images
UN
UN
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးရတာအဆင်ပြေတယ် ဒီအစိုးရလက်ထက်မှာငြိမ်းချမ်းရေးအစည်းအဝေးလုပ်တယ်တွေ့ဆုံပြီးပြန်တာပဲရှိတယ်ရင်းနှီးမှုမတည်ဆောက်နိုင်ဘူး
သက်ပိုင် Sunday, 04 November 2018
လက်ရှိရှိနေတဲ့ ဗိုလ်ချုပ်တွေကိုမေးကြည့်ပါ။KNU နဲ့ မတိုက်ဖူးတဲ့လူမရှိပါဘူး။ ဒါကြောင့် ရန်သူဟောင်းတွေဖြစ် ပေမယ့် တစ်ယောက်အကြောင်းကို တစ်ယောက်သိပြီး ငြိမ်းချမ်းရေးဆွေးနွေးရတာဖြစ်တဲ့အတွက် အရင်အစိုးရလက်ထက် မှာအဆင်ပြေပါတယ်။ ဒီအစိုးရလက်ထက်မှာတော့ ပုံမှန်တွေ့ဆုံပြီး ပြန်သွားတာတွေပဲရှိနေပါတယ်ဟုဆိုသော ကရင် အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် အယ်ဒီတာအဖွဲ့မှ ဆက်သွယ်မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မေး။ KNU အဖွဲ့အနေနဲ့လက်ရှိငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေကို မတက်ဘူး။ ယာယီရပ်ဆိုင်းမယ်ဆိုတာ ဘယ် လိုကြောင့်ဖြစ်လာခဲ့တာလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ယာယီရပ်
ဆိုင်းတဲ့ကိစ္စကတော့ အောက်တို ဘာ ၁၅၊ ၁၆က ထိပ်သီးခေါင်းဆောင် တွေတွေ့ကြတယ်။ အဲဒီလိုတွေ့ကြတဲ့ အခါ အဲဒီကသဘောထားတွေကို KNU ထဲမှာ ပြန်ပြီးချမပြရသေးဘူး။ ကျွန်တော် တို့ အဖွဲ့အစည်းရဲ့အစဉ်အလာက အဲ့ဒီလို နိုင်ငံရေးဆုံတွေ့မှုအကြီး ကြီးတွေကြရင် အဖွဲ့အစည်းမှာ ပြန်ချပြတယ်။ ဗဟိုကော် မတီရဲ့ သဘောထား၊EC ရဲ့သဘော ထားတွေယူပြီးတော့မှ အကြံပြုချက်တွေ၊ ဝေဖန်မှုတွေယူရတယ်။ ပြီးတော့မှ အဖွဲ့ အစည်းရဲ့ ဆုံးဖြတ်ချက်သဘောထားဆို တာရယူတယ်။ အဲဒီလိုရယူပြီးတော့ ရှေ့ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ချက် ချတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အဖွဲ့ အစည်းထဲမှာ အခုကိစ္စကို ချပြနိုင်ခြင်း မရှိသေးတဲ့အတွက် ယာယီရပ်ဆိုင်းတာ ဖြစ်ပါတယ်။

မေး။ ဖထီးတို့ဆီက ယာယီရပ်ဆိုင်းမယ် ဆိုတဲ့လျှို့ဝှက်စာကဘယ်လိုကြောင့် အွန်လိုင်းပေါ်မှာ ပြန့်သွားတာလဲ ဆိုတာ သိချင်ပါတယ်။

ဖြေ။ ဒီစာနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်
မှာပျံ့နှံ့တာကတော့ အစိုးရအဖွဲ့ကို သွားမေးတာက ပိုပြီးအကောင်းဆုံးပါ။ နိုင်ငံတော်အတိုင်ပင်ခံရုံးကို ကျွန်တော် တို့ကပေးပို့တာပဲ။ အဲဒီကနေ ပေါက် ကြားတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဒီမေးခွန်းက အစိုးရကိုမေးတာ။ ပိုသင့် တော်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖြေ လို့မရပါဘူး။

မေး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အရပ် သားအစိုးရနှစ်ရပ်ဖြစ်ခဲ့ဖူးတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ ဒေါ် အောင်ဆန်းစုကြည်အစိုးရလက် ထက်ပါ။ အဲဒီအစိုးရနှစ်ရပ်လက် ထက်မှာ ဖထီးတို့အနေနဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲလုပ်ရတဲ့အခါ ဘယ် လက်ထက်မှာ အားနည်းချက် အား သာချက်တွေ ဘယ်လိုရှိတယ်ဆို တာ သုံးသပ်ပေးစေချင်ပါတယ်။


ဖြေ။ အစိုးရနှစ်ရပ်ရဲ့ အားနည်းချက်၊
အားသာချက် ဆိုတာကတော့ သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာ ဆွေးနွေးရတာ အင်မတန်မှ အဆင်ပြေပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တို့နဲ့ သူတို့က ရန်သူဟောင်းတွေပါ။ အခု လက်ရှိရှိနေတဲ့ဗိုလ်ချုပ်တွေဆိုတာ ကရင် နဲ့ မတိုက်ဖူးတဲ့သူတစ်ဦးမှ မရှိဘူး။ ဒါကြောင့် ရန်သူဟောင်းတွေဆိုတော့ အရင်တုန်းက တစ်ယောက်အကြောင်း တစ်ယောက်က သိအောင်ကြိုးစားရ တယ်။ အဲဒီလိုလုပ်ရတဲ့အတွက် ကျွန် တော်တို့အချင်းချင်း မိတ်ဆွေဖြစ်ရတာ အတော်လွယ်ပါတယ်။ ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးအရလည်း ခင်မင်သလို အဖွဲ့ အစည်းအရလည်းခင်မင်ပါတယ်။ ပြောရ ဆိုရတဲ့နေရာမှာလည်း အင်မတန်မှ ပွင့်လင်းပါတယ်။ သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာ NCA ဖြစ်အောင် လုပ်ခဲ့ တာ နည်းတဲ့ကြိုးပမ်းချက်မှမဟုတ်တာ။ ခက်ခဲတဲ့ကိစ္စတစ်ခုကို စားပွဲဝိုင်းပေါ် ရောက်အောင် လုပ်ခဲ့တဲ့ခေါင်းဆောင်မှု က နည်းတဲ့အရည်အချင်းမဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့လက်နက်ကိုင်အဖွဲ့ အားလုံးက အသိအမှတ်ပြုပါတယ်။ ဒီအစိုးရလက်ထက်ကို ပြောရမယ်ဆိုရင် တော့ ပထမဦးဆုံးအချက်ကတော့ ရင်း နှီးမှုမရှိဘူး။ ရင်းနှီးတဲ့ဆက်ဆံရေးလည်း သူတို့မထူထောင်နိုင်ဘူး။ ဒါဟာ သူတို့ရဲ့ အားနည်းချက်တစ်ချက်ပါ။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းကတော့ တကူးတက ကျွန်တော်တို့ကိုဖိတ်တယ်။ ရင်းနှီးမှုကို ထူထောင်တယ်။ ယုံကြည် မှုကို ရအောင်တည်ဆောက်နိုင်တယ်။ ငြိမ်းချမ်းရေးကို အပြည့်မရတာတောင် အထိုက်အလျောက်တော့ ရအောင်ထူ ထောင်နိုင်တယ်။ ဒါတွေက အားသာ ချက်တွေပါ။ အခုအစိုးရလက်ထက်က တော့ အစည်းအဝေးတွေမှာ ကျွန်တော် တို့ပုံမှန်တွေ့ကြတယ်။ ပြောကြဆိုကြ တယ်။ ပြီးရင် ပြန်သွားကြတယ်။ ပုဂ္ဂိုလ် ရေးအရ ရင်းနှီးမှု၊ အဖွဲ့အစည်းအရ ရင်းနှီးတဲ့ဆက်ဆံရေးထူထောင်နိုင်ဖို့ ဆိုတာတွေ လုပ်ဆောင်တာမရှိပါဘူး။


မေး။ သမ္မတကြီးဦးသိန်းစိန် လက်ထက် က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ်ရောက်အောင် ဖိတ် ခေါ်ခဲ့တယ်။ အဲဒီလိုဖိတ်ခေါ်တဲ့ နေရာမှာ ခွဲမထွက်ရဆိုတဲ့မူကလွဲ လို့ တခြားကိစ္စတွေကို ဆွေးနွေး လို့ရတယ်ဆိုပြီးစာတွေပေးပို့တယ် ဆိုတာသိရတယ်။ အခုကျမှ ဘယ် လိုကြောင့် ခွဲထွက်ဖို့ကိစ္စတွေဖြစ် လာလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်
မှာခွဲမထွက်ရဆိုတဲ့ စာကိုပို့တယ်ဆို တာတော့ ကျွန်တော့်အနေနဲ့ အမှတ်မရပါ ဘူး။ ဖိတ်ခေါ်တဲ့နေရာမှာလည်း စည်း ကမ်းချက်သတ်မှတ်ထားတာတွေတစ်ခုမှ မရှိပါဘူး။ ကျွန်တော်တို့တွေ့ကြမယ်။ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတာ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၆ ရက်မှာ သမ္မတကြီးဦးသိန်းစိန်ရဲ့တိုင်းပြည်ကိုကမ်း လှမ်းချက်၊တိုင်းရင်းသားတွေကို ငြိမ်းချမ်း ရေးကမ်းလှမ်းချက်ဆိုပြီး အဲဒီလိုပါပါ တယ်။ကျွန်တော်တို့ကိုကြိုတင်စည်းကမ်း သတ်မှတ်ချက်မထားဘဲ တိုင်းပြည်ရဲ့ငြိမ်း ချမ်းရေးကို ပြန်လည်တည်ဆောက်ကြရ အောင်ဆိုပြီးတော့ ဖိတ်ခေါ်ခဲ့တယ်ဆိုတာ ကိုတော့ ကျွန်တော် မှတ်မိပါတယ်။

မေး။ လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေနဲ့ပတ်သက်ပြီး ဖထီးအနေနဲ့ ဘာများမှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။ ငြိမ်းချမ်းရေးတည်ဆောက်မှုက
အခုမှ တည်ဆောက်တာပါ။ ကျွန် တော်တို့တိုင်းပြည်က နှစ်ပေါင်း ၆ဝ ကျော် ၇ဝ နီးပါး ပဋိပက္ခ၊ ငြိမ်းချမ်းရေး လုပ်တာငါးနှစ်ကျော် ခြောက်နှစ်ပဲ ရှိပါ သေးတယ်။ ဆယ်စုနှစ်တောင်မရှိသေးပါ ဘူး။ ဒါကြောင့် အခက်အခဲတွေကတော့ ကြုံနေဦးမှာပါပဲ။ အဲဒီမှာ စိတ်မပျက်ဖို့ က အဓိကလိုပါတယ်။ အားမလျှော့ဖို့ လည်း လိုပါတယ်။ အခုဖြစ်နေတာတွေ ကလည်း အခက်အခဲတွေ စိန်ခေါ်မှုတွေ ပါ။ ဒါကို ကျော်လွှားနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ကတော့ စိတ်မပျက်ပါဘူး။ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပတ်သက် လို့လည်း နိုင်ငံတကာမှာ ကျွန်တော်တို့ လေ့လာထားတာလည်း ဒီအတိုင်းပါပဲ။ အရေးကြီးတာက နောက်ကြောင်းပြန် မသွားဖို့လိုတယ်။ ငြိမ်းချမ်းရေးဆိုတဲ့ခရီး ကတော့ သမ္မတကြီးဦးသိန်းစိန်လက် ထက်မှာ ခြေလှမ်းတစ်လှမ်းစတင်ခဲ့ တယ်။ ဘယ်လောက်ပဲဝေးဝေး ခြေလှမ်း တစ်လှမ်းကနေပဲစရတာဆိုတော့ ကျွန် တော်တို့ အနေနဲ့ကတော့ ရှေ့ဆက်သွား မယ်။ ကရင်အမျိုးသား အစည်းအရုံး (KNU) အနေနဲ့ကတော့ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုတာကိုတော့ ကွန်ဂ ရက်ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။ တစ်နည်း အားဖြင့်ပြောရရင် ကရင်တစ်မျိုးသားလုံး ရဲ့ဆန္ဒ၊ သဘောထားတွေလည်း ဖြစ် တယ်။ ဒါကြောင့် ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးကို ဘယ်လိုအခက်အခဲနဲ့ပဲ တွေ့ကြုံပါစေ မမှိတ်မသုန်ဘဲနဲ့ ငြိမ်းချမ်း ရေး ရှေ့ဆက်မယ့်ခရီး ဆက်သွားမယ် ဆိုတာကို အဓိကပြောချင်ပါတယ်။