံရကြောင်း ဆိုင်ရှင်ထံမှ သိရသည်။
''မနေ့ညပိုင်းက ကျွန်တော်ရဲ့ ဆိုင်မှာ သွယ်တန်းထားတဲ့လျှပ်စစ် မီးကြိုးကိုဖြတ်ပြီး ဆိုင်ရဲ့သံတံခါး ကိုဖြတ်ကာ ကာရံထားတဲ့သွပ်ပြား တွေကိုခွာထားတယ်။ ကျွန်တော် တို့ မနက်ဆိုင်လာဖွင့်တဲ့အချိန်မှ တွေ့ရတာပါ။ ဖောက်ထွင်းခိုး ယူမယ့်သူက ဖောက်ထွင်းပစ္စည်း တွေဖြစ်တဲ့ ပလာယာ၊ ဝက်အူလှည့် တွေကိုတော့ ဆိုင်ရှေ့မှာ တွေ့ရ တာကြောင့် ရဲစခန်းကို ဖုန်းဆက် ပြီး ရဲစခန်းမှ တာဝန်ရှိသူတွေက ဖောက်ထွင်းခိုးယူသူ၏ ကျန်ခဲ့တဲ့ ပစ္စည်းတွေနဲ့ ဆိုင်ကိုဖောက်ထွင်း ထားတဲ့အချက်အလက်တွေကိုမှတ် တမ်းတင်သွားပါတယ်။ ဆိုင်ထဲ က ပစ္စည်းတွေတော့ ပျောက်ဆုံး ခြင်းမရှိပါဘူး။ နောက်နောင် ဒီလို မျိုးဖြစ်မှာတော့ စိုးရိမ်မိပါတယ်'' ဟု ဆိုင်ရှင်ဖြစ်သူကပြောသည်။
မလှိုင်မြို့မှာ မကြာခဏဆို သလို ဖုန်းဆိုင်တွေ၊ ဆိုင်ကယ် တွေခိုးယူခံနေရတယ်။ မကြာသေး တဲ့ရက်ပိုင်းကဆိုရင် မလှိုင်မြို့ရှိဝန် ထမ်းအိမ်ရာထဲမှာဆိုင်ကယ်ခိုးယူ သွားတဲ့ဖြစ်စဉ်တွေ အလားတူ မလှိုင်ပြည်သူဆေးရုံမှာလာရောက် ဆေးကုသသည့် လူနာရှင်များ၊ မြို့နယ် ဆရာဝန်ကြီး၏ လက်ကိုင် ဖုန်းများ၊ မကြာခဏ ဆိုသလိုခိုး ယူမှု၊ဖုန်းဆိုင်များဖောက်ထွင်းခံရမှု တွေဖြစ်ပေါ်နေပါတယ်။ ယမန်နေ့ ညကလည်း ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရတယ်လို့သိရတယ်။ ဒါဟာမဖြစ်သင့်ပါဘူး။ ဒီလိုမျိုး ဖြစ်စဉ်တွေဖြစ်ခဲ့ရင်လည်း အမှုက မပေါ်တာများတယ်။ အလားတူ မလှိုင်မြို့မ စည်ပင်သာယာဈေး ကြီးပတ်လမ်းတွေမှာလည်း ညဆို လျှပ်စစ်မီးက မလင်းတာလည်း ပါတာပေါ့။ ဒီလိုမီးမလင်းတာကို အကြံသမားတွေက အခွင့်ကောင်း ယူပြီး ခိုးမှုတွေ ကျူးလွန်နေတာလို့ ထင်ပါတယ်။
အခုဆိုရင် ကျွန်တော့်လို ပြည် သူတွေက ညဘက်တောင်ခေါင်း ပြားအောင် မအိပ်ရဲအောင်ဖြစ်နေ တာ။ ဒါကြောင့် သက်ဆိုင်ရာတာ ဝန်ရှိသူများအနေဖြင့် ထိထိရောက် ဆောင်ရွက်စေချင်ပါတယ်''ဟု မလှိုင်မြို့ရှိ ပြည်သူများထံမှ သိရ သည်။